Latest
အခုနှစ် ပထမကိုးလအတွင်း ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်အပါအဝင် ချင်းမိုင်နဲ့ နေရာအနှံ့မှာ မြန်မာတွေ ကွန်ဒိုဝယ်ယူမှု မနှစ်ကထက် ၃ ဆတိုးလာတယ်လို့ ထိုင်းအိမ်ခြံမြေ သတင်းအချက်ဌာန (REIC) ကနေ ထုတ်ပြန်လိုက်ပါတယ်၊၊ ထိုင်းမှာ တရုတ်နိုင်ငံပြီးရင် မြန်မာက ကွန်ဒိုဝယ်ယူမှုမှာ ဒုတိယအများဆုံးဖြစ်ပြီး တတိယကတော့ ရုရှားနိုင်ငံဖြစ်ပါတယ်။ “တခြားနိုင်ငံတွေမှာ ပဋိပက္ခတွေဖြစ်တဲ့အခါတိုင်း နိုင်ငံခြားသားတွေက အေးအေးချမ်းချမ်းနေချင်လို့ ထိုင်းကိုရောက်လာကြတယ်”
Read More
စက်သုံးဆီတင်သွင်းရောင်းချသော လုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၃၅ သန်းကို ရောင်းချပေးမည်ဟု ကြေညာခဲ့ပြီးနောက် နိုဝင်ဘာလ ၁၉-၂၀ နေ့တွေမှာ ၂ ရက်ဆက်တိုက် ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းလာသည်။ ယခုလအတွင်း ဆက်တိုက်ကျဆင်းပေမယ့်လို့ ဒီအပတ်ကစပြီး ပြည်တွင်းမှာ ဒေါ်လာနှင့် ရွှေစျေးများ ပြန်တက်လာနေချိန် ဗဟိုဘဏ်ဘက်က ဒေါ်လာနှင့် ဘတ်တို့အား သန်းဆယ်ချီ ထုတ်ရောင်းလာနေခြင်းဖြစ်သည်။ နိုဝင်ဘာလ ၁၉
Read More
နိုဝင်ဘာလ ၁၉ ရက်နေ့တွင် နိုင်ငံခြားငွေကြေးဈေးကွက်ထဲသို့ ကန်ဒေါ်လာ သန်း ၂၀ နှင့် ထိုင်းဘတ်ငွေ သန်းပေါင်း ၁၀၀ အတိအား ဗဟိုဘဏ်ဘက်က ထုတ်ရောင်းခဲ့ပြီဖြစ်ပါတယ်။ စက်သုံးဆီလုပ်ငန်းရှင်များသို့ အမေရိကန်ဒေါ်လာ ၃၅ သန်းအား အွန်လိုင်းနိုင်ငံခြားငွေအရောင်းအဝယ်ဈေးကွက် (FX Market Online Trading Platform) မှတစ်ဆင့် ရောင်းချပေးဦးမည်ဟု ကြေညာအပြီး ရက်အနည်းအကြာတွင်
Read More
ဒေါ်လာစျေး သိသိသာသာ ဆက်ကျနေပြီး ၄၄၀၀ အောက်ထိ ဆက်ဆင်းမယ့် အနေအထားမျိုး မြင်လာရပါတယ်။ ယနေ့ နိုင်ငံခြားငွေလဲနှုန်းများ (နိုဝင်ဘာလ ၁၈ ရက်) -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၄၄၅၀ ကျပ် ဝယ်ဈေး – ၄၃၅၀ ကျပ် -ယူရို ရောင်းဈေး – ၄၆၉၅ ကျပ် ဝယ်ဈေး
Read More
ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီ တင်သွင်းသောလုပ်ငန်းရှင်များသို့ အမေရိကန်ဒေါ်လာ (၃၅) သန်း ရောင်းချပေးမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ ဗဟိုဘဏ်အနေဖြင့် ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာ (၁၁) ရက်အထိ (၃)လခွဲအတွင်း ဒေါ်လာ (၂၅၆)သန်းကျော်၊ ထိုင်းဘတ် (၁)ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၄)
Read More
