၀က်ဖို့ဒ်နဲ့ ပွဲ မတိုင်ခင် အသင်းဟိုတယ် ရောက်ရှိလာတဲ့ ယူနိုက်တက် လူစာရင်း

မန်ချက်စတာယူနိက်တက်ဟာ ဝက်ဖို့ဒ်နဲ့ ပွဲမတိုင်ခင်မှာပဲ ဒဏ်ရာ ကနေ ပြန်ကောင်းမွန်လာတဲ့ မက် တော်မီနေး ကွင်းလယ်မှာ ပါဝင်နိုင်တော့မယ့် သတင်းကောင်း ရှိထားပါတယ်။ ပွဲမတိုင်ခင် စနေနေ့ည လိုရီ ဟိုတယ်မှာ စုရုံးလာတဲ့ ယူနိုက်တက် လူစာရင်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

ဘောက်ဆင်ဒေးပွဲမှာတည်းက ဒူးဒဏ်ရာ ရသွားတဲ့ တော်မီနေးက ဒီတပတ် ပွဲမှာတော့ ယူနိုက်တက် အတွက် ပါဝင်ကစားနိုင်ဖို့ ရှိကြောင်း နည်းပြ ဆိုးရှားက အတည်ပြုထားပါတယ်။ ဒ့ါအပြင် ကလပ် ဘရုစ်နဲ့ ပွဲမှာ အဖျား ရှိနေလို့ မပါဝင်နိုင်ခဲ့တဲ့ မေဆန် ဂရင်းဝုဒ်လည်း အသင်း ဟိုတယ်သို့ ရောက်ရှိလာတဲ့ထဲ ပါဝင်ပါတယ်။

ကြာသပတေးနေ့က U19 အသင်းနဲ့ အတူ ကလပ်ဘရုစ် လူငယ်အသင်းနဲ့ ခြေစမ်းပွဲ မှာ ပါဝင်ခဲ့တဲ့ တာဟစ်ချောင်နဲ့ အိန်ဂျယ် ဂိုမက်စ်တို့လည်း စီနီယာ အသင်းသားတွေနဲ့ အတူ လာရောက် ပူးပေါင်းခဲ့ပါတယ်။

ဒါပေမယ့် ဝက်ဖို့ဒ်နဲ့ ပွဲမှာ ကွင်းလယ်ကစားသမား ပေါ့ဘာ ဆက်လက် ပါဝင်နိုင်မှာ မဟုတ်တဲ့ အပြင် တူရမ်ဇီဘီနဲ့ ဖိုဆု မန်ဆာတို့လည်း မပါဝင်နိုင်သေးပါဘူး။

အသင်းဟိုတယ်ကို ရောက်ရှိလာတဲ့ ယူနိုက်တက် လူစာရင်းကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

  • ဒေးဗစ် ဒီဂီယာ၊ ရိုမဲရိုး
  • ဝမ် ဘစ်ဆာကာ၊ ဘိုင်လီ၊ လင်ဒီလော့ဖ်၊ မက်ဂွဲရား၊ ဘရန်ဒန် ဝီလီယံ၊ လုခ်ရှော
  • တော်မီနေး၊ ဖရက်၊ မာတစ်၊ ဂိုမက်စ်၊ မာတာ၊ တာဟစ်ချောင်၊ ဒန်နီရယ် ဂျိမ်းစ်၊ ဘရူနို ဖာနန်ဒက်စ်၊ မေဆန် ဂရင်းဝုဒ်
  • အစ်ဟာလို၊ မာရှယ်။

Zawgyi – မန္ခ်က္စတာယူနိက္တက္ဟာ ၀က္ဖုိ႔ဒ္နဲ႕ ပြဲမတိုင္ခင္မွာပဲ ဒဏ္ရာ ကေန ျပန္ေကာင္းမြန္လာတဲ့ မက္ ေတာ္မီေနး ကြင္းလယ္မွာ ပါ၀င္နိုင္ေတာ့မယ့္ သတင္းေကာင္း ရွိထားပါတယ္။ ပြဲမတိုင္ခင္ စေနေန႔ည လိုရီ ဟိုတယ္မွာ စုရံုးလာတဲ့ ယူနိုက္တက္ လူစာရင္း ထြက္ေပၚလာျပီ ျဖစ္ပါတယ္။

ေဘာက္ဆင္ေဒးပြဲမွာတည္းက ဒူးဒဏ္ရာ ရသြားတဲ့ ေတာ္မီေနးက ဒီတပတ္ ပြဲမွာေတာ့ ယူနိုက္တက္ အတြက္ ပါ၀င္ကစားနုိင္ဖို႔ ရွိေၾကာင္း နည္းျပ ဆိုးရွားက အတည္ျပဳထားပါတယ္။ ဒ့ါအျပင္ ကလပ္ ဘရုစ္နဲ႕ ပြဲမွာ အဖ်ား ရွိေနလို႔ မပါ၀င္နုိင္ခဲ့တဲ့ ေမဆန္ ဂရင္း၀ုဒ္လည္း အသင္း ဟိုတယ္သို႔ ေရာက္ရွိလာတဲ့ထဲ ပါ၀င္ပါတယ္။

ၾကာသပေတးေန႔က U19 အသင္းနဲ႕ အတူ ကလပ္ဘရုစ္ လူငယ္အသင္းနဲ႕ ေျခစမ္းပြဲ မွာ ပါ၀င္ခဲ့တဲ့ တာဟစ္ေခ်ာင္နဲ႕ အိန္ဂ်ယ္ ဂိုမက္စ္တို႔လည္း စီနီယာ အသင္းသားေတြနဲ႕ အတူ လာေရာက္ ပူးေပါင္းခဲ့ပါတယ္။

ဒါေပမယ့္ ၀က္ဖုိ႕ဒ္နဲ႕ ပြဲမွာ ကြင္းလယ္ကစားသမား ေပါ့ဘာ ဆက္လက္ ပါ၀င္နုိင္မွာ မဟုတ္တဲ့ အျပင္ တူရမ္ဇီဘီနဲ႕ ဖိုဆု မန္ဆာတို႔လည္း မပါ၀င္နုိင္ေသးပါဘူး။

အသင္းဟိုတယ္ကို ေရာက္ရွိလာတဲ့ ယူနိုက္တက္ လူစာရင္းကေတာ့ ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။

  • ေဒးဗစ္ ဒီဂီယာ၊ ရိုမဲရိုး
  • ၀မ္ ဘစ္ဆာကာ၊ ဘိုင္လီ၊ လင္ဒီေလာ့ဖ္၊ မက္ဂြဲရား၊ ဘရန္ဒန္ ၀ီလီယံ၊ လုခ္ေရွာ
  • ေတာ္မီေနး၊ ဖရက္၊ မာတစ္၊ ဂိုမက္စ္၊ မာတာ၊ တာဟစ္ေခ်ာင္၊ ဒန္နီရယ္ ဂ်ိမ္းစ္၊ ဘရူနို ဖာနန္ဒက္စ္၊ ေမဆန္ ဂရင္း၀ုဒ္
  • အစ္ဟာလို၊ မာရွယ္။