မန်စီးတီးမှာ မကစားရသေးတဲ့ စီးတီး နောက်ခံလူ ဘာတစ္စတီ မီးပွိုင့်မှာ ဒဏ်ရိုက်ခံရပြန်ပါပြီ

ပရီးမီးယားလိဂ်ရဲ့ ပါရမီရှင်လူငယ်စတားတစ်ဦးဟာ ကားမောင်းနေစဉ် နိုက်ထရပ်အောက်ဆိုဒ်ရှူမှုကြောင့် ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။

အသက် ၂၀ နှစ်ရှိ မန်စီးတီးနောက်ခံလူ ဘာတစ္စတီဟာ VW Polo ကားမောင်းနေစဉ် မီးပွိုင့်မှာ မီးစိမ်းပြီး တစ်မိနစ် အကြာ အထိ ကားမမောင်းဘဲ ရပ်တန့်နေခဲ့တာပါ။

သူဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၇ ရက်နေ့တုန်းက လန်ဒန်အရှေ့ပိုင်း ဒါဂန်ဟမ်တွင် သူငယ်ချင်းတစ်ဦးနှင့် ဘောလုံးရှူသွင်းနေတာ တွေ့ခဲ့ရသူလည်း ဖြစ်ပါတယ်။

သူဟာ မီးပွိုင့်တွင် မီးစိမ်းချိန်တွင် ကားရပ်တန့်ထားမှုအတွက် အမှတ် ၆ မှတ်အလျှော့ခံရပြီး ပေါင် ၁၀၀၀ လည်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။

ဒါ့အပြင် သူဟာ တရားစရိတ် ပေါင် ၁၁၀ အပြင် ပေါင် ၄၀၀ လည်း ပေးခဲ့ရပါသေးတယ်။

ဘာတစ္စတီဟာ ဝက်စ်ဟမ်းနောက်ခံလူဟောင်းတစ်ဦးဖြစ်ပြီး ဝက်စ်ဟမ်းတိုက်စစ်မှူးဟောင်းကာတန်ကိုးလ်ရဲ့ ရီယိုဖာဒီနန်ခြေရာကို နင်းနိုင်မဲ့သူ အဖြစ် ချီးကျူးပြောဆိုခြင်းခံခဲ့ရဖူးပါတယ်။

သူဟာ စက်တင်ဘာလတုန်းက ဝက်စ်ဟမ်းမှ မန်စီးတီးသို့ ပြောင်းခဲ့သူ ဖြစ်ပါတယ်။ စီးတီး က ခေါ်ယူပြီးချင်းမှာပဲ စီးတီး ဘောလုံးအဖွဲ့ ပိုင်ဆိုင်တဲ့ ဘယ်လ်ဂျီယံ ကလပ် Lommel အသင်းထံ အငှားချထားပေးခဲ့ပါတယ်။