စီးတီးကို ဘရန့်ဖို့ဒ် က ဂိုးတော့ သွင်းမယ် ဆိုတဲ့ ဘီဘီစီ ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ခန့်မှန်းချက်

မန်စီးတီး အသင်းက ဒီအပတ် ဘရန့်ဖို့ဒ်နဲ့ ကန်ရမှာ ဖြစ်ပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီပွဲကစားမယ့် အချိန် ကတော့ လာမယ့် တနင်္လာနေ့ည ၂နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန် ကတော့ ဘရန့်ဖို့ဒ်နဲ့ မန်စီးတီး ပွဲ ရလဒ် ဘယ်လိုထွက်မလဲ ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
မနှစ်ကရာသီ နှစ်ကျော့လုံးကို ဘရန့်ဖို့ဒ် က အနိုင်ရခဲ့ပါတယ်။ သူတို့က တိုတောင်းတဲ့ ၂ ပတ်ဆိုတဲ့ ကာလအတွင်း ၂ ကြိမ် ထိပ်တိုက်တွေ့ကြမှာပါ။
ဘရန့်ဖို့ဒ် က မန်စီးတီးကို ထပ်ပြီး အနိုင်ယူနိုင်မယ် မထင်ပါဘူး။ မန်စီးတီးမှာ ဟာလန်း ဒဏ်ရာကနေ ပြန်သက်သာလာနေတယ်။ မကြာခင်မှာ သူ့ထံကနေ သွင်းဂိုးတွေ ပြန်မြင်ရပါလိမ့်မယ်။ သူက ဂိုးတွေ အများကြီးရထားပေမယ့် ဒဏ်ရာက ပြန်သက်သာလာရာမှာတော့ အရှိန်တင်နိုင်ဖို့ လိုအပ်တာ ရှိနိုင်ပါတယ်။
ဘရန့်ဖို့ဒ် က ဒီပွဲ ဂိုးရမှာပါ ဘာလို့လဲဆိုတော့ ဒီတလော စီးတီးနဲ့ တွေ့တဲ့ အသင်းတိုင်းက ဂိုးတွေ သွင်းနိုင်နေပါတယ်။ ဘန်လေတောင်မှ စီးတီးဘက်က ဂိုးသွင်းနိုင်ပါတယ်။ ဒါပေမယ့် စီးတီးကတော့ ပိုသွင်းနိုင်တာပေါ့။
ဒီအခြေအနေမှာ ဂွာဒီယိုလာရဲ့ အသင်းက ထိရောက်မှုတွေ သိပ်ကောင်းနေတယ်။ ဘရန့်ဖိုဒ့်ဘက်က ကြိုးစားမယ် ဆိုပေမယ့် အလုပ်ဖြစ်မယ်တော့ မထင်ပါဘူး။
ဆက်တန် ရဲ့ ခန့်မှန်းရလဒ်
ဘရန့်ဖို့ဒ် ၁-၃ မန်ချက်စတာ စီးတီး။