Latest
ပရီးမီးယားလိဂ် အသင်းကြီးတွေ ဖြစ်ကြတဲ့ မန်ချက်စတာ စီးတီး၊ မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့က ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာနဲ့အတူ ပွဲထွက်ခွင့်တွေ ရနေတဲ့ လူငယ်ခံစစ်မှူး ကူဘာဆီကို ခေါ်ယူဖို့ စောင့်ကြည့်နေကြကြောင်း စပိန်အခြေစိုက် သတင်းတွေက ဖော်ပြလာကြပါတယ်။ အသက် ၁၇နှစ် အရွယ်သာ ရှိသေးတဲ့ စပိန် ယူ-၁၇လက်ရွေးစင် ကူဘာဆီက ဘာစီလိုနာရဲ့
Read More
မန်စီးတီးနဲ့အတူ ပွဲဦးထွက်ရာသီမှာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာ စွမ်းဆောင်ရည်ကျဆင်းနေတာကြောင့် တိုက်စစ်မှုး ဟာလန်း တစ်ယောက် ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး ဂါးလက်စ်က ဟာလန်းရဲ့လက်ရှိစွမ်းဆောင်ရည်ဟာ ပြီးခဲ့တဲ့ရာသီကိုမမီဘူးလို့ ခံစားနေရပါတယ်။ “တူညီတဲ့ဟာလန်းလို့ ကျွန်တော်မထင်ပါဘူး။ သူပွဲအတွင်းကစားတာ ပြေးလွှားတာနဲ့ စိတ်အားထက်သန်မှုတွေက ပြီးခဲ့တဲ့နှစ်ကနဲ့ မတူတော့ပါဘူး။ ပြီးခဲ့တဲ့ရာသီတုန်းက သူကဘောလုံးတိုင်းကိုပြေးလွှားပြီး တိုက်ခိုက်ရယူတာပါ။ ပြိုင်ဘက်နောက်ခံလူတွေကိုလည်း အားသွန်ခွန်စိုက်ဖိအားပေးခဲ့ပါတယ်။ အဲ့အချိန်တုန်းက
Read More
အခုချိန်မှာ အာကာသထဲကို သွားရောက်လည်ပတ်ဖို့ဆို Virgin Galactic ရဲ့မိနစ် ၉၀ စာခရီးအတွက် ဒေါ်လာ ၄ သိန်းခွဲလောက် ကုန်ကျမှာဖြစ်ပါတယ်။ လူအများစုအတွက်အဆင်မပြေပါဘူး။ ဒါကြောင့်ကနေဒါအခြေစိုက် Moon World Resort Inc ကလကမ္ဘာကိုအမှန်တကယ်သွားရောက်သလို ခံစားနိုင်စေမယ့် အပန်းဖြေစခန်းတစ်ခုကို ဒေါ်လာ ၅ ဘီလီယံ အကုန်ကျခံပြီး ဒူဘိုင်းမှာဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ Moon World
Read More
အာဆင်နယ်အသင်းဟာ ပေါ်တိုကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ရောက် သွားတဲ့အတွက် မန်စီးတီးကွင်းကိုသွားဖို့ ယုံကြည်ချက် အပြည့်ရှိသွားပြီလို့ အာဆင်နယ် တိုက်စစ်မှူး ဘူကာယို ဆာကာက ပြောပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရက်က ကစားခဲ့ တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပေါ်တိုကို ပင်နယ်တီ အဆုံးအဖြတ် ၄-၂ ရလဒ်နဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်
Read More
မန်ချက်စတာ စီးတီးအသင်းက ကွင်းလယ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် နယူးကာဆယ်ရဲ့ ကွင်းလယ်ဗိုလ်ချုပ် ဘရူနို ဂွီမာရက်စ် ကို လာမယ့် နွေဈေးကွက်မှာ စာချုပ်ဖျက်သိမ်းကြေး ပေးကာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အင်္ဂလန် သတင်းတွေက ဖော်ပြလာကြပါတယ်။ စီးတီးက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လူအင်အား အတောင့်တင်းဆုံးအသင်း အဖြစ် တင်စားခံထားရပေမယ့် သူတို့အသင်းရဲ့
