အရင် အကယ်ဒမီပွဲတွေက ပိုပျော်ဖို့ ကောင်းကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့တဲ့ မင်းသားနေတိုး

(၂၀၂၃) ခုနှစ်ရဲ့ “ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု‌ပေးပွဲ အခမ်းအနား အကယ်ဒမီ ဆုပေးပွဲကြီး ” မှာ မင်းသားနေတိုးလည်း တက်ရောက်ခဲ့ပါတယ်။

၂၀၂၃ မှာ မင်းသားနေတိုးရဲ့ (Never Give Up , အချိန်လွန် မိုး) စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရုံတင်ပြသထားခဲ့တာပါ။ ပရိသတ်တွေဘက်က ခန့်မှန်းပေးခဲ့ကြပေမယ့် ဒီနှစ်မှာ မင်းသားနေတိုး အကယ်ဒမီဆုနဲ့ ဝေးခဲ့ရပါတယ်။

ပွဲကြိုမှာ မင်းသားနေတိုးကတော့ ‘ဒီနှစ် အကယ်ဒမီက မတွေ့ရတဲ့ အနုပညာရှင်တွေနဲ့ ပြန်တွေ့ရလို့ ပျော်ပါတယ်။ ဒီနှစ်မှာ ရုပ်ရှင်ကားတွေ သိပ်မများတော့ သူငယ်ချင်းတွေ သိပ်မဆုံတော့ဘူး။ အရင် အကယ်ဒမီပွဲတွေက ပိုပျော်ဖို့ ကောင်းတယ်’ လို့ သူ့ရဲ့ ခံစားချက်ကို ဖွင့်ဟခဲ့ပါတယ်။

ဒီနှစ်တွေထဲမှာလည်း မင်းသားနေတိုး ပါဝင်တဲ့ ကားကြီးတချို့ ရုံတင်ဖို့ ရှိနေသေးတယ်လို့ သိထားရပါတယ်။