မန်စီးတီးမှာ ပက်ရဲ့ ချောင်ထိုးမှု ဘယ်လိုကနေ ဘယ်လို စတင်ပြီး ခံခဲ့ရသလဲ ဖော်ထုတ်လာတဲ့ ဖီးလစ်

မန်စီးတီး အသင်းမှာ နည်းပြ ပက်ဂွာဒီယိုလာရဲ့ ချောင်ထိုးခံရမှုနဲ့ ပက်သက်ပြီး မေးမြန်းရာမှာ ကယ်ဗင်ဖီးလစ်က ဘယ်လို ဖြစ်ခဲ့ရသလဲ ထုတ်ဖော် ဖြေရှင်းလာပါတယ်။

“ကမ္ဘာ့ဖလား ပြိုင်ပွဲပြီးနောက် ကျနော် လေ့ကျင့်ရေး အစီအစဉ်ကို စောစောစီးစီး ပြန်ပြီး မပူးပေါင်းခဲ့တဲ့ အပေါ် ပက်ဟာ စိတ်ကွက်သွားခဲ့ပါတယ်။ အမှန်ပါပဲ။ ဒါပေမယ့်လည်း ဒါဟာ မန်စီးတီးမှာ အလုပ်လုပ်တဲ့ သူတွေနဲ့ ကျနော့်ကြားမှာ နားလည်မှု လွဲခဲ့တာပါ။

သူတို့ဟာ ကျနော် ဘယ်ရက် ဘယ်ရက်မှာ ပြန်လာရမလဲဆိုတာ ပြောခဲ့ပါတယ်။ ကျနော်ဟာ ကိုယ်သိထားတဲ့ရက်ထက် စောစီးစွာ ပြန်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်ဟာ ပြိုင်ပွဲမှာ အင်္ဂလန်အတွက် ပွဲသိပ်မကစားခဲ့ရလို့ပါ။

ကျနော်ဟာ ပခုံးဒဏ်ရာကနေ ပြန်လာခါစ ဖြစ်နေတာကြောင့် ပက်ဟာ ကျနော့်ကို ပြိုင်ပွဲပြီးဆုံးပြီးနောက် နောက်တရက်မှာပဲ ပြန်လာစေချင်ခဲ့တာပါ။ ဒါမှသာ ကျနော် ‌ခြေစမ်းပွဲတွေမှာ ပါဝင်နိုင်မယ်လို့ ယူဆခဲ့ပါတယ်။

ဒါပေမယ့် ကျနော် ဒီ သတင်း အချက်အလက် ကို မရခဲ့ပါဘူး။ ပက်က ကျနော့်ကို ဒီရက်မှာ ပြန်လာစေချင်တယ်ဆိုရင် ကျနော် သေချာ‌ပေါက် ပြန်လာမှာပါ။ ကျနော်သာ ဒီ သတင်းသာ ရခဲ့မယ်ဆိုရင် ကျနော် အဲရက်ကို ပြန်သွားမှာပါ။” လို့ ဖီးလစ်က ပြောဆိုခဲ့ပါတယ်။

ကယ်ဗင်ဖီးလစ်က လက်ရှိမှာတော့ ဝက်စ်ဟမ်းမှာ အငှားထွက် ကစားနေပြီး အခုလို ထုတ်ဖာ် ပြောဆိုမှုတွေ ပြုလုပ်လာတာ ဖြစ်ပါတယ်။