15.Feb.2024 မှ 21.Feb.2024 အထိ တစ်ပတ်စာအတွက် ၇ရက် သားသမီး ဟောစာတမ်း

15.Feb.2024 မှ 21.Feb.2024 အထိ တစ်ပတ်စာ အတွက် ၇ရက် သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီတစ်ပတ်အတွင်း ကောင်းသောကံတွေဖြစ်ထွန်းနေတယ်။ အထူးသဖြင့်အလုပ်နဲ့ပတ်သက်သော ကောင်းသော အကျိုးဆက်တွေရလာနိုင်ပါတယ်။ သားသမီးနဲ့ဆက်စပ်ပြီး အလုပ်အကိုင်အချိတ်အဆက်တွေရလာတတ်ပါတယ်။ ငွေကြေးရလိုစိတ်ပြင်းထန်ပြီးတော့ ကြိုးစားလိုစိတ်တွေလဲ ပြင်းထန်နေတတ်ပါတယ်။ အဝေးသွားပြီးလုပ်လုပ်၊အထိုင် လုပ်ပြီးဆောင်ရွက်ရတဲ့အလုပ်ပဲဖြစ်ဖြစ် တိုးတတ်မှုကို ခံစားရတတ်ပါတယ်။

အိမ်တွင်းရေးမှာတော့ အကြီးအကဲတွေနဲ့ အတိုက်အခံမပြောမိပါစေနဲ့။ သားသမီးတွေနဲ့ ပညာရေးကိစ္စတွေ ဆွေးနွေးတာမျိုး၊သင်တန်းကိစ္စတွေ စီစဉ်ပေးတာမျိုး တွေဆောင်ရွက်နိုင်ပါတယ်။အချစ်ရေးတွင် ချစ်သူရှိနေသောသူများလည်း လမ်းခွဲရတတ်သည်။ အချစ်နှင့်ပတ်သက်၍ စိတ်တိုင်းမကျဖြစ်နေစဉ် လေးစားမြတ်နိုးနောက်တစ်ဦးကိုရင်ထဲမှ တိတ်တခိုးချစ်မိနေလိမ့်မည်။

ပညာရေးတွင် လက် တွေ့ထက် အတွေးအခေါ်နှင့် နှီးနှော ပြောဆိုမှု ပညာရပ်များကို စိတ်ဝင်စားနေမည်။ နောက်ပိုင်းတွင် အလွန် တော်သော ဆရာများနှင့် တွေ့လိမ့်မည်။ ဆရာသစ်များကြောင့် ပညာရေး ပိုမိုတော်လာမည်။ ကျန်းမာရေးမှာ ဆီးကျိတ် ရောင်ခြင်း နှင့်အတူ ဆီးရောဂါပါ ဖြစ်နိုင်ပါသည်။ ရင်ကျပ်၊ ချောင်းဆိုးရောဂါများလည်း ဖြစ်နိုင်ပါသည်။ သတိလက် လွတ်သွား မိစဉ် ဘယ်ဘက် ဒူးခေါင်း ဒဏ်ရာရနိုင်သည်။

အကျိုးပေးဂဏန်း ၃/၆/၅
အထူးဟော လူအများရဲ့ယုံကြည်အားကိုးခြင်းကိုခံရတတ်ပါတယ်။
ယတြာ စံပယ်ပန်းလေးတွေ ဘုရားမှာဝေနေအောင်လှူပေးပါ။

တနင်္လာ

ငွေအထွက်များနေမည်။ ငွေမဝင်ဘူးဟုမဆိုလိုပါ။ ဝင်သမျှ အဖတ်မတင်နိုင်တာကိုပြောတာပါ။ လုံခြုံရေးသတိ ပြုရမဲ့ကာလဖြစ်တာမို့..သူခိုး၊သူဝှက်၊ခါးပိုက်နှိုက် သတိပြုရမဲ့ကာလပါပဲ။ အထိုင်စီးပွားရေးများ အရောင်းအဝယ်ပါး ခြင်း၊အလုပ်မကောင်းခြင်းမျိုးတွေကြုံရတတ်ပါတယ်။ ခရီးကိစ္စတွေမှာတော့ အနည်းငယ်အစဉ်မပြေဖြစ်ရတတ်ပါ တယ်။ အန္တရာယ်ရှိတဲ့မြို့နယ်တွေကို သွားလာခြင်းရှောင်ရှားသင့်ပါတယ်။ တတ်နိုင်သမျှ အရက်ကို အလွန်အကျွံ သောက်ခြင်းရှောင်ပါ။

