Latest

ဒီည ဝက်စ်ဟမ်း – မန်စီးတီး ပွဲစဉ် အတွက် ခရစ်ဆက်တန် ရဲ့ ပွဲကြို ဟောကိန်းထုတ်ချက် ထွက်ပေါ်လာပါပြီ

ဒီတပတ် ပရီးမီးယားလိဂ် ပွဲတွေ ပြန် ကစားချိန်မှာ မန်ချက်စတာ စီးတီးက ဝက်စ်ဟမ်း အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲက ဒီနေ့ စနေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲ အချိန် မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။ ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ
Read More

ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆု ဆန်ခါတင်မှာ မန်စီးတီး ကစားသမား ၇ ဦးထိ ပါဝင်နေ

မနေ့ည က ဖီဖာ တစ်နှစ်တာ အကောင်းဆုံး ဆုတွေအတွက် ဆန်ခါတင်စာရင်း ထွက်ပေါ်လာရာမှာ အမျိုးသား ကစားသမားဆု စာရင်းမှာ ဟာလန်းက အမ်ဘာပေ၊ မက်ဆီတို့နဲ့အတူ ဦးဆောင်လာခဲ့ပါတယ်။ ထို ဆန်ခါတင် စာရင်းမှာ မန်စီးတီး ကစားသမား ၇ ဦးထိ ပါဝင်ခဲ့သလို နည်းပြ ဆန်ခါတင် စာရင်းမှာလည်း ပက် ဂွါဒီယိုလာ
Read More

မနက်ဖြန် ည ဝက်စ်ဟမ်း – မန်စီးတီး ပွဲ ဘယ်လို ရလဒ်ထွက်မလဲ ပေါမာဆန်ကြီး ကြိုတင် ဟောကိန်းထုတ်လိုက်ပါပြီ

နိုင်ငံပွဲတွေ ပြီးချိန်မှာတော့ ဒီတပတ်မှာ ပရီးမီးယားလိဂ် ပွဲတွေ ပြန် စပါပြီ။ မန်ချက်စတာ စီးတီးက ဝက်စ်ဟမ်း အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲက မနက်ဖြန် စနေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲ၊ လန်ဒန်ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာပါ။ ဘောလုံးပွဲတွေ သုံးသပ်နေကြ ဆရာကြီး
Read More

နည်းပြကြီး ပက် ဂွါဒီယိုလာ မန်ချက်စတာ စီးတီး အတွက် ပြန်လာပါပြီ

စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ ပြင်းထန်ကျောဒဏ်ရာကို အရေးပေါ်ခွဲစိတ်ကုသမှုခံယူပြီးနောက် သက်သာလာပြီဖြစ်တဲ့ မန်စီးတီး နည်းပြ ပက်ဂွါဒီယိုယာဟာ မန်ချက်စတာအခြေစိုက်ကလပ်နဲ့ ပြန်လည်ပူးပေါင်းလာပါတယ်။ အပြုံးပန်းဝေဆာနေတဲ့ စပိန်သားနည်းပြက ဝက်စ်ဟမ်းနဲ့ရင်ဆိုင်ရမယ့် ပရီးမီယားလိဂ်ပွဲစဉ်အတွက် ပြင်ဆင်ဖို့ နိုင်ငံ့လက်ရွေးစင် တာဝန်ထမ်းဆောင်ပြီးနောက် အသင်းဆီ ပြန်လည်ပူးပေါင်းလာတဲ့ သူ့ရဲ့ကစားသမားတွေကို လေ့ကျင့်ရေးကွင်းမှာ ကြီးကြပ်နေခဲ့ပါတယ်။ နောက်ကျောဒဏ်ရာ ခွဲစိတ်ကုသမှုပြုလုပ်ဖို့ လိုအပ်နေလို့ မန်စီးတီးအသင်းရဲ့ပွဲစဉ်နှစ်ပွဲကို လွဲချော်ခဲ့တဲ့ ပက်
Read More

ငွေသာ မရှိပေမယ့် ငါ ခေါ်မှာနော် လို့ ကြိုဦးထားတဲ့ ဘာနာဒို ဆေးလ်ဗား အတွက် ဘာစီလိုနာရဲ့ အကွက်ဆန်း

ဘာစီလိုနာ အသင်းကတော့ ဘဏ္ဍာရေး အခက်အခဲတွေကြောင့် အလိုရှိတဲ့ ကစားသမားတွေကို စိတ်ထင်တိုင်း ခေါ်ယူနိုင်ခြင်း မရှိပါဘူး။ ဒါပေမယ့် သူတို့ ပစ်မှတ် ကစားသမားတွေကိုတော့ ချည်ပြီးတုပ်ပြီး ခေါ်တဲ့အချိန် ရနိုင်အောင် စည်းရုံးထားပါတယ်။ မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးဗားနဲ့ လိုက်ဇစ် တိုက်စစ်သမား အော်မိုတို့ နှစ်ဦးလုံးဟာ လက်ရှိကလပ်တွေနဲ့ သက်တမ်းတိုးတဲ့ စာချုပ်သစ်မှာ
Read More

နောက်ကျော ဒဏ်ရာ ရသွားတာကြောင့် ပွဲ အနည်းငယ် လွဲဖို့ ရှိနေတဲ့ မန်စီးတီး ကွင်းလယ် ကြယ်ပွင့်

