မာရှယ်ကို ပစ်မှတ်ထားလာတဲ့ အင်တာ၊ ဂျိုတာ ပေါင် သန်း ၅၀ နဲ့ ယူနိုက်တက် နံနက်ခင်းသတင်းများ

အန်တိုနီယို ကွန်တီရဲ့ အင်တာမီလန်အသင်းဟာ လာမယ့်နွေ အသင်းပြောင်းဖွယ် ရှိတဲ့ မာတီနက်ဇ် နေရာ အတွက် ယူနိုက်တက် တိုက်စစ်မှူး မာရှယ်နဲ့ အာဆင်နယ်မှ အူဘာမီးယန်းတို့ကို အစားထိုးရန် ချိန်ရွယ်နေပါတယ်။

ယူနိုက်တက် ဝါရင့် ကွင်းလယ် ဟွမ် မာတာက ဒီဇင်ဘာလထဲမှာ ဝက်ဖို့ဒ်ကို စိတ်ပျက်ဖွယ် ရံှုးနိမ့်ခဲ့ဖူးတာကို မေ့ပစ်ကာ တနင်္ဂနွေနေ့ ပွဲစဉ်မှာ အကောင်းဆုံး အားထုတ်ကြဖို့ အသင်းဖော်တွေအား တိုက်တွန်းလိုက်ပါတယ်။

ယူနိုက်တက် အကယ်ဒမီထွက် လူငယ်လေး ဘရန်ဒန် ဝီလီယံက ဇာတိကလပ် မန်ချက်စတာ ယူနိုက်တက်ဟာ ခက်ခဲတဲ့ ကာလတွေ ကြုံတွေ့နေပေမယ့် အကောင်းဆုံး ကျော်ဖြတ်ကာ ဆုဖလားတွေ ပြန်လည် ရယူနိုင်ဖို့ ကူညီသွားရန် စိတ်ပိုင်းဖြတ်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။

ကြားရက် ယူရိုပါလိဂ်ပွဲမှာ ဟက်ထရစ်သွင်းကာ ဟီးရိုး ဖြစ်ခဲ့တဲ့ ဝုဗ် တိုက်စစ်မှူး ဒီရိုဂို ဂျိုတာ ကို ယူနိုက်တက်က စောင့်ကြည့်နေပြီး လာမယ့်နွေမှာ ပေါင် သန်း ၅၀ လောက်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ရှိကြောင်း သတင်းများမှာ ဖော်ပြလာပါတယ်။

ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူး တီမိုဝါနာက ၎င်း ကစားဟန်ဟာ လီဗာပူးအသင်းနဲ့လည်း အံဝင်နိုင်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။ တီမိုဝါနာကို လီဗာပူးနဲ့ ချယ်ဆီးတို့ကလည်း စိတ်ဝင်စားနေတာပါ။

ဝက်ဖို့ဒ်နဲ့ ပွဲမတိုင်ခင် စနေနေ့ည လိုရီ ဟိုတယ်မှာ စုရုံး ရောက်ရှိလာတဲ့ ယူနိုက်တက် အသင်းသားတွေထဲမှာ တော်မီနေး လည်း ပါဝင်သလို အဖျားပျောက်တဲ့ ဂရင်းဝုဒ်နဲ့ လူငယ်အသင်းတွေမှာ ကစားထားတဲ့ တာဟစ်ချောင်နဲ့ ဂိုမက်စ်တို့လည်း ပါဝင်နေပါတယ်။

Zawgyi – အန္တိုနီယို ကြန္တီရဲ႕ အင္တာမီလန္အသင္းဟာ လာမယ့္ေႏြ အသင္းေျပာင္းဖြယ္ ရွိတဲ့ မာတီနက္ဇ္ ေနရာ အတြက္ ယူနိုက္တက္ တိုက္စစ္မွဴး မာရွယ္နဲ႕ အာဆင္နယ္မွ အူဘာမီးယန္းတို႔ကို အစားထိုးရန္ ခ်ိန္ရြယ္ေနပါတယ္။

ယူနုိက္တက္ ၀ါရင့္ ကြင္းလယ္ ဟြမ္ မာတာက ဒီဇင္ဘာလထဲမွာ ၀က္ဖို႔ဒ္ကို စိတ္ပ်က္ဖြယ္ ရံွဳးနိမ့္ခဲ့ဖူးတာကို ေမ့ပစ္ကာ တနဂၤေႏြေန႔ ပြဲစဥ္မွာ အေကာင္းဆံုး အားထုတ္ၾကဖို႔ အသင္းေဖာ္ေတြအား တိုက္တြန္းလိုက္ပါတယ္။

ယူနိုက္တက္ အကယ္ဒမီထြက္ လူငယ္ေလး ဘရန္ဒန္ ၀ီလီယံက ဇာတိကလပ္ မန္ခ်က္စတာ ယူနိုက္တက္ဟာ ခက္ခဲတဲ့ ကာလေတြ ၾကံဳေတြ႕ေနေပမယ့္ အေကာင္းဆံုး ေက်ာ္ျဖတ္ကာ ဆုဖလားေတြ ျပန္လည္ ရယူနုိင္ဖို႔ ကူညီသြားရန္ စိတ္ပိုင္းျဖတ္ထားေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ၾကားရက္ ယူရိုပါလိဂ္ပြဲမွာ ဟက္ထရစ္သြင္းကာ ဟီးရိုး ျဖစ္ခဲ့တဲ့ ၀ုဗ္ တိုက္စစ္မွဴး ဒီရိုဂို ဂ်ိဳတာ ကို ယူနိုက္တက္က ေစာင့္ၾကည့္ေနျပီး လာမယ့္ေႏြမွာ ေပါင္ သန္း ၅၀ ေလာက္နဲ႕ ကမ္းလွမ္းမႈ ျပဳလုပ္ဖို႔ ရွိေၾကာင္း သတင္းမ်ားမွာ ေဖာ္ျပလာပါတယ္။

ယူနိုက္တက္ ပစ္မွတ္ထားေနတဲ့ လိုက္ပ္ဇစ္ တိုက္စစ္မွဴး တီမို၀ါနာက ၄င္း ကစားဟန္ဟာ လီဗာပူးအသင္းနဲ႕လည္း အံ၀င္နုိင္ေၾကာင္း ထုတ္ေဖာ္ ေျပာဆုိလာပါတယ္။ တီမို၀ါနာကို လီဗာပူးနဲ႕ ခ်ယ္ဆီးတို႔ကလည္း စိတ္၀င္စားေနတာပါ။

၀က္ဖို႔ဒ္နဲ႕ ပြဲမတိုင္ခင္ စေနေန႔ည လိုရီ ဟိုတယ္မွာ စုရံုး ေရာက္ရွိလာတ့ဲ ယူနိုက္တက္ အသင္းသားေတြထဲမွာ ေတာ္မီေနး လည္း ပါ၀င္သလို အဖ်ားေပ်ာက္တဲ့ ဂရင္း၀ုဒ္နဲ႕ လူငယ္အသင္းေတြမွာ ကစားထားတဲ့ တာဟစ္ေခ်ာင္နဲ႕ ဂိုမက္စ္တို႔လည္း ပါ၀င္ေနပါတယ္။