မိသားစုလုပ်ငန်းနှင့် မိခင်၏ အလုပ်များမှ ငွေဝင်မည်။ အေးစက်၍ လမ်းခွဲရန် ကြုံနေသော အိမ်ထောင်ရေးသည် အိမ်ထောင်ဖက်၏ အနေမှန်မှု ကြောင့် အစစ တည်ငြိမ်နေဆဲဖြစ်၏။ သို့သော် ပေါက်ကွဲလုလု ဗုံးပမာ အချိန်မရွေး လမ်းခွဲရန် အသင့်ဖြစ်နေမည်။ သို့မဟုတ်ပါက တစ်နယ်စီဝေးကွာ၍ လွမ်းမောဖွယ် အိမ်ထောင် ရေး ခရီးစဉ် ဖြစ်ပါသည်။

လူလွတ်များ ချစ်သူ ဝိုင်းဝိုင်း လည်၍ ပျိုတိုင်းကြိုက်သော နှင်းဆီခိုင် ဖြစ်နေမည်။ အနီနားကလူထက် အဝေးက ချစ်သူကို ပိုမိုလှမ်း မျှော်နေမည်။ ပညာရေးကဏ္ဍမှာတော့ ပျော်ရွင်စွာပညာသင် ယူဖြစ်မည်။ အလုပ်နှင့်ပညာ တစ်ထပ်တည်း ကျနေ မည်။ ကျန်းမာရေး အားကောင်းပေမယ့် ဓါးရှနှင့် ဆီပူမီးပူလောင်၊ လျှပ်စစ်ဓါတ်လိုက်မှုများ ကြုံတွေ့နိုင်ပါသည်။ ဆေးစားလည်း မှားတတ်သည်။

အကျိုးပေးဂဏန်း ၁/၄/၃
အထူးဟော အနည်းငယ်အလုပ်များ၍ ပင်ပန်းနေရတတ်ပါတယ်။
ယတြာ ကိတ်မုန့်နှစ်ချပ် ကလေးတစ်ဦးကို ဝယ်ကျွေးလိုက်ပါ။

အင်္ဂါ

စိတ်ပင်ပန်းရသည်အထိ အလုပ်တွေလုပ်နေရတတ်ပါတယ်။ မလုပ်လို့လဲမရပါ။ မိမိcustomer တွေအမြင် စောင်းသွားနိုင်ပါတယ်။ အလုပ်ကြွေးတွေမထားမိပါစေနဲ့။ ဝန်ဆောင်မှုပေးရတဲ့အလုပ်များ ဝန်ဆောင်မှုမပျက်ကွက်စေ ဖို့သတိပြုပါ၊ တရားရှုမှတ်ခြင်း၊အလုပ်တွေကို အသေးစိပ် ရှုမြင်ပြီး အရေးကြီးတာကို ဦးစားပေးလုပ်ခြင်းများက ဒီအပတ်အတွက် တာဝန်တွေကိုဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။

အိမ်ထောင်ရေးတာဝန်များ အလွန် ဖိစီးနေမည်။ ကြီးမား သောကျောက်တုံး ကြီးကို ရွက်ထားသကဲ့သို့ဖြစ်မည်။ အချစ်ရေးတွင်မသိမသာ အချစ်သစ် ကိုပြောင်းချင်သော် လည်း အဟောင်းကို လည်းမစွန့်နိုင် အချစ်ဝဲဂယက်ထဲ လည်နေမည်။ ပညာရေးတွင်ရှေးဟောင်း စာပေနှင့် အဘိဓမ္မာ၊ ဒဿနဘာသာရပ်များကိုလေ့လာခွင့်ရနေမည်။ ရှေးဟောင်းကျမ်းစာအုပ်များ ရလိမ့်မည်။ ဘာသာခြား ဆရာတို့၏ ကူညီမှု ကို ရမည်။ စိုက်ပျိုးရေးသမားများလမ်းနှင့်နီးသော သီးနှံစိုက်ခင်းများ ပိုး၊ ကြွက်တို့၏ ဖျက်ဆီး ခြင်း ခံရမည်။

