ဒီဘရိုင်း ပါတိုင်း မရှုံးတဲ့ မန်စီးတီး တို့ အားတက်ဖွယ် ဖြစ်အောင် ပြောလာတဲ့ ချန်ပီယံ စိတ်ပိုင်းဖြတ် စကား

မန်ချက်စတာ စီးတီး ကွင်းလယ်ကစားသမား ကီဗင်ဒီဘရိုင်း ဟာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး ယခု ၂၀၂၄ ခုနှစ် အစပိုင်းမှသာ စီးတီးအတွက် ပြန်လည် ကစားပေးထားခဲ့တာပဲဖြစ်ပါတယ်။

စီးတီးတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၃ ပွဲတိတိရှုံးနိမ့်ထားပြီး ထိုပွဲစဉ်တွေမှာ ကီဗင်ဒီဘရိုင်း ပါဝင်ခဲ့ခြင်းမရှိပါဘူး။ ဒီဘရိုင်းဟာ ယခုရာသီမှာ စီးတီးအတွက် ပြိုင်ပွဲစုံပွဲပေါင်း ၇ ပွဲသာကစားပေးထားခဲ့ရပြီး ရှုံးပွဲလုံး၀ ကြုံတွေ့ထားရခြင်းမရှိသေးပါဘူး။

ထို ၇ ပွဲမှာ ဒီဘရိုင်း ဟာ သွင်းဂိုး ၁ ဂိုး နဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်ထားခဲ့ပါတယ်။ ပရီးမီးယားလိဂ် မှာတော့ ဒီဘရိုင်း ဟာ ၄ ပွဲကစားပြီး ဂိုးပါဝင်ပတ်သက်မှု ၄ ကြိမ်ပြုလုပ်ထားခဲ့ပါတယ်။

စီးတီးတို့ဟာ ဇယားထိပ်မှ လီဗာပူးထက် ၂ မှတ်လျော့အနေအထားဖြင့် အဆင့် ၂ မှာရပ်တည်နေသော်လည်း တစ်ပွဲလျော့အနေအထား ကို ပိုင်ဆိုင်ထားပါတယ်။

ဒီဘရိုင်းကတော့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ရေး နဲ့ပတ်သက်ပြီး အဆုံးထိကြိုးစားသွားဖို့ရှိကြောင်း ပြောကြားခဲ့ပါတယ်။

” ကျနော်တို့ ဘာလုပ်ရမလဲဆိုတာ ကျနော့်တို့အားလုံး ကောင်းကောင်းသိပါတယ်။ ဖိအားဆိုတာကတော့ အမြဲတမ်းရှိနေမှာပဲ။ ဒါပေမယ့် ကျနော်တို့တွေကတော့ အဆုံးအစွန်ထိ တိုက်ပွဲဝင်သွားဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။ ”

စီးတီးတို့ဂာ ပရီးမီးယားလိဒ် ဖလားကို ၃ နှစ်ဆက်ဆွတ်ခူးထားခဲ့ပါတယ်။ Opta ရဲ့အချက်အလက်တွေအရတော့ ယခုရာသီမှာလဲ စီးတီး ဟာ ပရီးမီးယားလိဒ် ဆွတ်ခူးနိုင်ခြေ ၆၀ % ထိရှိကြောင်းသိရပါတယ်။

ယခုရာသီမှာသာ စီးတီး တို့ပဲ ပရီးမီးယားလိဂ်ကို ထပ်မံ ဆွတ်ခူးသွားမည်ဆိုပါက စီးတီးတို့ဟာ ပရီးမီးယားလိဒ် ၄ နှစ်ဆက် ဆွတ်ခူးထားနိုင်တဲ့ ပထမဆုံးသော အသင်းဖြစ်လာမှာပဲဖြစ်ပါတယ်။