ဒီည မန်စီးတီးက အဝေးကွင်းမှာ ကိုပင်ဟေဂင် ကို ဘယ်နှဂိုးထိ အပြတ် သွင်းမလဲ လီဗာပူး လူဟောင်းကြီးရဲ့ ခန့်မှန်းချက်

မန်စီးတီးအသင်းဟာ ဒီညမှာတော့ ကိုပင်ဟေဂင် အသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆သင်း ရှုံးထွက်အဆင့် ပထမ အကျော့ အဖြစ် အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကတော့ ည ၂ နာရီခွဲ အချိန်မှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းနဲ့ အတူ ချန်ပီယံလိဂ်ဖလား ၃ ကြိမ် ကိုင်မြောက်ခဲ့တဲ့ ဂန္တဝင်ကြီး ဖီးလ် သွန်ပ်ဆန်က ကိုပင်ဟေဂင်နဲ့ စီးတီး ပွဲစဉ် အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းလာပါတယ်။

Copenhagen v Man City

မန်စီးတီးက ခြေစွမ်း သိပ်ကောင်းနေတာပါ။ သူတို့ ကစားပုံ ကောင်းသလို ဂိုးတွေလည်း အများကြီး ရနေပါတယ်။

ကိုပင်ဟေဂင်က လက်တလော Atlantic ဖလားပွဲ ယှဉ်ပြိုင်ထားတယ်။ ဒီရာသီ သူတို့အသင်း ခြေစွမ်းက အတက် အကျ များပါတယ်။ ဒီတော့ မန်စီးတီးတို့ သက်သက်သာသာနဲ့ပဲ ဒီပွဲကို အနိုင်ရသွားမယ်လို့ ကျနော် ခန့်မှန်းပါတယ်။

ဒီပွဲက ၅ ဂိုးလောက်ထိ ပြတ်နိုင်ပါတယ်။ ဟာလန်း ဂိုးရမယ် ထင်ပါတယ်။ သူက ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက် ပွဲကစားချိန်တွေ ရနေပါတယ်။ သူ ၂ ဂိုးလောက် အနည်းဆုံး ရမှာပါ။ ဒိုကူလည်း ဒီပွဲမှာ ဂိုးသွင်းနိုင်မယ်လို့ ထင်ပါတယ်။

သွန်ပ်ဆန် ခန့်မှန်းရလဒ် ကတော့ ကိုပင်ဟေဂင် ဝ-၅ မန်စီးတီး ဖြစ်ပါတယ်။