အနုပညာနဲ့ပတ်သက်လာရင် ပေးဆပ်သူ ဖြစ်ချင်တာပါ ဆိုတဲ့ မင်းသား နေတိုးနဲ့ ခဏတာ

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၃က်နေ့ ညပိုင်းက နေပြည်တော် MICC(1) ကျောက်စိမ်းခန်းမတွင် ခမ်းနားထည်ဝါစွာ ကျင်းပခဲ့သည်။

ထူးချွန်ဆုပေးပွဲအတွင်း ရုပ်ရှင်ထူးချွန်ဆု (၉) ဆု၊ ရုပ်ရှင်တစ်သက်တာဆု (၃) ဆုနဲ့ ဝတ်စားဆင်ယင်မှုဆု (၄) ဆု အသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ အမျိုးသား ထူးချွန်ဆု ရရှိသူတွေထဲတွင် မင်းသားကြီး ရန်အောင်နှင့် Hip Hop အဆိုတော် နေဝင်းတို့ ရရှိခဲ့ကြသည်။

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြင့်ပွဲ အခမ်းအနားသို့တက်ရောက်လာ‌သော အကယ်ဒမီ မင်းသား နေတိုးက

“အနုပညာနဲ့ပတ်သက်လာရင် ကိုယ်ကပေးပဲပေးချင်တာဆိုတော့ ကိုယ်အကယ်ဒမီရသွားခဲ့တဲ့ နှစ်တွေဆိုရင် တခြားမရသွားတဲ့ သူတွေအတွက် အားနာမိတယ်..” ဆိုကာ သူ့ရဲ့ ခံစားချက်ကို အထက်ပါအတိုင်း ထုတ်ပြောလာခဲ့သည်။