မင်းသားနေတိုး ပြောပြလာတဲ့ မိသားစု Vlog လေးတွေ ရိုက်ဖြစ်နေတဲ့ အကြောင်းရင်း
February 7, 2024 | No Comments

မင်းသားနေတိုးက သားငယ်လေး ဂုဏ်ရှိန်တိုး အပါအဝင် မိသားစု Vlog လေးတွေ ဘာကြောင့် ရိုက်ဖြစ်နေသလဲ ဆိုတာကို ရှင်းပြလာခဲ့ပါတယ်။
‘သားလေး ငယ်သေးတဲ့ အချိန်မှာ မှတ်တမ်းအနေ နဲ့ မိသားစု Vlog တွေ ရိုက်တင်ဖြစ်ပါတယ်။
အမျိုးသမီးက ဖက်ရှင် နဲ့ ပတ်သက်ပြီး ဝါသနာကြီးပေမယ့် သရုပ်ဆောင် လုပ်ဖို့က မလွယ်သေးပါဘူး’ လို့ ပြောလာတဲ့ နေတိုး နှင့် ခဏတာ။
မင်းသားနေတိုးဟာ ၂၀၂၄ မှာလည်း ရုပ်ရှင်ကားကြီး အချို့ကို ရိုက်ကူးနေသလို အခြားသော လှုပ်ရှားမှုအဖြစ်သော စီးပွားရေးဆိုင်ရာ အလုပ် လက်ခံမှုတွေရှိပြီး ဆိုင်မိတ်ဆက်ပွဲတွေကို တက်ရောက်ပေးနေတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။