ဂွါဒီယိုလာကို ဘာစီလိုနာက နည်းပြ အဖြစ် ပြန် မခေါ်ဘူး ဆိုတဲ့ အားကစား ဒါရိုက်တာ ဒီကိုရဲ့ ပြောစကား

ဘာစီလိုနာ အားကစား ဒါရိုက်တာ ဒီကို ကတော့ ဘာစီလိုနာ အသင်း အနေနဲ့ ပက် ဂွါဒီယိုလာ ကိုနည်းပြအဖြစ်ပြန်လည် ခန့်အပ်ဖို့ အစီအစဉ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။

လက်ရှိဘာစီလိုနာနည်းပြ ဇာဗီ ဟာ ရာသီအကုန်မှာအသင်းမှ ထွက်ခွါမှာဖြစ်တဲ့အတွက်ကြောင့် ဘာစီလိုနာတို့ ဟာ နည်းပြသစ်တစ်ယောက်ကို လာမယ့် နွေရာသီကာလမှာ ခန့်အပ်နိုင်ဖို့ကြိုးစားရမှာပဲဖြစ်ပါတယ်။

ဒီကို ကတော့ ရေပန်းစားနေတဲ့ ဂွါဒီယိုလာထက် လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေတဲ့ မော်ရင်ညို ကို ခန့်အပ်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

လက်ရှိစီးတီးနည်းပြ ဂွါဒီယိုလာ ဟာ ၂၀၀၈ မှ ၂၀၁၂ ထိ ဘာစီလိုနာမှာ ၄ နှစ်တိတိ နည်းပြခဲ့သလို ကစားသမားဘဝအဖြစ်ဖြင့်လဲ ဘာစီလိုနာ မှာ ဆယ်စုနှစ်ကျော်သည် အထိ ရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီကို တော့ ဂွါဒီယိုလာ ကို ဘာစီလိုနာနည်းပြ အဖြ စ်ခန့်အပ်ဖို့ မရှိကြောင်း စပိန် မန်ဒိုဒီပေါ့တီဗို့သတင်းဌာနထံ ယခုလို အရိပ်မြွက် ပြောကြားခဲ့ပါတယ်။

” ဂွါဒိယိုလာက နည်းပြကောင်း တစ်ယောက်ပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း အငြင်းပွားစရာ ဆွေးနွေးနေစရာ မလိုပါဘူး။ သူဟာ ဘာစီလိုနာ သမိုင်းရဲ့ အကောင်းဆုံးသော နည်းပြတစ်ယောက်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး။ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး နည်းပြကလဲ ဂွါဒီယိုလာပါပဲ။

လက်ရှိကာလမှာတော့ ကျနော်တို့တွေသာ ဘယ်နည်းပြနဲ့မှ ဆွေးနွေးထားခြင်း မရှိသေးပါဘူး။ သတင်းထောက်တွေ မေးခွန်းမေးတာက သာမန်ကိစ္စပါပဲ။

ဒါပေမယ့် အခြားအသင်းနဲ့အတူ စာချုပ်သက်တမ် းကျန်ရှိနေသေးတဲ့ နည်းပြတစ်ယောက်အကြောင်းမေးမြန်းတာကတော့ အခြားသူတွေနဲ့ ကျနော်တို့အတွက် လေးစားမှု မဲ့သွားသလိုခံစားရပါတယ်။ အချိန်တန်တဲ့အခါ အသင်းရဲ့နည်းပြ သိရပါလိမ့်မယ်။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။