ရေချိုးမှားတတ် သည်။ အအေးခံ များလွန်း၍ အကြောတတ်၊ လေဖြတ်မှုများ ကြုံတွေ့ရနိုင် ပါသည်။ အထူးသဖြင့် ခြေလက်ထုံကျဉ် နေမည်။ ခြေထောက်မှာ ထိခိုက်ဒဏ်ရာရတတ်ခြင်း၊ သွားနာခြင်း ကလည်း ဒုက္ခပေးပါလိမ့်ဦးမည်။

အကျိုးပေးဂဏန်း ၄/၆/ဝ
အထူးဟော ဝီရိယအားကို အထူးစိုက်ထုတ်မှအဆင်ပြေမည်။
ယတြာ ထမင်းဆီဆမ်းကို မြေပဲလေးဖြူးပြီးဘုရားကပ်လှူလိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု

စိတ်ဓာတ် တက်ကြွနေတတ်ပါတယ်။ လုပ်လိုစိတ်တွေ၊လုပ်ချင်စိတ်တွေများနေတတ်ပါတယ်။ လုပ်သလောက် လဲ အကျိုးများမဲ့ကာလဖြစ်ပါတယ်။ ငွေကြေးအဝင်များတာမို့ ထီကံစမ်းလို့ကောင်းပါတယ်။ လူမှုရေးနဲ့ပတ်သက်သော ကိစ္စမှန်သမျှ အဆင်ပြေချောမွေ့တတ်ပါတယ်။ မိတ်ဆွေသစ်တွေ တိုးပွားနေတတ်ပါတယ်။

ဒီကာလအတွင်း စပ်တူ ရှယ်ယာများ အထူးအောင်မြင်မည် သို့မဟုတ် ကြားပွဲစားထံအပ်ထားသော လုပ်ငန်း များမှ အောင်မြင်မည်။ ရပ်နားထား သော အလုပ်များကို ပံ့ပိုးကူညီမည့်သူများ ရောက်လာမည်။ ကိုယ်ပိုင်အတတ် ပညာ နှင့် ဆိုင်သောအလုပ်များ လုပ်ဖြစ် မည်။ ဈေးဆိုင်များရောင်းအား၊ ဝယ်အားကောင်း နေချိန်ဖြစ်သည်။ မြေယာ၊ ဆောက်လုပ်ရေး၊ စက်မှုဆိုင်ရာများ အကျိုးပေးမည်။ အခွန်နှင့် ကြော်ငြာများကြောင့် ငွေကုန်များမည်။ လူကြီး၊ မိဘ၊ ဆရာ များ၏ စောင့်ရှောက်မှုကို အထူးရနေချိန်ဖြစ်သည်။ မိမိအတတ်ပညာကို ထိရောက်စွာ အသုံးချဖြစ်မည်။ တပည့် များ၏ မှားယွင်းမှုများလည်း ကြုံတွေ့မည်။

အိမ်ထောင်ဖက်နှင့် အလွန်ကြည်နူးပျော်ရွှင်နေမည်။ လွမ်းဆွတ် ကုန်လွန် ခဲ့သော အချိန်နေ့ရက်များကို အစားထိုး၍ ပိုမိုအတိုးချ၍ ချစ်နေမည်။ အချစ်ရေးတွင် လူကြီးမိဘများ ကလည်း သဘောတူ၊ ကိုယ်တိုင်ကလည်း နှစ်သက်ကြည်နူးဖွယ်ရာ အချစ်ရေးဖြစ်မည်။ ပညာရေးအတွက် စိတ်အေး နေရ မည်။ မိတ်ဆွေကောင်းတို့၏ ကူညီ မှုကိုရရှိမည်။ ဆရာများနှင့် သဘောထားကွဲလွဲ တတ်သည်။ ဝမ်းဖော၊ ဝမ်းရောင် နှင့် အအေးပတ်၍ ဖျားနိုင်ပါသည်။ အစာအဆိပ်ဖြစ်တတ်သည်။ ဒီကာလမှာ သင်ဟာ အိမ်မှာနေရတာ မပျော်ပိုက်ပဲ ဖြစ်နေရပါ လိမ့် မည်။

အကျိုးပေးဂဏန်း ၁/၆/၉
အထူးဟော စီးပွားကောင်းလာတတ်ပါတယ်။
ယတြာ အကြော် ၅ခုဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး

