စနေည အီတီဟက်မှာ ကန်မယ့် စီးတီး – အဲဗာတန် ပွဲ ဘယ်လိုရလဒ် ထွက်မလဲ ခရစ်ဆက်တန် ပွဲကြို ဟောကိန်းထုတ်
ဒီအပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ စီးတီးအသင်းကတော့ အဲဗာတန် အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်းမှာ ဧည့်ခံ ကစားမှာပါ။
ဒီနှစ်သင်းဟာ မနက်ဖြန် စနေနေ့ ည ၇ နာရီ၊ စီးတီးတို့ရဲ့ အီတီဟက် ကွင်းမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်ကတော့ စီးတီး – အဲဗာတန် ပွဲ ဘယ်လို ဖြစ်မလဲ ဆိုတာ ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
ခရစ် ဆက်တန် ရဲ့ ပွဲကြို သုံးသပ်ချက်
” မန်စီးတီးက ရှေ့တိုးလာနေပါပြီ။ ဒါပေမယ့် ဟာလန်း ဂိုးပေါက် ပြန်ရှာတွေ့ဖို့တော့ လိုအပ်ပါတယ်။ မကြာခင် သူ့အတွက် အစစ အရာရာ အဆင်ပြောလမှာပါ။ ဘယ်အချိန်လဲပဲ စောင့်ကြည့်ရမှာပါ။
အဲဗာတန်တို့ ဒီပွဲမှာ ကောင်တာ ပုံစံနဲ့ပဲ ချဉ်းကပ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ အပတ် စပါးကို ရင်ဆိုင်တုန်းကလို တည်ကန်ဘော ကနေ ခြိမ်းခြောက်မှာပါ။
စက်တင်ဘာ အကုန်ကတည်းက မန်စီးတီးတို့ ခံစစ်ပိုင်း ဂိုးမပေးရတာ ၁ ပွဲပဲ ရှိထားပါတယ်။ ဒီပွဲမှာတော့ သူတို့ clean sheet ရမှာပါ။ စီးတီးက သက်သောင့်သက်သာ နိုင်မှာပါ။
အဲဗာတန်က တန်းဆင်းဇုန် ၃ သင်းထဲမှာ ပါဝင်နေဆဲဖြစ်တယ်။ သူတို့ ရမှတ်အချို့ ရနိုင်ဖို့ လိုအပ်နေတယ်။ ဒါပေမယ့် မန်စီးတီးကို ရင်ဆိုင်ချိန်မှာထက် ပဲလေစ့်၊ ဘရိုက်တန်၊ ဝက်စ်ဟမ်း ပွဲတွေလောက်မှ ရလဒ် ယူနိုင်ပါလိမ့်မယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ် ဆက်တန် ခန့်မှန်းရလဒ်
မန်စီးတီး ၃-၀ အဲဗာတန် ဖြစ်ပါတယ်။
