သတင်းကောင်းတွေ ပါဝင်နေတဲ့ ဝက်ဖို့ဒ်နဲ့ ပွဲမတိုင်ခင် ယူနိုက်တက် ညနေခင်းသတင်းများ
ယူနိုက်တက် ကစားသမားသစ် ဘရူနို ဖာနန်ဒက်စ်ဟာ ဂန္တဝင်ကစားသမားကြီး ပေါစခိုးလ် လိုပဲ ကွင်းလယ်မှာ အစွမ်းပြကာ အသင်းအတွက် သက်ရောက်မှုကြီး လုပ်ဆောင်ပေးနိုင်မယ်လို့ နည်းပြ ဆိုးရှားက ယုံကြည်နေပါတယ်။
လုခ်ရှောဟာ ဗဟိုခံစစ် ဘယ်ခြမ်းမှာ ပြောင်းလဲ ကစားပြီးနောက် သန်သန်မာမာနဲ့ အကောင်းဆုံး ပုံစံတွေ ပြန်ရလာဟန် ရှိပြီး ဒဏ်ရာတွေ လည်း ကင်းရှင်းနေစေဖို့ မျှော်လင့်ကြောင်း နဗီးလ်က မှတ်ချက်ပြုခဲ့ပါတယ်။
ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ဝက်ဖို့ဒ်ကို ဧည့်ခံ ကစားဖူးတဲ့ ပရီးမီးယားလိဂ် ၆ ပွဲလုံး အနိုင်ရရှိထားပြီး ထို ၆ ပွဲမှာ ၁၄ ဂိုးသွင်းကာ ၂ ဂိုးသာ ပေးထားရပါတယ်။ ဝက်ဖို့ဒ်ဟာ ယူနိုက်တက်ကို အဝေးကွင်းပွဲစဉ် တစ်ပွဲမှ အနိုင် မရဖူးပါဘူး။
ပေါ့ဘာဟာ ယူနိုက်တက်မှာ ဆက်ရှိနေလိုတဲ့ ဆန္ဒ ရှိနေဆဲ ဖြစ်ပြီး ထိုသို့ ဖြစ်လာဖို့က ယူနိုက်တက်ဟာ ဆိုးရှားကို နည်းပြ အဖြစ်မှ ထုတ်ပယ်ပါက သက်တမ်းတိုး စာချုပ်ပါ ချုပ်ဆိုချင်ကြောင်း စပိန်သတင်းဌာနဘက်က ဖော်ထုတ်သွားပါတယ်။
ဒူးဒဏ်ရာ ရရှိထားတဲ့ ကွင်းလယ်ကစားသမား တော်မီနေးဟာ ဝက်ဖို့ဒ်နဲ့ ပွဲမှာ ပါဝင်ကစားနိုင်ဖို့ ရှိကြောင်း ဆိုးရှားက ဆိုထားပြီး အသင်းဟိုတယ်မှာ ရောက်ရှိနေတဲ့ ယူနိုက်တက် အသင်းသားတွေထဲလည်း ပါဝင်နေပါတယ်။
ယူနိုက်တက် တိုက်စစ်မှူးသစ် အစ်ဟာလိုဟာ အသင်းကို ရောက်စ တစ်ယောက်တည်း လေ့ကျင့်ရစဉ် မန်ချက်စတာ တက္ကသိုလ် အမျိုးသမီး လေ့ကျင့်ရေးကွင်းမှာ သွားရောက် အပြေးလေ့ကျင့်စဉ်က ထွက်သွားဖို့ ပြောဆိုခံခဲ့ရကြောင်း သိရပါတယ်။
ဒီည ဝက်ဖို့ဒ်နဲ့ ပွဲမှာ ဆိုးရှားက ယူနိုက်တက် ခံစစ်မှာ လေးယောက်တန်း ခင်းကျင်း ကစားမယ်ဆိုရင် ယူနိုက်တက် ပရိသတ်အများစုက ဘိုင်လီကို မက်ဂွဲရားနဲ့ ဆက်လက် တွဲဖက် ကစားစေလိုနေပါတယ်။
ဝတ်ဖိုဒ့်နဲ့ပွဲကို ကွင်းလယ်ဒိုင်အဖြစ် မာတင် အက်ကင်ဆန် တာဝန်ယူသွားမှာဖြစ်ပြီး ဒီရာသီ သူကိုင်တွယ်တဲ့ ပရီးမီးယားလိဂ်ပွဲတွေကို ယူနိုက်တက်က အရေးမနိမ့်ထားပါဘူး။