ဒီကာလအတွင်း လူကြီးများ၏ တာဝန်ပေးမှုများကို တစ်ခုပြီးတစ်ခုအောင်မြင်စွာ ဆောင်ရွက်နိုင်သဖြင့် အောင် မြင် မှုနှင့် ငွေကြေးများ ရရှိနေမည်။ လျှို့ဝှက်သော စီးပွားရေးသတင်းကောင်းများ ကြားရမည်။ အမျိုးသမီး များကြောင့် စီးပွားရေးများ နှောင့်နှေးကြန့်ကြာမည်။ သို့မဟုတ် ဆုံးရှုံးနိုင်သည်။

အိမ်ထောင်ဖက်ကြောင့် ဂုဏ်သိက္ခာ တတ်နေမည်။ သားသမီးတို့အတွက် လင်မယား စကားအနည်းငယ်ပြောရမည်။ ဆွေမျိုးများ အလုပ်ကိစ္စဖြင့် အိမ်သို့ ရောက် ရှိလာ မည်။ ရင်းနှီးသူများ၏ ပညာရေးထောက်ပံ့ကူညီမှုများ ရရှိမည်။ အေးဆေးစွာ ပညာသင်ကြားလိုစိတ် များဖြစ်ပေါ်နေ မည်။အလုပ်ထက်လူသားအများအကျိုးပြုပရဟိတများလုပ်ချင်နေဖြစ်မည်။ အချစ်ရေးတွင် အသက် ကြီးသူကိုမှ လေးလေး စားစား မြတ်နိုးတွယ်တာတတ်သည်။ နှလုံးသားထက် ဦးဏှောက်ကို ပိုမိုဦးစားပေးချစ်နေ မည်။ အတိုက်အခံ တွေရှိ နေသည်။ ကျော်လွှားဖြစ်မည်။

ဆုံးဖြတ်ရခက်သော ပြသာနာတို့ကြုံတွေ့မည်။ မရောက် ဖူးသော ခရီးတို့ထွက် ဖြစ်မည်။ အရင်းနှီးဆုံး သူငယ်ချင်းများ စိတ်ဝမ်းကွဲမည်။အလုပ်အကိုင်တွင် တိုးတက်မှု ပြောင်း လဲမှု ရွှေ့ ပြောင်းမှုများ ဖြစ်မည်။မိသားစု အတွင်း ကြီးသူတစ်ယောက် ကျန်းမာရေး ချုုချာမည်။ မိမိရဲ့ကျန်းမာရေး မှာ အကြော၊ အဆစ်နှင့်ပတ် သတ်၍ ချုချာတတ်သည်။

အကျိုးပေးဂဏန်း ၂/၅/၈
အထူးဟော ကံအကောင်းလေးတွေများပါတယ်။
ယတြာ ငှက်ပျော်သီးမှည့်တစ်ဖီး ရဟန်းတစ်ပါးကိုလောင်းလှူလိုက်ပါ။

သောကြာ

ဒီကာလအတွင်း ရစရာတွေ များစွာရှိနေသော်လည်း တောင်းရခက်ခဲနေမည်။ ကုန်ကျစရိတ်တွေများနေမည်။ အစုစပ်ရှယ်ယာများမှ ခွဲထွက်ဖြစ်မည်။ စီးပွားရေး ပြိုင်ဘက်များစွာ ပေါ်လာမည်။ လူမျိုးခြား၊ ဘာသာခြား များက သင့်ကို အကူအညီများစွာ ပေးကြလိမ့်မည်။ ချစ်သူများ စိတ်ဆိုးမှုတွေကွယ်ပျောက်ပြီး စာနာနားလည်မှုအပြည့်ဖြင့် ခွင့်လွှတ် နေဖြစ်မည်။

ပညာရေးကံအထူးကောင်းနေမည်။ လက်တွေ့အသုံးချပညာရပ်များကို လုပ်ငန်းရှင်များ၏ အကူအညီဖြင့် သင်ယူနေဖြစ်မည်။ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲ ညောင်းညာနေမည်။ အထူးသဖြင့် ညာဖက်ပေါင် အကြောတတ် နေ မည်။ မျက်နှာမှာ အဖုအပိန့်များပေါ်လာမည်။ ရည်ရွယ်ချက်များနေသည်။ အတွေးတွေ များနေ သည်။

