ဒီည ဘရန့်ဖို့ဒ် – မန်စီးတီး ပွဲစဉ် အတွက် ပေါမာဆန်၊ ခရစ်ဆက်တန်နဲ့ ဘာဘာတော့ဗ် တို့ ဘယ်လို ခန့်မှန်းထားသလဲ
မန်စီးတီး အသင်းက ဒီည ပရီးမီးယားလိဂ် ပွဲ အဖြစ် ဘရန့်ဖို့ဒ်နဲ့ ကန်ရမှာ ဖြစ်ပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကစားမယ့် အချိန် ကတော့ ဒီ တနင်္လာနေ့ည ၂နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်
ဘရန့်ဖိုဒ့်ရဲ့ ပွဲတွေက သိပ်ကြပ်လွန်းပါတယ်။ အဲ့တာ သူတို့အတွက် မကောင်းပါဘူး။ သူတို့က တန်းဆင်းဇုန် တိုက်ပွဲကြား ဆွဲချခံနေရတယ်။ ဒီပွဲမှာလည်း ပြိုင်ဘက်တွေကို ဆက်တိုက် အနိုင်ယူနေတဲ့ မန်စီးတီးကို တားဆီးနိုင်မယ့်ပုံ မပေါ်ပါဘူး။ ဒီဘရိုင်းနဲ့ ဟာလန်းတို့ ပြန် သက်သာလာပြီ ဖြစ်တာကြောင့် မန်စီးတီးအတွက် လွယ်ကူတဲ့ နိုင်ပွဲဖြစ်သင့်ပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ် ။ ။ ဘရန့်ဖို့ဒ် ၁-၃ မန်ချက်စတာ စီးတီး
ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
မနှစ်ကရာသီ နှစ်ကျော့လုံးကို ဘရန့်ဖို့ဒ် က အနိုင်ရခဲ့ပါတယ်။ သူတို့က တိုတောင်းတဲ့ ၂ ပတ်ဆိုတဲ့ ကာလအတွင်း ၂ ကြိမ် ထိပ်တိုက်တွေ့ကြမှာပါ။
ဘရန့်ဖို့ဒ် က မန်စီးတီးကို ထပ်ပြီး အနိုင်ယူနိုင်မယ် မထင်ပါဘူး။ မန်စီးတီးမှာ ဟာလန်း ဒဏ်ရာကနေ ပြန်သက်သာလာနေတယ်။ မကြာခင်မှာ သူ့ထံကနေ သွင်းဂိုးတွေ ပြန်မြင်ရပါလိမ့်မယ်။ သူက ဂိုးတွေ အများကြီးရထားပေမယ့် ဒဏ်ရာက ပြန်သက်သာလာရာမှာတော့ အရှိန်တင်နိုင်ဖို့ လိုအပ်တာ ရှိနိုင်ပါတယ်။
ဘရန့်ဖို့ဒ် က ဒီပွဲ ဂိုးရမှာပါ ဘာလို့လဲဆိုတော့ ဒီတလော စီးတီးနဲ့ တွေ့တဲ့ အသင်းတိုင်းက ဂိုးတွေ သွင်းနိုင်နေပါတယ်။ ဘန်လေတောင်မှ စီးတီးဘက်က ဂိုးသွင်းနိုင်ပါတယ်။ ဒါပေမယ့် စီးတီးကတော့ ပိုသွင်းနိုင်တာပေါ့။
ဆက်တန် ရဲ့ ခန့်မှန်းရလဒ်။ ။ ဘရန့်ဖို့ဒ် ၁-၃ မန်ချက်စတာ စီးတီး။
ဘာဘာတော့ဗ်ရဲ့ ပွဲကြို သုံးသပ်ချက်
ဘရန့်ဖိုဒ့်က အသင်းတွေကို အံ့အားသင့်အောင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် စီးတီးတို့ ရှုံးမှာ မဟုတ်ပါဘူး။ သရေဆိုရင်တောင် မန်စီးတီးတို့အတွက် စိတ်ပျက်စရာ ရလဒ် ဖြစ်လာပါလိမ့်မယ်။
လက်ရှိမှာ မန်စီးတီးက သိပ်ကောင်းနေဆဲဖြစ်သလို ဒီဘရိုင်းနဲ့ ဟာလန်းတို့ကလည်း ပြန်လာပါပြီ။ ကျနော်ကတော့ စီးတီးပဲ အနိုင်ရမယ်လို့ ထင်ပါတယ်။
ဘာဘာတော့ဗ် ခန့်မှန်းရလဒ် ။ ။ ဘရန့်ဖို့ဒ် ဝ-၂ မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။