Zawgyi – ယူနိုက္တက္ ကစားသမားသစ္ ဘရူနို ဖာနန္ဒက္စ္ဟာ ဂႏၱ၀င္ကစားသမားၾကီး ေပါစခိုးလ္ လိုပဲ ကြင္းလယ္မွာ အစြမ္းျပကာ အသင္းအတြက္ သက္ေရာက္မႈၾကီး လုပ္ေဆာင္ေပးနုိင္မယ္လို႕ နည္းျပ ဆိုးရွားက ယံုၾကည္ေနပါတယ္။
လုခ္ေရွာဟာ ဗဟိုခံစစ္ ဘယ္ျခမ္းမွာ ေျပာင္းလဲ ကစားျပီးေနာက္ သန္သန္မာမာနဲ႕ အေကာင္းဆံုး ပံုစံေတြ ျပန္ရလာဟန္ ရွိျပီး ဒဏ္ရာေတြ လည္း ကင္းရွင္းေနေစဖို႔ ေမွ်ာ္လင့္ေၾကာင္း နဗီးလ္က မွတ္ခ်က္ျပဳခဲ့ပါတယ္။
ယူနိုက္တက္ဟာ အိုးထရက္ဖို႔ဒ္မွာ ၀က္ဖို႔ဒ္ကုိ ဧည့္ခံ ကစားဖူးတဲ့ ပရီးမီးယားလိဂ္ ၆ ပြဲလံုး အနုိင္ရရွိထားျပီး ထို ၆ ပြဲမွာ ၁၄ ဂိုးသြင္းကာ ၂ ဂိုးသာ ေပးထားရပါတယ္။ ၀က္ဖို႔ဒ္ဟာ ယူနိုက္တက္ကို အေ၀းကြင္းပြဲစဥ္ တစ္ပြဲမွ အနုိင္ မရဖူးပါဘူး။
ေပါ့ဘာဟာ ယူနိုက္တက္မွာ ဆက္ရွိေနလိုတဲ့ ဆႏၵ ရွိေနဆဲ ျဖစ္ျပီး ထိုသို႔ ျဖစ္လာဖို႕က ယူနိုက္တက္ဟာ ဆိုးရွားကို နည္းျပ အျဖစ္မွ ထုတ္ပယ္ပါက သက္တမ္းတိုး စာခ်ဳပ္ပါ ခ်ဳပ္ဆိုခ်င္ေၾကာင္း စပိန္သတင္းဌာနဘက္က ေဖာ္ထုတ္သြားပါတယ္။
ဒူးဒဏ္ရာ ရရွိထားတဲ့ ကြင္းလယ္ကစားသမား ေတာ္မီေနးဟာ ၀က္ဖို႔ဒ္နဲ႕ ပြဲမွာ ပါ၀င္ကစားနုိင္ဖို႔ ရွိေၾကာင္း ဆိုးရွားက ဆိုထားျပီး အသင္းဟုိတယ္မွာ ေရာက္ရွိေနတဲ့ ယူနုိက္တက္ အသင္းသားေတြထဲလည္း ပါ၀င္ေနပါတယ္။
ယူနိုက္တက္ တိုက္စစ္မွဴးသစ္ အစ္ဟာလိုဟာ အသင္းကို ေရာက္စ တစ္ေယာက္တည္း ေလ့က်င့္ရစဥ္ မန္ခ်က္စတာ တကၠသိုလ္ အမ်ိဳးသမီး ေလ့က်င့္ေရးကြင္းမွာ သြားေရာက္ အေျပးေလ့က်င့္စဥ္က ထြက္သြားဖို႔ ေျပာဆိုခံခဲ့ရေၾကာင္း သိရပါတယ္။
ဒီည ၀က္ဖို႔ဒ္နဲ႕ ပြဲမွာ ဆိုးရွားက ယူနိုက္တက္ ခံစစ္မွာ ေလးေယာက္တန္း ခင္းက်င္း ကစားမယ္ဆိုရင္ ယူနုိက္တက္ ပရိသတ္အမ်ားစုက ဘိုင္လီကို မက္ဂြဲရားနဲ႕ ဆက္လက္ တြဲဖက္ ကစားေစလိုေနပါတယ္။
ဝတ္ဖိုဒ့္နဲ႔ပြဲကို ကြင္းလယ္ဒိုင္အျဖစ္ မာတင္ အက္ကင္ဆန္ တာဝန္ယူသြားမွာျဖစ္ျပီး ဒီရာသီ သူကိုင္တြယ္တဲ့ ပရီးမီးယားလိဂ္ပြဲေတြကို ယူႏုိက္တက္က အေရးမနိမ့္ထားပါဘူး။