ဂျက် ဂရီးလစ်ရှ် နဲ့ ထိတိုင်း ရွှေဖြစ်နေလို့ ဒေါ်လာ သန်းချီပေးပြီး ကြေငြာ ရိုက်ကူးလာတဲ့ နာမည်ကျော် Pepsi

မန်စီးတီးနှင့် အင်္ဂလန် ကြယ်ပွင့် ကစားသမား ဂျက် ဂရီးလစ်ရှ် ဟာ အချိုရည်ကုမ္ပဏီ Pepsi နှင့် စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့ပြီးနောက် နောက်ထပ် ဝင်ငွေများ ထပ်မံ ရရှိလာကြောင်း သိရပါတယ်။
ဂရီးလစ်ရှ် ဟာ Pepsi ရဲ့ ကြော်ငြာသစ်တွင် ဘောလုံးသမားဘဝကုန်ဆုံးပြီးနောက် ဟောလီးဝုဒ်သရုပ်ဆောင်လုပ်နေတဲ့ ဗန်နီဂျုံးစ်နှင့်အတူ ပါဝင်သရုပ်ဆောင်ထားပါတယ်။
အသက် ၂၈ နှစ်ရှိ ဂျက် ဂရီးလစ်ရှ် နဲ့ ဝင်ဘာလေစတားဟောင်း ဗန်နီဂျုံးစ်တို့ဟာ ဇန်နဝါရီလတုန်းက Pepsi ကြော်ငြာသစ် ရိုက်ကူးခဲ့ကြတာလည်း ဖြစ်ပါတယ်။
အဆိုပါ သတင်းရင်းမြစ်က “ဂျက်ဟာ Pepsi စာချုပ်သစ်ကြောင့် နောက်ထပ် သန်းချီငွေ ဝင်လာပါတယ်။ စာချုပ်ချုပ်ဆိုထားတဲ့ ဗန်နီဂျုံးစ်လည်း ကြော်ငြာသစ်မှာ ပါဝင်လာတယ်။ နှစ်ဦးလုံး ပါဝင်တယ်။ ဒီနှစ်နှောင်းပိုင်းမှာ ပရိသတ်တွေ မြင်ရမှာပါ။
Pepsi ဟာ ဂျက် ထိတိုင်း ရွှေဖြစ်နေလို့ ပူးပေါင်းလာတာပါ။ ပျော်စရာအရမ်းကောင်းတဲ့ ကြော်ငြာပါ။ ဂျက်နဲ့ ဗန်နီတို့ဟာ ဒေးဗစ်ဘက်ဟမ်း၊ မက်ဆီတို့လို နာမည်ကျော်ကစားသမားတွေရဲ့ ခြေရာကို နင်းလာပါတယ်”လို့ ပြောကြားသွားပါတယ်။
ပြီးခဲ့တဲ့ ရာသီတုန်းက မန်စီးတီးနှင့်အတူ သမိုင်းဝင် ဆုဖလား ၃ လုံး ဆွတ်ခူးခဲ့တဲ့ ဂျက်ဂရဲလ်လစ်ရှ်ဟာ အီတလီဖက်ရှင် ကုမ္ပဏီ Gucci ရဲ့ အမှတ်တံဆိပ်သံတမန်အဖြစ် ဆောင်ရွက်နေသလို အမေရိကန်အသံကုမ္ပဏီ Bose ၊ ဂျာမန်အားကစားဝတ်စုံကုမ္ပဏီ Puma တို့နှင့်လည်း စပွန်ဆာစာချုပ်ချုပ်ဆိုထားသူ ဖြစ်ပါတယ်။