မြန်မာနိုင်ငံသို့ စွမ်းအင်ကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်ထား

ယခုဘဏ္ဍာနှစ် ၁၀ လတာအတွင်း မြန်မာနိုင်ငံသို့ စွမ်းအင်ကဏ္ဍအတွက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။

မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းကဏ္ဍ ၁၂ ခု ရှိသည့်အနက် ၇ ခု ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ခဲ့ပြီး ဝင်ရောက်ခဲ့ခြင်းဖြစိသည်။

အဆိုပါဝင်ရောက်သည့် ရင်းနှီးမြှုပ်နှံမှုများမှာ စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၃၇၄ ဒသမ ၅၂၅ သန်းဖြင့်အများဆုံး ဖြစ်ကြောင်း သိရသည်။

အခြားသော ကဏ္ဍတွေမှာတော့ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၁၁၈ ဒသမ ၇၁၉ သန်းဖြင့် ဒုတိယအများဆုံး ၊ ပို့ဆောင်‌ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၇၇ ဒသမ ၈၂၀ သန်းဖြင့် တတိယအများဆုံး ဝင်ရောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၂၃ ဒသမ ၄၆၉ သန်း၊ အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ၁၀ ဒသမ ၅၃၃ သန်း၊ စိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ ၂ ဒသမ ၇၅၈ သန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၂ ဒသမ ၂၂၁ သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။