Read More
လီဗာပူးလ်ကို ပင်နယ်တီမပေးတဲ့ဒိုင်က ကမ္ဘာ့အကောင်းဆုံးဒိုင်လို့ မန်စီးတီးနောက်ခံကစားသမား ဝေါ်ကာ က ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။ စီးတီး အသင်းခေါင်းဆောင် ကိုင်လီ ဝေါ်ကာက တနင်္ဂနွေနေ့ညက အန်းဖီးမှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း နောက်ဆုံးမိနစ်မှာ ဒိုကုက ဘောလုံးရှင်းထုတ်ရင်း မက္ကယ်လစ္စတာရဲ့ ရင်ဘတ်ကို ကန်မိခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင်နဲ့ VAR တို့က ပင်နယ်တီ မပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပါတယ်။
Read More
မန်စီးတီးနဲ့ အင်္ဂလန် လက်ရွေးစင်နောက်ခံလူ ကိုင်လီဝေါ်လ်ကာက သူရဲ့မွေးရပ်မြေဖြစ်တဲ့ ရှက်ဖီးမြို့မှာ ဘောလုံးအကယ်ဒမီတစ်ခုကို ဦးစီး ဖွင့်လှစ်လိုက်ပါပြီ။ ရှက်ဖီးယူနိုက်တက်နဲ့အတူ ပရိုကစားသမားဘ၀ စတင်ခဲ့တဲ့ အသက်-၃၃ နှစ်အရွယ် ကစားသမားက သူမွေးဖွားကြီးပြင်းခဲ့ရာဇာတိမြို့အတွက် တစုံတရာပြန်လည်ပေးဆပ်ချင်ခဲ့တယ်လို့ ပြောပါတယ်။ ရှက်ဖီးကောလိပ်နဲ့အတူ ပူးပေါင်းတည်ထောင်တဲ့ အခုအကယ်ဒမီမှာ အသက်-၁၆ နှစ်မှ ၁၉ နှစ်အကြား အလားအလာရှိကစားသမားတွေအတွက် ဘောလုံးနဲ့ ပညာသင်ကြားမှုဆိုင်ရာ
Read More
ဘီဘီစီ သုံးသပ်သူ တစ်ဦးဖြစ်သလို လီဗာပူး ကွင်းလယ်လူဟောင်းလည်း ဖြစ်တဲ့ ဒန်နီမာဖီကတော့ လီဗာပူးအသင်းနဲ့တကွ ကြီး ၆ ကြီး စာရင်းဝင် ကလပ်တွေ လုပ်ပြနေမှုဟာ မန်စီးတီးကို ဘယ်လို အနိုင်ယူရမလဲ အာဆင်နယ်အသင်းအား မြင်တွေ့စေမယ်လို့ ယုံကြည်နေပါတယ်။ ဒီရာသီမှာ မန်စီးတီးဟာ လီဗာပူး၊ စပါး၊ ပဲလေစ့်၊ ချယ်ဆီးတို့ကို အိမ်ကွင်းတွေမှာ သရေကျခဲ့တာကလွဲလို့
Read More
ပြီးခဲ့တဲ့ရက် က လီဗာပူးနဲ့ မန်စီးတီးပွဲကို ကြည့်ပြီးတဲ့နောက် ဒီရာသီမှာ အာဆင်နယ်က အခွင့်အရေးကြီး ရှိနေကြောင်း သရဲနီဟောင်းကြီး ရွိုင်ကိန်းက သုံးသပ် ပြောဆိုလာပါတယ်။ မတ်လထဲ နိုင်ငံတကာ သီတင်းပတ် ပြီးရင် မတ် ၃၁ ရက်နေ့ အီတီဟတ်မှာ ယှဉ်ပြိုင်ကစားရမယ့် မန်စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ပွဲကောင်းရှိပေမယ့် ဂန်းနားတို့ အရေးနိမ့်သွားမယ်လို့ ပြောလို့
Read More
လီဗာပူးနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ မန်စီးတီး ပွဲထွက် ဂိုးသမား အီဒါဆန်ဟာ ကာလတစ်ခု အနားယူရဖွယ်ရှိကာ မတ်လ နိုင်ငံတကာသီတင်းပတ် ပြီးနောက် ကန်ရမယ့် အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲကိုပါ လွဲချော်ဖွယ် ရှိနေပါတယ်။ အီဒါဆန်ဟာ ကြွက်သားဒဏ်ရာရခဲ့ခြင်းဖြစ်ကာ ဘရာဇီး လက်ရွေးစင် အသင်း လူစာရင်းကနေပါ နှုတ်ထွက်ခဲ့ပြီဖြစ်ပါတယ်။ သူဟာ မျှော်လင့်ထားသလို ခပ်မြန်မြန် ပြန်သက်သာလာဖွယ် မရှိဘူးလို့လည်း
Read More