ဖာနန်ဒက်စ် စာချုပ်ပါ အချက်များ၊ ဝုဗ်တိုက်စစ်မှူးကို ပစ်မှတ်ထားခြင်းနဲ့ ယူနိုက်တက် ညနေခင်းသတင်းများ

ယူနိုက်တက်ဟာ လာမယ့်နွေမှာ ပေါ့ဘာကို ရောင်းချပြီး ၎င်းရဲ့အေးဂျင့် ရွိုင်းအိုလာနဲ့ ပတ်သတ်မှုတွေကို တပါတည်း ဖြတ်တောက်သင့်ပြီ ဖြစ်ကြောင်း ခံစစ်မှူးဟောင်း ပေါလ် ပါကာက တိုက်တွန်းလိုက်ပါတယ်။

ဝုဗ်အသင်းမှ အသက် ၂၃ နှစ် အရွယ် တိုက်စစ်မှူး ဒီရိုဂို ဂျိုတာကို မန်ချက်စတာ ယူနိုက်တက်က စိတ်ဝင်စားနေပြီး လာမယ့်နွေ တိုက်စစ် အင်အားဖြည့်ချိန်မှာ ခေါ်ယူဖို့ ကြံရွယ်နေပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်နွေမှာ ဆန်ချို၊ ကူလီဘိုင်လေနဲ့ ဂရေးလစ်ချ်တို့ သုံးယောက် အတွက် ပေါင် သန်း ၂၅၀ လောက်ထိ သုံးပြီး အင်အားဖြည့်လိုက်ရင် ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ ထိပ်သီးအသင်း ပြန် ဖြစ်လာမယ်လို့ ရော်ဘီ ဆားဗေ့ချ်က တိုက်တွန်းလိုက်ပါတယ်။

လီဗာပူးနဲ့ မန်စီးတီး တို့လိုမျိုး ပရီးမီးယားလိဂ်မှာ လွှမ်းမိုးထားနိုင်တဲ့ အဆင့် ပြန်ရောက်ဖို့ ယူနိုက်တက် လိုအပ်နေတာက ပုံစံကောင်း ရလဒ်ကောင်း များ ကို တောက်လျောက် တည်ငြိမ်စွာ ထိန်းသိမ်းထားဖို့ပဲ ဖြစ်တယ်လို့ တိုက်စစ်မှူးဟောင်း ဗန်ပါစီက အကြံပြုလိုက်ပါတယ်။

ဖာနန်ဒက်စ် ကို ယူနိုက်တက် ဝယ်ယူစဉ်က စာချုပ်ပါ အချက်အလက်များ ထွက်ပေါ်လာရာ ပြောင်းရွှေ့ကြေး ပေါင် ၄၆ သန်း ပေးချေခဲ့ရတာ ဖြစ်ပြီး အပို ဆုကြေးငွေ ပေါင် ၂၁ သန်းထိ ပေးရဖို့ ရှိသေးကြောင်း သိရပါတယ်။

ယူနိုက်တက်မှာ ဘရူနို ဖာနန်ဒက်စ် မြန်မြန် အထိုင်ကျအောင် ကူညီပေးခဲ့ကြသူတွေက ဖရက်၊ ပါရဲရားနဲ့ ဒါလော့တို့ ဖြစ်ကြောင်း ကွင်းလယ် သမား မာတာက ဖွင့်ဟခဲ့ပါတယ်။ ၎င်းတို့ဟာ စပိန်နဲ့ ပေါ်တူဂီစကား နှစ်မျိုးလုံး ပြောကြသူတွေ ဖြစ်လို့ ပို ပြောဆို ဆက်သွယ်မှုတွေ ရှိကြတယ်လို့ သိရပါတယ်။

Zawgyi – ယူနိုက္တက္ဟာ လာမယ့္ေႏြမွာ ေပါ့ဘာကို ေရာင္းခ်ျပီး ၄င္းရဲ႕ေအးဂ်င့္ ရြိဳင္းအိုလာနဲ႕ ပတ္သတ္မႈေတြကို တပါတည္း ျဖတ္ေတာက္သင့္ျပီ ျဖစ္ေၾကာင္း ခံစစ္မွဴးေဟာင္း ေပါလ္ ပါကာက တိုက္တြန္းလိုက္ပါတယ္။

၀ုဗ္အသင္းမွ အသက္ ၂၃ နွစ္ အရြယ္ တိုက္စစ္မွဴး ဒီရိုဂို ဂ်ိဳတာကို မန္ခ်က္စတာ ယူနိုက္တက္က စိတ္၀င္စားေနျပီး လာမယ့္ေႏြ တိုက္စစ္ အင္အားျဖည့္ခ်ိန္မွာ ေခၚယူဖို႕ ၾကံရြယ္ေနပါတယ္။

မန္ခ်က္စတာယူနုိက္တက္ဟာ လာမယ့္ေႏြမွာ ဆန္ခ်ိဳ၊ ကူလီဘိုင္ေလနဲ႕ ဂေရးလစ္ခ်္တို႔ သံုးေယာက္ အတြက္ ေပါင္ သန္း ၂၅၀ ေလာက္ထိ သံုးျပီး အင္အားျဖည့္လိုက္ရင္ ဆုဖလားေတြကို စိန္ေခၚနုိင္တဲ့ ထိပ္သီးအသင္း ျပန္ ျဖစ္လာမယ္လို႔ ေရာ္ဘီ ဆားေဗ့ခ်္က တိုက္တြန္းလိုက္ပါတယ္။

လီဗာပူးနဲ႕ မန္စီးတီး တို႔လိုမ်ိဳး ပရီးမီးယားလိဂ္မွာ လႊမ္းမိုးထားနုိင္တဲ့ အဆင့္ ျပန္ေရာက္ဖို႔ ယူနိုက္တက္ လိုအပ္ေနတာက ပံုစံေကာင္း ရလဒ္ေကာင္း မ်ား ကို ေတာက္ေလ်ာက္ တည္ျငိမ္စြာ ထိန္းသိမ္းထားဖို႔ပဲ ျဖစ္တယ္လို႕ တိုက္စစ္မွဴးေဟာင္း ဗန္ပါစီက အၾကံျပဳလိုက္ပါတယ္။

ဖာနန္ဒက္စ္ ကို ယူနိုက္တက္ ၀ယ္ယူစဥ္က စာခ်ဳပ္ပါ အခ်က္အလက္မ်ား ထြက္ေပၚလာရာ ေျပာင္းေရႊ႕ေၾကး ေပါင္ ၄၆ သန္း ေပးေခ်ခဲ့ရတာ ျဖစ္ျပီး အပို ဆုေၾကးေငြ ေပါင္ ၂၁ သန္းထိ ေပးရဖို႔ ရွိေသးေၾကာင္း သိရပါတယ္။

ယူနုိက္တက္မွာ ဘရူနို ဖာနန္ဒက္စ္ ျမန္ျမန္ အထိုင္က်ေအာင္ ကူညီေပးခဲ့ၾကသူေတြက ဖရက္၊ ပါရဲရားနဲ႕ ဒါေလာ့တို႔ ျဖစ္ေၾကာင္း ကြင္းလယ္ သမား မာတာက ဖြင့္ဟခဲ့ပါတယ္။ ၄င္းတို႔ဟာ စပိန္နဲ႕ ေပၚတူဂီစကား နွစ္မ်ိဳးလံုး ေျပာၾကသူေတြ ျဖစ္လို႔ ပို ေျပာဆို ဆက္သြယ္မႈေတြ ရွိၾကတယ္လို႔ သိရပါတယ္။