Category: Sports

အာဆင်နယ် က ပြိုင်ဘက် ဖြစ်လာမှာ ထူးပြီး စိုးရိမ်နေမှာ မဟုတ်ဘူး ဆိုတဲ့ ကီဗင် ဒီဘရိုင်း

မန်ချက်စတာစီးတီး ကွင်းလယ် ကြယ်ပွင့် ကီဗင် ဒီဘရိုင်း က ကွန်မြူနတီဒိုင်းလုပွဲမှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပေမယ့် လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ဂန်းနားတွေနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်က တနင်္ဂနွေနေ့ ဝင်ဘလေမှာ မန်ချက်စတာစီးတီးကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကွန်မြူနတီဒိုင်းကို ရရှိသွားခဲ့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းဟာ ဗင်းဆင့် ကွန်ပနီရဲ့ ဘန်လေ အသင်းနဲ့ ရာသီအဖွင့်ပွဲစဉ်ကို
Read More

မန်စီးတီး ၄ ကြိမ်ဆက် ချန်ပီယံဖြစ်မလား သုံးသပ်တဲ့ ကာရေဂါနဲ့ ဂွာဒီယိုလာကို ဘက်ကန်သွားတဲ့ ဂယ်ရီနဗီး

စကိုင်းစပေါ့ရဲ့ နာမည်ကျော် ဘောလုံး သုံးသပ်သူတွေဖြစ်တဲ့ ဂယ်ရီနဗီးနဲ့ ဂျင်မီ ကာရေဂါတို့ဟာ ရာသီကြိုမှာ ဘယ်အသင်းက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မလဲ ခန့်မှန်းလာခဲ့ပါတယ်။ သူတို့ နှစ်ဦးလုံးဟာ မန်စီးတီး ချန်ပီယံဖြစ်မယ်လို့ ရဲရဲရင့်ရင့် မပြောကြတော့ပါဘူး။ ဒါပေမယ့် ကာရေဂါက မန်စီးတီးဟာ ပြိုင်ဘက်တွေထက် သာနေဆဲလို့ မြင်ပြီး နဗီးကတော့ ရာသီကြိုမှာ ပေါ့ပေါ့ပါးပါး ခန့်မှန်းရမယ်ဆိုရင်
Read More

ကွန်မြူနတီဒိုင်း ရသွားတဲ့ အာဆင်နယ်အသင်းအား ပါးပါးလေး ပုတ်လိုက်တဲ့ ဟာလန်းရဲ့ဖခင်

မန်စီးတီး တိုက်စစ်မှူး အာလင်းဟာလန်းရဲ့ဖခင် အယ်လ်ဖီ ဟာလန်းက ကွန်မြူနတီဒိုင်းကို ဆွတ်ခူးခဲ့တဲ့ အာဆင်နယ်အသင်းကို တွစ်တာမှာ လှောင်ပြောင်ပြောဆိုမှုများပြုလုပ်ခဲ့ပြီး မန်စီးတီးအသင်းကို ယခုရောက်ရှိနေတဲ့အဆင့်မှာပဲ ကျေနပ်မနေကြဖို့လည်း သတိပေးပြောဆိုခဲ့ပါတယ်။ အာဆင်နယ်ကို ပွဲကစားချိန်အတွင်း ၁-၁ နဲ့သရေ ရလဒ်ထွက်ပေါ်ပြီးနောက် ပင်နယ်တီအဆုံးအဖြတ် ၄-၁ နဲ့ရှူံးနိမ့်ခဲ့တဲ့ အဆိုပါပွဲစဉ်မှာ အယ်လ်ဖီရဲ့သားဖြစ်သူ မန်စီးတီးကြယ်ပွင့်တိုက်စစ်မှူး ဟာလန်းဟာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းရှိဘဲ ၆၄
Read More

ဘာနာဒိုနဲ့ ကန်ဆယ်လို ကို တပြိုင်နက်တည်း ခေါ်ဖို့ ကမ်းလှမ်းမှု ၂ ခု လုပ်လာတဲ့ ဘာစီလိုနာ အသင်း

