ဘရာဇီး တိုက်စစ်မှူး ဆာဗီယိုကို လက်မှတ်ထိုး ခေါ်ယူလိုက်ပြီ ဖြစ်တဲ့ မန်စီးတီး

မန်စီးတီးအသင်း ဟာ ထရိုယက်စ်မှ ဘရာဇီးယူ-၂၀ လက်ရွေးစင် တိုက်စစ်မှူး ဆာဗီယိုအား လက်မှတ်ထိုး ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။
ဆာဗီယို ဟာ ဘရာဇီးယူ-၁၅ အသင်းနှင့်အတူ ၂၀၁၉ ခုနှစ် တောင်အမေရိကယူ-၁၅ ချန်ပီယံဖြစ်ခဲ့သူဖြစ်ပြီး ထိုစဉ်က ၄ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
မန်စီးတီးကို ပိုင်ဆိုင်တဲ့ City Football Group ဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လတုန်းက ၎င်းတို့ပိုင် ထရိုယက်စ် အသင်းအတွက် ဘရာဇီးကလပ် အက်သလက်တီကိုမီနိုင်းရိုးမှ ယူရို ၆.၅ သန်းအပြင် ယူရို ၆ သန်းအပိုဆုကြေးငွေ ပေးမဲ့ အချက်ဖြင့် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဆာဗီယိုဟာ ယင်းကာလအတွင်းမှာ ပီအက်စ်ဗွီ၊ ဂီရိုနာသို့ အငှားဖြင့် ကစားခဲ့ပါတယ်။
သူဟာ ယခုရာသီတွင် လာလီဂါချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတဲ့ ဂီရိုနာတွင် အငှားဖြင့် ကစားနေပြီး ၂၂ ပွဲကစားရာမှာ ၅ ဂိုးသွင်းထားပါတယ်။
ယခုအခါ City Of Football ပိုင် မန်စီးတီးဟာ ဆာဗီယိုကို ခေါ်ယူမှု ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။ ဆာဗီယိုဟာ ရာသီအကုန်အထိ ဂီရိုနာတွင်ပင် အငှားဖြင့် ဆက်လက် ကစားသွားဦးမှာ ဖြစ်ပြီး နွေရာသီတွင်မှ မန်စီးတီးသို့ ပြောင်းရွှေ့လာပါမယ်။