အလုပ်တွေ တစ်ခုမက လုပ်ချင်နေသည်။ လုပ်လည်းလုပ်နေသည်။ လုပ်သော လုပ်ငန်းတိုင်းကို ကိုယ်ကလွဲ လို့ သူတစ်ပါးမသိ အောင် လျှို့ဝှက်လုပ်ပါ။ ရစရာရှိသောငွေကြေးများ မရတတ်သေးပါ။ ငွေလိမ်ခံရကိန်းရှိသည်။ စက်၊ ပစ္စည်း အဝင် အထွက်မြင်သည်။အလုပ်အကိုင် နှင့်ပတ်သတ်၍ ထစ်ငေါ့ပြီးမှအောင်မြင်မည်။ စက်၊ ရွှေ အဝင်အထွက် ရှိသည်။ မိဘသား ချင်းတို့ အတွက် စိတ်ရှုပ်ရတတ်သည်။စပ်တူရှယ်ယာမလုပ်သင့်ပါ။စကားပြော ဆင်ခြင် ပါ။ စကား ရှုပ်တတ် သည်။ အသွားအလာဆင်ခြင်ပါ။

အကျိုးပေးဂဏန်း ၁/၅/၇
အထူးဟော မလိုအပ်ဘဲ ငွေအပိုမသုံးမိပါစေနဲ့။
ယတြာ နှင်းဆီပန်းဘုရားကပ်လှူလိုက်ပါ။

စနေ

ဒီကာလများအတွင်း အဘိဓမ္မာကျကျ တွေးတတ်ဖို့လိုပါတယ်။ အစွန်းမရောက်မှပဲ အစစအရာရာ အဆင်ပြေပါ လိမ့်မယ်။ဇာတာရှင်သည် လက်ရှိအလုပ်နေရာကနေ တခြားကို ပြောင်းလဲချင်တဲ့စိတ်တွေ ပေါ် ပေါက် လာနေတတ်ပါ တယ်။ မပြောင်းပါနှင့်။ နောက်ပြောင်းတဲ့ အလုပ်ကလည်း အကျိုးမပေးပါဘူး။

မထင်မှတ်တဲ့ ခရီးတွေ၊ မရည်ရွယ်တဲ့ ခရီးတွေလည်း သွားရတတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်း လုပ်နေတဲ့သူတွေအဖို့ အလုပ်မှာ ပျက်စီးဆုံးရှုံး မှုတွေ များနေ ရတတ်ပါတယ်။ ငွေပျောက်ခြင်း၊ ကြွေးတင်ခြင်း၊ ငွေအတွက် ဖြေရှင်းရခြင်း မျိုးလည်း ကြုံတွေ့ရတတ် ပါသည်။ အိမ်ထောင်သည်တွေအဖို့ အိမ်ထောင်ဖက်နဲ့ စိတ်ဝမ်းကွဲခြင်းမျိုး ကြုံတွေ့ရတတ် ပါသည်။ မြေတစ်ကွက် ဝင်လာ တတ်ပါသည်။ ကိုယ့်ကို အကျိုးပေးမယ့် ပညာရပ်တစ်ခု သင်ကြားရတတ်ပါသည်။

ထီကံ ကောင်းတဲ့ ကာလဖြစ် နေ၍ ထီကံစမ်းပေးပါ။ နိုင်ငံခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်တတ်ပါတယ်။ ခရီးသွားဖို့ ကြံရွယ်ထားရင်တော့ ဒီကာလအတွင်း သွားလိုက်ပါ။ အောင်မြင်မှုတွေ ရတတ်ပါတယ်။ ဒီအချိန်မှာ အိမ်ပြင်၊ အိမ်ဆောက်ခြင်း၊ အရောင်း အဝယ်လုပ်ခြင်း တွေကို လုံးဝမလုပ်ပါနှင့်။ အဆင်မပြေတတ်ပါ။ အပျော် ခရီးလည်း လုံးဝမသွားပါနှင့်။ အသွားအလာ ဆင်ခြင်မှသာ ကံကောင်းပါလိမ့်မည်။ ကျန်းမာရေးလည်း နည်းနည်း ညံ့တတ် ပါတယ်။

အကျိုးပေးဂဏန်း ၂/၃/၇
အထူးဟော အိမ်တွင်းရေးပြဿနာလေးတွေများနေရတတ်ပါတယ်။
ယတြာ ဆေးအလှူလေးတွေများများလုပ်ပေးပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)