လာလီဂါကလပ် ဘာစီလိုနာအသင်းဟာ ဘာနာဒိုဆေးဗားနဲ့ ကန်ဆယ်လိုတို့အတွက် မန်ချက်စတာစီးတီးထံ ပူးတွဲ အငှား ကမ်းလှမ်းမှုတစ်ခု ပေးပို့ခဲ့ပါတယ်။ မန်စီးတီးကြယ်ပွင့်နှစ်ယောက်လုံးကို လိုချင်နေတဲ့ ဘာစီလိုနာ အသင်းဟာ ဒီနွေမှာ ရည်မှန်းချက် ကြီးမားတဲ့ အပြောင်းအရွှေ့တစ်ခုလုပ်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး နှစ်ယောက်လုံးအတွက် တခါတည်း ကမ်းလှမ်းမှု လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒမ်ဘီလီနဲ့ ပီအက်စ်ဂျီတို့ သဘောတူညီမှုရထားတဲ့ သတင်းတွေထွက်လာပြီးနောက် ဘာစီလိုနာဟာ
Read More

မန်စီးတီးကို နိုင်လိုက်လို့ အာဆင်နယ်မှာ ပိတ်နေတဲ့ အဟန့်အတားကြီး မရှိတော့ဘူးလို့ ရမ်စ်ဒယ်

ကွန်မြူနတီဒိုင်း ပြိုင်ပွဲမှာ အာဆင်နယ်နဲ့ မန်စီးတီးတို့ဟာ မိနစ် ၉၀ သရေရလဒ် ထွက်ပေါ်ခဲ့ပေမယ့် ပင်နယ်တီမှာ ဂန်းနားတို့က ပြတ်ပြတ်သားသား ရလဒ်ဖြင့် အနိုင်ရသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲမှာ အကောင်းဆုံး ကာကွယ်မှုတွေ လုပ်ခဲ့သလို ပင်နယ်တီ အဆုံးအဖြတ်အတွင်း ရိုဒရီရဲ့ ကန်ချက်ကို ကာကွယ်ခဲ့တဲ့ ရမ်းစ်ဒယ်ကတော့ အခုဆိုရင် အာဆင်နယ်အသင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အဟန့်အတားကြီး
Read More

မန်စီးတီးတို့ ၄ ရာသီဆက် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်မလား မိုက်ကယ် အိုဝင်ရဲ့ ရာသီကြို ခန့်မှန်းချက်

နာမည်ကျော် ပရီးမီးယားလိဂ် သုံးသပ်သူကြီး မိုင်ကယ်အိုဝင်က ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် ရာသီကြို ခန့်မှန်းချက် အနှစ်ချုပ်တစ်ခုကို လုပ်လာခဲ့ပြီ ဖြစ်ပါတယ်။ မိုက်ကယ်အိုဝင်ကတော့ မန်စီးတီးကပဲ ပရီးမီးယားလိဂ်ဖလားကို ၄ ရာသီဆက် အောင်မြင်သွားမယ်လို့ ပြတ်ပြတ်သားသား ခန့်မှန်းခဲ့ပါတယ်။ မန်စီးတီးကို အဓိက စိန်ခေါ်မယ့် ပြိုင်ဘက်အဖြစ် အာဆင်နယ်အသင်း ဆက်ရှိနေမယ်လို့ သူက တွက်ဆပါတယ်။ ပက်ဂွာဒီယိုလာရဲ့
Read More

ဂိုး မသွင်းမချင်း အချိန်ပို ပေးမယ်ဆို နောက်ရက်လောက်ထိ ပေးချင် ပေးကြပေါ့ လို့ ရွဲ့လိုက်တဲ့ ပက် ဂွာဒီယိုလာ