မန်စီးတီး ကွင်းလယ်လူ မာတီယို ကိုဗာဆစ်ဟာ နောက်ကျော ဒဏ်ရာတစ်ခု ရရှိခဲ့တာကြောင့် ရက် အနည်းငယ် အနားယူရနိုင်ဖွယ် ရှိနေပါတယ်။ ကိုဗာဆစ် က ကြွက်သားပြဿနာနဲ့ ရုန်းကန်နေရတာကြောင့် လက်ဗီးယား၊ အာမေးနီးယားတို့နဲ့ ကစားခဲ့တဲ့ ခရိုအေးရှားရဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ ၂ပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။ သူ့ရဲ့ ဒဏ်ရာကို ဓာတ်မှန်ရိုက် စစ်ဆေးမှု
Read More

တိုက်စစ်အားသန် ဘယ်နောက်ခံ အာဂျင် ကြယ်ပွင့်လေးကို ခေါ်ယူဖို့ ကနဦး သဘောတူညီမှု ရသွားတဲ့ မန်စီးတီး

မန်ချက်စတာ စီးတီးက အာဂျင်တီးနား ထိပ်သီးကလပ် ဘိုကာဂျူနီယာရဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ ဘာကိုကို ခေါ်ယူဖို့ ကနဦး သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သတင်းထွက်လာပါတယ်။ အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့် ဘာကိုက ဘယ်နောက်ခံလူ တဦး ဖြစ်ပြီး သူက အာဂျင်တီးနား ယူ-၂၀အသင်းရဲ့ အဓိက
Read More

ဂွါဒီယိုလာက တောင်းဆိုမှု များပြီး ရက်စက်တတ်သူ ဖြစ်ကြောင်း ပြင်သစ်သတင်းဌာနနဲ့ အင်တာဗျူးမှာ ဟာလန်း ဖွင့်ဟ

မန်စီးတီး တိုက်စစ်မှုး ဟာလန်းက ပက်ဂွါဒီယိုလာဟာ တောင်းဆိုမှုများပြားတဲ့ နည်းပြတစ်ဦးဖြစ်တာကြောင့် တခါတရံမှာ ရက်စက်တက်တယ်လို့ ဝန်ခံပြောဆိုလိုက်ပေမယ့် သူတို့နှစ်ဦးကြား ဆက်ဆံရေးဟာ အတော်လေးကောင်းမွန်နေတယ်လို့ ရှင်းပြသွားပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မန်စီးတီးအတွက် ဟာလန်းက သွင်းဂိုး ၅၆ ဂိုးအထိ စံချိန်တင်ရယူပေးခဲ့ပြီးနောက် သမိုင်းဝင်ဖလားသုံးလုံးအောင်ပွဲကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုဘောလုံးရာသီမှာလည်း မန်စီးတီးအတွက် သွင်းဂိုးတွေ ဆက်လက်ရှာဖွေပေးရင်း အကောင်းဆုံးခြေစွမ်းပြနေသလို ၂၀၂၃ဘော်လွန်းဒီအော်ဆု
Read More

ရိုဒရီ တိုက်တွန်းချက်၊ ရုန်းကန်ရကြောင်း ဝန်ခံလာတဲ့ ဟာလန်း၊ အယ်လ်ဗာရက် ကို စောင့်ကြည့်တဲ့ ရီးရဲလ်နဲ့ မန်စီးတီး သတင်းတိုများ

မန်စီးတီး အသင်း ကွင်းလယ်ကစားသမား ရိုဒရီကတော့ ဘောလုံးအာဏာပိုင် တွေအနေနဲ့ ဆော်ဒီလိဂ်ရဲ့ ကစားသမား ခေါ်ယူမှုတွေကို ထိန်းသိမ်းသင့်ကြောင်း တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။ မန်ချက်စတာစီးတီး အသင်းတိုက်စစ်မှူး ဟာလန်းကတော့ နည်းပြ ဂွာဒီယိုလာလက်အောက်မှာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ ရဖူးကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။ တိုက်စစ်မှုး ဟာလန်း က အသင်းဖော်ဟောင်း ဘယ်လင်ဟမ်တစ်ယောက် ရီးရဲလ်မက်ဒရစ်မှာ အမြင့်ပျံသန်းနေတာ
Read More

ဘလွန်းဒီအော် ဆု ရနိုင်သလား ဆိုတာ ဖြေကြားလာတဲ့ မန်စီးတီး တိုက်စစ်မှုး ဟာလန်း

မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းကတော့ ၂၀၂၃ခုနှစ် ဘော်လွန်းဒီအော်ဆုအတွက် လီယွန်နယ်မက်ဆီကို စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဟာလန်းနဲ့ မက်ဆီတို့ဟာ ယမန်နှစ်ရာသီအတွင်း အရေးပါတဲ့ ဆုဖလားတွေကို ပိုင်ဆိုင်ခဲ့ပြီးနောက် ယခုနှစ် ဘော်လွန်းဒီအော် ဆုအတွက် အပြိုင်ဖြစ်နေကြပါတယ်။ ဟာလန်းက မန်စီးတီးအသင်းမှာ ပြိုင်ပွဲစုံ ၅၃ပွဲကစား ၅၂ဂိုးသွင်းကာ ပရီးမီးယားလိဂ်၊ အက်ဖ်အေနဲ့ ချန်ပီယံလိဂ်ဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
Read More