ချန်ပီယံ အဓိက လုကြမယ့် မန်စီးတီး၊ လီဗာပူး၊ အာဆင်နယ်တို့ရဲ့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲ အနေအထား

လက်ရှိ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ ကစားပြီးချိန်မှာ လီဗာပူးအသင်းက အမှတ်ပေးဇယား ထိပ်မှာ ဆက်လက် ဦးဆောင်ထားပြီး ဒုတိယနဲ့ တတိယနေရာမှာတော့မန်စီးတီး၊ အာဆင်နယ်တို့က နှစ်မှတ်အကွာနဲ့ ကပ်လိုက်နေပါတယ်။

မန်စီးတီးအသင်းဟာ အာဆင်နယ်ထက် ၁ ပွဲလျော့ကစား ရမှတ်တူဖြင့် အဆင့် ၂ နေရာ ရယူထားပြီး လက်ကျန်ပွဲ အနိုင်ရသွားရင် ၃ မှတ်အကွာ ဇယားထိပ် တက်သွားမှာပါ။

လက်ကျန် ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ပွဲမှာ ဘာမဆို ဖြစ်လာနိုင်ဆဲဖြစ်ကာ မန်စီးတီးနဲ့ ကျန်နှစ်သင်း ထိပ်တိုက်တွေ့မယ့် ပွဲတွေကလည်း ကျန်ရှိနေပါသေးတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ဖလားကို လုဖို့ကတော့ ဒီ ၃သင်းပဲ အဓိက ဖြစ်နေပြီး ၎င်းတို့ရဲ့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲတွေကို နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။

လီဗာပူးအသင်းရဲ့ လာမယ့် ပရီးမီးယားလိဂ် ၅ ပွဲကတော့ ဘန်လေ (အိမ်ကွင်း)၊ ဘရန့်ဖိုဒ့် (အဝေးကွင်း)၊ လူတန်တောင်း (အိမ်ကွင်း)၊ ဖောရက်စ် (အဝေးကွင်း) နဲ့ မန်စီးတီး (အိမ်ကွင်း) ပွဲတွေဖြစ်ကြပါတယ်။

မန်စီးတီးရဲ့ လာမယ့် ပွဲစဉ် ၅ ပွဲမှာတော့ အဲဗာတန် (အိမ်ကွင်း)၊ ချယ်ဆီး (အိမ်ကွင်း)၊ ဘရန့်ဖိုဒ့် (အိမ်ကွင်း)၊ ဘုန်းမောက် (အဝေးကွင်း)နဲ့ မန်ချက်စတာ ယူနိုက်တက် (အိမ်ကွင်း) ပွဲတွေ ပါဝင်နေပါတယ်။

အာဆင်နယ်ရဲ့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲကတော့ ဝက်စ်ဟမ်း (အဝေး)၊ ဘန်လေ (အဝေး)၊ နယူးကာဆယ် (အိမ်ကွင်း)၊ ရှက်ဖီးယူနိုက်တက် (အဝေးကွင်း) နဲ့ ဘရန့်ဖိုဒ့် (အိမ်ကွင်း) ပွဲစဉ်တွေပဲ ဖြစ်ကြပါတယ်။