မနေ့ညက ကွန်မြူနတီဒိုင်း ပွဲမှာ အချိန်ပိုတွေ အကြာကြီး ပေးခဲ့တဲ့ အပေါ် စီးတီး နည်းပြ ပက် ဂွာဒီယိုလာက လှောင်ပြောင်ခဲ့ပြီး ဒီလိုတာဆိုရင် ပွဲတွေ အပြီးသတ်ဖို့ တစ်ရက်နဲ့ မပြီးဘဲ နောက်ရက် ကိုတောင် ကူးသွားဦးမယ်လို့ ဟားတိုက်ခဲ့ပါတယ်။ ဒုတိယပိုင်း ၇၇ မိနစ်မှာ ကိုးပါးမား သွင်းယူခဲ့တဲ့ ဂိုးကို ထရော့ဆက်က
Read More

ကွန်မြူနတီဒိုင်းပွဲ မှတ်တမ်းဆိုး ကို မချိုးဖျက်နိုင်ဘဲ ပင်နယ်တီမှ အသည်းခွဲ ခံလိုက်ရတဲ့ မန်စီးတီးအသင်း

ဒီည ကွန်မြူနတီဒိုင်းပွဲကတော့ ပွဲကတော့ ဒီတလော ခြေအကောင်းဆုံး အသင်းတွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ရဲ့ အားပြိုင်မှု ဖြစ်တာကြောင့် အတော် မြိုင်ဆိုင်ပြီး ရင်ခုန်စရာ ပွဲ ဖြစ်ခဲ့ပေမယ့် စီးတီးတို့ ဖလား မယူနိုင်ခဲ့ပါဘူး။ နှစ်သင်းလုံးဟာ အကောင်းဆုံး ကြံ့ခိုင်မှုတွေ မရောက်သေးပေမယ့် အတော်လေး ကစားနိုင်ကြပါတယ်။ ပထမပိုင်းမှာ မန်စီးတီးက နောက်တန်းကို
Read More

ဘောလုံးရာသီသစ် မစခင် မန်စီးတီး အတွက် သတင်းကောင်း ပါးလာတဲ့ နည်းပြ ပက် ဂွာဒီယိုလာ

ဘောလုံးရာသီသစ် စတင်ဖို့ ပြင်ဆင်နေချိန်မှာပဲ ပက် ဂွါဒီယိုလာက ၂၀၂၅ ခုနှစ်နောက်ပိုင်းမှာလည်း မန်စီးတီးနဲ့ ချုပ်ဆိုထားတဲ့ သူ့ရဲ့စာချုပ်ကို သက်တမ်းတိုးသွားဖွယ် ရှိတယ်လို့ အရိပ်အမြွက် ထုတ်ပြော လိုက်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ သမိုင်းဝင်ဖလားသုံးလုံးအောင်မြင်မှု ဆွတ်ခူးနိုင်ခဲ့တဲ့ မန်ချက်စတာ အခြေစိုက် ကလပ်ဟာ လာမယ့်ဘောလုံးရာသီသစ်မှာ မည်သည့်အင်္ဂလန်ကလပ်အသင်းမှ မစွမ်းဆောင်နိုင်သေးတဲ့ လေးရာသီဆက် ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ကြိုးစားနိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။
Read More

မန်စီးတီး ရောက်တာနဲ့ ဟာလန်း အကြောင်း စ ပြောတဲ့ နောက်ခံလူသစ် ဂါဗာဒီအော

မန်စီးတီး အသင်းဟာ ခံစစ်မှူးသစ် ဂါဗာဒီအော ကို မနေ့က တရားဝင် မိတ်ဆက်ကြေညာပေးခဲ့ပြီ ဖြစ်ပါတယ်။ ဂါဗာဒီအော ကတော့ ပရီးမီးယားလိဂ် ပြောင်းလာချိန်မှာ အားလုံး ဖိန့်ဖိန့်တုန်ရတဲ့ တိုက်စစ်မှုး ဟာလန်း အား ပြိုင်ဘက် အဖြစ် မတွေ့ရဘဲ အသင်းဖော် ဖြစ်နေတာ အတွက် ကျေနပ်လို့ နေပါတယ်။ ဒီအကြောင်းကို မန်စီးတီး
Read More