မွန်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် နယ်မြေ မတည်ငြိမ်ဖြစ်နေရာ မြို့ပေါ်ဖြစ်တဲ့ မော်လမြိုင်မြို့ပေါ်သို့ ပြောင်းရွေ့လာသူ များလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။ အိမ်၊ ခြံ၊ မြေ ဝယ်ယူသူများ များလာသလို အိမ်အဌားရှာသူများလည်း ယခင်နှစ်များထက် ပိုမိုများလာနေကြောင်း အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။ “တိုက်ခန်းတို့အိမ်တို့ ဝယ်တဲ့သူတွေထက် အဌားပိုများတယ်။ လုံးချင်းပဲရရ တိုက်ခန်းပဲ ရရ ဌားမယ်ဆိုတဲ့လူတွေ ပိုများလာတယ်”ဟု
Read More
ကြိုးဝိုင်းထဲကို တကျော့ပြန်ဝင်မယ့်ပွဲအတွက် Faceoff လုပ်ချိန်မှာ မိုက်တိုင်ဆန်ကြီး ပွဲကြမ်းသွားပါတယ်။ မိုက်တိုင်ဆန်က အသက် ၅၈ နှစ် အရွယ်ရှိနေပြီဖြစ်ပြီး ပြိုင်ဘက်ဖြစ်တဲ့ youtuber အဖြစ်ကနေ ဘောက်ဆင်သမားဖြစ်လာသူ ဂျိတ်ပေါလ်က ၂၇ နှစ်ပါ။ မိုက်တိုင်ဆန် ဖြတ်ရိုက်ခဲ့တာကတော့ သူ့ ခြေထောက်ကို တက်နင်းရာက မလေးမစားလုပ်ခံရတယ်ဆိုပြီး ဒေါသထွက်သွားတာ ဖြစ်ပါတယ်။ ဂျိတ်ပေါလ်ကတော့ အရိုက်ခံရပြီးနောက်မှာ
Read More
ပြည်တွင်းမှာ ရွှေစျေးတွေ ဆက်တိုက်ကျနေပြီး ကျပ် သိန်း ၆၀ အောက်ကို ဆင်းနေပါပြီ။ ယနေ့ November လ ( 14 ) ရက်နေ့ ညနေ ( 5 ) နာရီ ဝန်းကျင် အရ ငွေဈေးနှုန်း ၊ ရွှေဈေးနှုန်း များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
Read More
ကမ္ဘာပေါ်မှာ ဧရိယာ အကျယ်အဝန်းအရ အကြီးဆုံးလေဆိပ်ကတော့ ဆော်ဒီအာရေဗီးယားနိုင်ငံက King Fahd လေဆိပ်ဖြစ်ပါတယ်။ ၇၇၆ စတုရန်းကီလိုမီတာတောင်ကျယ်တာကြောင့် ရန်ကုန်မြို့ရဲ့ တစ်ဆခွဲလောက် ရှိပါတယ်။ ဧရိယာအရကျယ်ဝန်းပေမယ့် မြေနေရာတော်တော်များများ (အားလုံးနီးပါး) ကအလွတ်တွေဖြစ်ပါတယ်။ အနာဂတ်စီမံကိန်းအတွက် တိုးချဲ့နိုင်ဖို့ရည်ရွယ်ဆောက်လုပ်ထားတာပါ။ ဆော်ဒီနိုင်ငံရဲ့ ၅ ခုမြောက်အကြီးဆုံးမြို့လည်းဖြစ် အရှေ့ပိုင်းပြည်နယ်ရဲ့ မြို့တော်လည်းဖြစ်တဲ့ ဘာရိန်းနယ်စပ်အနီးက လူဦးရေတစ်သန်းကျော်နေထိုင်တဲ့ Damman မြို့မှာတည်ရှိပါတယ်။
Read More
စက်တပ်ယာဉ်တွေ ထုတ်ရာမှာ ကမ္ဘာ့ ဦးဆောင် ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်တဲ့ ဂျပန် ကုမ္ပဏီကြီး ဟွန်ဒါဟာ သူတို့ ထုတ်လုပ်တဲ့ ကမ္ဘာပေါ် အရောင်းရဆုံး မော်တော်ဆိုင်ကယ် အမျိုးအစား ဆူပါကပ် ဆိုင်ကယ်တွေကို ထပ်ပြီး မထုတ်တော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ၁၉၅၆ ခုနှစ်က စပြီး ထုတ်ခဲ့တဲ့ ဆူပါကပ်တွေဟာ အင်ဂျင်စက် သေးပြီး
Read More