ပြိုင်ဘက်တွေထက် ခေါင်းတစ်လုံးသာ အခြေအနေကောင်းကြီး တစ်ရပ် ပိုင်ဆိုင်နေပြီ ဖြစ်တဲ့ မန်ချက်စတာ စီးတီး

မန်စီးတီးဟာ လက်ရှိ ပရီးမီးယားလိဂ်ကလပ် အသင်းတွေထဲမှာ သူတို့ရဲ့ စိတ်ကြိုက် စီနီယာ ကစားသမားစာရင်းကို စိတ်ကြိုက်ရွေးချယ်ခွင့်ရတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ ဆု အတွက် လီဗာပူး၊ အာဆင်နယ်တို့နဲ့ အနီးကပ် ပြိုင်ဆိုင်နေရချိန်မှာ ဒဏ်ရာ ကင်းနေတာက မန်စီးတီး အတွက် အဓိက အားသာချက်ကြီး ြဖ်စလာဖို့ ရှိနေပါတယ်။

မန်စီးတီးဟာ အာဖရိကနဲ့ အာရှဖလားပြိုင်ပွဲအတွက် ကစားသမား စေလွှတ်ခဲ့ရခြင်း မရှိသလို လက်ရှိအချိန်မှာလည်း ဒီဘရိုင်း၊ ဟာလန်းတို့လို ကြယ်ပွင့်တွေကလည်း ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တဲ့နောက် ချန်ပီယံပြေးလမ်းကြောင်းအပေါ်မှာ ခန့်ခန့်ထည်ထည်ကြီး ပြန်လည် ရောက်ရှိလာခဲ့တာပါ။

ဒါ့အပြင် လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ပွဲကျန်တစ်ပွဲ ကစားဖို့ ကျန်ရှိနေသေးပြီး အဲ့ဒီပွဲမှာသာ အနိုင်ရရှိခဲ့မယ်ဆိုရင် မန်စီးတီးတို့ အမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။

တဖက်မှာ လီဗာပူး အသင်းက အဓိက ကစားသမား အများအပြား ဒဏ်ရာ ရနေတဲ့ အပြင် အာဆင်နယ်ကလည်း ဂျေးဆု၊ ပါတေး တို့လို အမာခံ ကစားသမားတွေ ဒဏ်ရာ ရှိနေပါတယ်။

စီးတီး အနေနဲ့ ဒီ အခြေအနေကို အခွင့်ကောင်း ယူပြီး အရှိန်အဟုန်နဲ့ ကျော်ဖြတ်ကာ ၄ ရာသီ ဆက် ချန်ပီယံ ဖြစ်ဖို့ အခြေအနေ ကောင်းနေပါတယ်။