ပေါမာဆန်ကြီး ဟောကိန်းထုတ်ခဲ့တဲ့ ဒီည မန်စီးတီး – အဲဗာတန် ပွဲ ဘယ်လို အဖြေထွက်မလဲ

ပက်ရဲ့ မန်ချက်စတာ စီးတီးအသင်း ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ အဲဗာတန် အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်းမှာ အီတီဟက်မှာ ဧည့်ခံ ကစားမှာပါ။ ဒီနှစ်သင်းဟာ ဒီနေ့ စနေနေ့ ည ၇ နာရီမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် ကတော့ စီးတီး – အဲဗာတန် ပွဲ ဘယ်လို ဖြစ်မလဲ ဆိုတာ ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

မန်စီးတီးက အတော်လေး အရှိန်ရနေပါပြီ။ ဂွာဒီယိုလာနဲ့ အပေါင်းအပါတွေက အညှာအတာ ကင်းမဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘရန့်ဖိုဒ့်ပွဲမှာ သူတို့ စိတ်ကြိုက် ကစားပြီး ဖိုဒန်က ဟက်ထရစ်ရခဲ့ပါတယ်။

အဲဗာတန်က တန်းဆင်းဇုန်ထံ ရောက်နေပေမယ့် သူတို့ ပြိုင်ဘက်တွေကို ခက်ခဲနေစေတုန်းပါပဲ။ ဒါပေမယ့် ဒီပွဲမှာ မန်စီးတီး အနိုင်ကလွဲလို့ အခြားရလဒ် မမြင်ပါဘူး။

စီးတီး က ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာကို လီဗာပူးဆီကနေ လွဲှယူသွားမှာပါ။ ပြိုင်ပွဲစုံ ၉ ပွဲ ဆက်တိုက် အနိုင်ရထားတဲ့ သူတို့ဟာ ဘောလုံးရာသီ ဒုတိယ ရာသီဝက်မှာ အတော်လေး စွမ်းဆောင်ပြထားပြီး နိုင်ပွဲပြီးရင်း နိုင်ပွဲ ရနေပါတယ်။

ဒီဘရိုင်းနဲ့ ဟာလန်းလို အကောင်းဆုံး ကစားသမား နှစ်ဦး ပြန်ရောက်လာတာက သူတို့အတွက် တစ်ပန်းသာမှုကြီးပဲ ဖြစ်ပါတယ်။ ဒါတောင် ဘရန့်ဖိုဒ့်ပွဲမှာ ဂရီလစ်နဲ့ ဂျွန်စတုန်းတို့ကို မမြင်ခဲ့ရဘူး။ သူတို့က မယုံနိုင်စရာ လူစာရင်းကောင်းကို တည်ဆောက်ထားနိုင်ပါတယ်။

ပေါမာဆန် ရဲ့ ပွဲ ခန့်မှန်းရလဒ်

မန်စီးတီး ၂-၀ အဲဗာတန် ဖြစ်ပါတယ်။