ညက နိုင်ပွဲ အပြီးမှာ ချန်ပီယံလိဂ် သမိုင်းနဲ့ အင်္ဂလိပ်ကလပ်တွေ သမိုင်းမှာ မရှိဖူးသေးတဲ့ စံချန် (၂) ခု ကို မန်စီးတီး ရေးထိုး

မန်ချက်စတာစီးတီးဟာ အင်္ဂါနေ့ညက ဒိန်းမတ်မှာ ကိုပင်ဟေဂင်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီး ချန်ပီယံလိဂ် စံချိန်သစ် ၂ ခု ရေးထိုးနိုင်ခဲ့ပါတယ်။

ပထမစံချိန်ကတော့ ဖိုဒန်ရဲ့ သွင်းဂိုးကြောင့် မန်ချက်စတာစီးတီးဟာ ချန်ပီယံလိဂ်သမိုင်းမှာ ၇ ပွဲဆက်တိုက် အနည်းဆုံး ၃ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့တာပါ။ အဲဒီထက် ပိုစိတ်ဝင်စားစရာကော်ငးတာကတော့ ဂွါဒီယိုလာရဲ့အသင်းက ၇ ပွဲစလုံးမှာ ၃ ဂိုး အတိအကျ သွင်းယူထားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ ဒီရာသီအစောပိုင်း အုပ်စုအဆင့်ပွဲစဉ် ၆ ပွဲစလုံးမှာ ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ရက်ဒ်စတားဘဲလ်ဂရိတ်၊ လိုက်ပ်ဇစ်၊ ယန်းဘွိုင်းစ်တို့ကို ၃-၁ နဲ့ ၃ ပွဲဆက်တိုက် အနိုင်ရခဲ့တာပါ။

ဂွါဒီယိုလာရဲ့အသင်းဟာ ပွဲစဉ် ၄ မှာ ယန်းဘွိုင်းစ်ကို ၄-၀ နဲ့ ထပ်မံ အနိုင်ယူခဲ့ပြီး လိုက်ပ်ဇစ်နဲ့ ရက်ဒ်စတား ဘဲလ်ဂရိတ်တို့ကို ၃-၂ နဲ့ ၂ ပွဲဆက်တိုက် အနိုင်ယူပြီးနောက် ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂါနေ့ညမှာ ကိုပင်ဟေဂင်ကို အဝေးကွင်းမှာ ၃-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် လာမယ့်လ ဒုတိယအကျော့အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမယ့်ပွဲအတွက် မန်စီးတီးက သက်တောင့်သက်သာဖြစ်တဲ့ အနေအထားကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် ဒုတိယ စံချိန် အဖြစ် ဂွါဒီယိုလာရဲ့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ ၉ ပွဲဆက်နိုင်ပွဲရဖူးတဲ့ ပထမဆုံးသော အင်္ဂလိပ် အသင်းဖြစ်လာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့ရာသီ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ကတည်းက ရှုံးပွဲမရှိခဲ့တာဖြစ်ပြီး အစ္စတန်ဘူလ်မှာ အင်တာကို အနိုင်ယူပြီးနောက် အုပ်စုအဆင့်မှာ ၁၀၀ ရာခိုင်နှုန်းနိုင်ပွဲစံချိန်ရရှိခဲ့တာက အင်္ဂလိပ် အသင်းကို အဲဒီစံချိန် ရရှိစေမယ့်အခွင့်အရေးပေးခဲ့တာဖြစ်ပါတယ်။