ဖေဖော်ဝါရီလအတွင်း မွေးဖွားသူများ၏ စိတ်နေသဘောထားနှင့် ဘဝကံကြမ္မာ (ဗေဒင်)
ဖေဖော်ဝါရီလအတွင်း မွေးဖွားသူတွေရဲ့ စိတ်နေသဘောထားများမှာ….
အများအားဖြင့်.. သူတစ်ပါးအမြင်မှာ အလွန်မာနကြီးတယ်လို့ ထင်ရပါလိမ့်မယ်။ ဒါပေမယ့် မခင်မင်မရင်းနှီးသော လူများရှေ့တွင် မာနကြီးသလိုရှိသော်လည်း ခင်မင်ရင်းနှီးသွားပါက အလွန်သဘောကောင်းသောသူများဖြစ်ကြပါတယ်။ အတွေးအခေါ် ဥာဏ်ပညာမှာ လွန်စွာကောင်း သူများလည်းဖြစ်ပါတယ်။
ထိုလမွေးဖွားသူများဟာ မလိမ်တတ် မညာတတ် ရိုးသားဖြောင့်မတ် မှန်ကန်ပြီး သစ္စာရှိသောသူများဖြစ်ပါတယ်။ အနေအထိုင် တည်ကြည်ခန့်ညားပြီး လူကြီးဆန်ဆန်ရှိနေတတ်ပါတယ်။ မိဘဆွေမျိုး ညီအစ်ကို ညီအစ်မ မောင်နှမ များအပေါ် ချစ်ခင် လေးစား တန်ဖိုးထားတတ်သောသူများဖြစ်ပါတယ်။
မိရိုးဖလာ အလုပ်အကိုင်များကို လုပ်ကိုင်ရတာထက် ကိုယ်တိုင် တီထွင်လုပ်ကိုင်လိုသူ ကိုယ်လမ်းကိုဖောက်လိုသူများဖြစ်တတ်ပါတယ်။ မိတ်ဆွေအပေါင်းအသင်းများအပေါ်တတ်နိုင်သမျှ ကိုယ်ကျိုးစွန့်ကာ ကူညီလိုသူများလည်းဖြစ်ပါတယ်။ မဟုတ်မခံ အလွန်စိတ်မြန်သောသူများဖြစ်ပါတယ် အမှန်တရားကိုလည်း မြတ်နိုး တန်ဖိုးထားတတ်ကြပါတယ်။
အရာရာကို ပညာဖြင်ယှဥ်၍ အောင်မြင်အောင် ကျိုးစားတတ်သောသူများဖြစ်ပါတယ်။ လွန်စွာမှတ် ဉာဏ်ကောင်းသောသူများလည်းဖြစ်ပါတယ်။ မည်သည့်အရာကိုဘဲလုပ်လုပ် စနစ်တကျ စေ့စပ်သေချာစွာ လုပ်ကိုတတ်သောသူများဖြစ်ပါတယ်။
ပေါင်းသင်းဆက်ဆံရေးမှာတော့ မထင်ရင်မထင်သလို ဘုကလန့်ကျကျ စကားပြောတတ်သောသူများဖြစ်ပါတယ်။ သူတစ်ပါးအကြိုက် မဆောင်တတ် မိမိ ကိုယ်ပိုင် ဟန်ဖြင့်တာ နေထိုင်တတ်သောသူများဖြစ်ပါတယ်။ အပြင်ပန်းတွင် စိတ်မာသလိုနှင့် အတွင်းစိတ်တွင် နူးညံ့သောသူများဖြစ်ပါတယ်။
အလုပ်အကိုင်အနေဖြင့်….
ငယ်ငယ်တွင် အခက်အခဲပေါင်စုံနှင့် ကြုံတွေရတတ်ပါတယ်။ ဆိုးဆိုးရွားရွား ဆင်ရဲချို့တဲ့ခြင်းမျိုးတော့ မဖြစ်ကြပါဘူး။ ဘဝအတွေအကြုံတွေကိုပုံဖော်ကာ အသက်ကြီးမှပို၍ ချမ်းသာရတတ်တယ်။
အစိုးရဝမ်းထမ်း၊ ထီလုပ်ငန်း ၊ စာပေလုပ်ငန်း ၊ပညာရေးဆိုင်ရာဝန်ထမ်း၊ ကျောင်းဆရာ ဆရာမ အလုပ်၊ စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်း၊ စက်ပစ္စည်းဆိုင်ရာအလုပ် ၊ အိမ် ခြံ မြေ လုပ်ငန်း စတာတွေနှင့် အကျိုးပေးတတ်ပါတယ်။
အကျိုးပေးဂဏန်းများမှာ ၁ ၊ ၂ ၊ ၅ ဂဏန်းတို့ဖြစ်ပြီး အကျိုးဖြစ်ထွန်းသောအရောင်များမှာ အဖြူရောင် ၊ အပြာရောင် ၊ အနီရောင် ၊ အနက် ရောင်တို့ဖြစ်ပါတယ်။
အချစ်ရေး အိမ်ထောင်ရေး….
အချစ်ရေးနှင့် အိမ်ထောင်ရေးမှာ ခံစားချက်ကိုအလွန် အလေးအနက် ထားကြသူများဖြစ်ပါတယ်။ မိမိချစ်သူ အိမ်ထောင်ဖက်အပေါ် လွန်စွာ စိတ်မချတာ သဝန်တိုတာမျိုးဖြစ်တတ်ပါတယ်။
ဘဝမှာ ကိုယ်ကသာ တစ်ဖက်သတ်အချစ်နဲ့ ပေးဆပ်ချစ်နေရသောသူများဖြစ်ပါတယ်။ ကိုယ်ဘက်က ကောင်းပြပါသော်လည်း မကြာခဏအသည်းကွဲ ရတတ်သောသူများဖြစ်ပါတယ်။ ငယ်ငယ်ရွယ် အိမ်ထောင်မပြုသင့်ပါဘူး။
ထို့ကြောင့် နှလုံးသားထက် ဦးနှောက်ကို ဦးစားပေး၍ ကိုယ်ချစ်ကိုမရှာဘဲ သူချစ်ကိုရှာ၍ အချစ်ရေး အိမထောင်ရေးကို တည်ဆောက်သင့်သောသူများဖြစ်ပါတယ်။
ကျန်းမာရေး
အရိုးတွေ မကြာခဏ ကိုက်နေတတ်ပါတယ်။ ဆီးရောဂါ၊ အစာအိမ်ရောဂါ ၊ အဆုပ်ရောဂါ၊ သွေးတိုး သွေးကျ သွေးအားနည်း ၊ အရေပြားရောဂါ ၊ လေထိုးလေအောင့် ဗိုက်အောင့် ရောဂါ ၊ မကြာခဏထိခိုက်ရှာနာ နှင့် အခတ်မသင့်ပါ ခွဲစိတ်ကုသရာတာမျိုးအထိဖြစ်ရတတ်ပါတယ်။ သတိထားရန်လိုအပ်ပါတယ်။
ဖေဖော်ဝါရီလတွင် မွေးဖွားသူများ အားလုံး ကိုယ်စိတ်နှစ်ဖြာဘေးရန်ကွာ ချမ်းသာကြပါစေ..။
ဆရာဦးဘိုနိုင် ( ဗေဒင်)