Latest

ပြည်နယ်အချို့နဲ့ တိုင်ဒေသအချို့မှာ ၄၈ နာရီအတွင်း မိုးကြီးနိုင်ကြောင်း မိုးဇလ သတိပေး

ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းဟာ ပိုမိုအားကောင်းလာနေပြီး လေဖိအားနည်းရပ်ဝန်းကနေ နောက် ၂ ရက်အတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ကြောင်း မိုး/ဇလက ခန့်မှန်းထားပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်နဲ့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ ဆက်လက်အားကောင်းနေတာကြောင့် ယနေ့နံနက်မှ စက်တင်ဘာ ၁၅ ရက်နေ့အတွင်း ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ
Read More

ဗဟိုဘဏ် သတင်းကြောင့် ယနေ့ စက်တင်ဘာ ၁၃ ရက်နေ့မှာ စက်သုံးဆီစျေးနှုန်းတွေ ကျဆင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြား ငွေကြေးဈေးကွက်ထဲကို အမေရိကန်ဒေါ်လာ ၁၇ သန်း ရောင်းချသွားမယ်လို့ မနေ့က စက်တင်ဘာလ ၁၂ ရက်နေ့မှာ ကြေညာပါတယ်။ Fx Trading Platform ကနေ တစ်ဆင့် နိုင်ငံခြားငွေကြေးဈေးကွက် အတွင်းကို ရောင်းချပေးမှာပါ။ စက်သုံးဆီကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းနဲ့ စားသုံးဆီကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၇ သန်း
Read More

နိုင်ငံအဝန်း မြို့ကြီးများစွာ ရေဘေးခံနေရချိန် ရန်ကုန်အတွက် သတိပေးချက်ပါ ထွက်လာပါပြီ

ရန်ကုန်မြစ်ရေ တိုးလာနိုင်ပြီး ထူးကဲဒီရေတက်လာနိုင်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကထုတ်ပြန်ထားပြီး ရန်ကုန်မြို့ခံများ ရေကြီးမှု‌ဘေးကြိုတင်သတိပြုကြရန် မိုးလေဝသဆိုင်ရာလေ့လာသူများက သတိပေးလာသည်။ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း မိုးရွာသွန်းမှုများပြီး ရန်ကုန်မြို့ရှိ ငမိုးရိပ်ချောင်း၊ ပုဇွန်တောင်ချောင်းတို့ ရေများလာနိုင်ကာ မြစ်ချောင်းများနှင့်နီးသည့်အနိမ့်ပိုင်းရပ်ကွက်များ ကြိုတင်သတိပြုကြရန်မိုးလေဝသဆိုင်ရာလေ့လာသူ ဦးဝင်းနိုင်က ပြောသည်။ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စက်တင်ဘာလဒုတိယအပတ်မှစ၍ မိုးသည်းထန်စွာရွာသွန်းနေပြီး နိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများ ရေကြီးမှု
Read More

တာချီလိတ်၊ ကျိုင်းတုံ၊ တပ်ကုန်မြို့တွေ အပါအဝင် နိုင်ငံတဝန်း မြို့ကြီး ၇ မြို့ထက်မနည်း ရေကြီးကာ အကူအညီ လိုအပ်နေ

တာချီလိတ်နဲ့ ကျိုင်းတုံ၊ တပ်ကုန်းမြို့တွေအပါအဝင် နိုင်ငံတဝန်း မြို့ကြီး ၇ မြို့ထက်မနည်းမှာ ရေကြီးနေပါတယ်။ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တစ်ခုလုံး အဆိုးရွားဆုံးရေကြီးမှုကို ရင်ဆိုင်နေရကာ အချိန်တိုအတွင်း ‌ရေက အရှိန်မြင့်ထိုးတက်လာတာကြောင့် ရှောင်တိမ်းချိန်မရတဲ့အထိဖြစ်ကြရသလို နေအိမ်အများစုလည်း ရေမြုပ်ပါသွားတာ လူပျောက်တာတွေလည်းရှိနေပါတယ်။ “ မိုးလင်းထဲက တပ်ကုန်းမှာရေစကြီးတာ ငလိုက်ဆည်ဘက်ကလာတဲ့ တောင်ကျချောင်းတက်ပြီး ရေကြီးတာ။ ၁၀ ပေ ကျော်လောက်အထိတက်တယ်။
Read More

တိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် တာချီလိတ်မြို့ ရေကြီးနစ်မြုပ်မှု အခြေအနေ

တိုင်ဖွန်းမုန်တိုင်း”ရာဂိ”အရှိန်ကြောင့်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်ကြောင့် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်း၍ မယ်ဆိုင်ချောင်းရေမြင့်တက်ကာ ထိုင်း- မြန်မာနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်တို့ရှိ ရပ်ကွက်များအတွင်း ရေကြီးနစ်မြုပ်မှု ဖြစ်ပွားလျက်ရှိသည်။ မိုးသည်းပြီး တောင်ကျချောင်းရေ ကျလာတာကြောင် တာချီလိတ်နဲ့ မယ်ဆိုင်မြို့ကို ဆက်ထားတဲ့ ချစ်ကြည်ရေးတံတားကိုတောင် ရေကျော်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဒီအတောအတွင်းမှာပဲ မိုးလေဝသဌာနကတော့ ရှမ်းအရှေ့မှာ မနက်ဖြန်အထိ
Read More

ပြင်ပဒေါ်လာ တရှိန်ထိုး ကျနေချိန် ဗဟိုဘဏ် အဆင်း ဘီးတပ်ပေးမယ် အသံထွက်

ဩဂုတ်လအတွင်း စံချိန်တင်စျေးတန်းအဖြစ် ပြင်ပစျေးကွက်မှာ အမေရိကန် ၁ ဒေါ်လာကို ကျပ် ၇၀၀၀ ကျော်ထိ တက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစလို့ ဆက်တိုက် ပြန်ကျဆင်းလာခဲ့ပါပြီ။ အမေရိကန်ဒေါ်လာဈေးဟာ အခုတပတ်အတွင်းမှာ အတက်အကျ အနည်းငယ်စီနဲ့ အချိန်ပိုင်းအတွင်း ဈေးနှုန်းအပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ရာ လက်ရှိ ကျပ် ၅၀၀၀-၅၁၀၀ ဝန်းကျင်ကို ရောက်နေပါတယ်။ ဒီကာလတွေအတွင်း ဗဟိုဘဏ်က
Read More

ဘန်ကောက်သို့ အလုံးအရင်း ပြောင်းရွှေ့နေတဲ့ မြန်မာလူမျိုး အစားအသောက် လုပ်ငန်းရှင်များ

၂၀၂၁ နောက်ပိုင်း ပြင်ပကို ထွက်ခွာသွားတဲ့ မြန်မာနိုင်ငံသား သန်းနဲ့ချီနေသလို မြန်မာပြည်က စားသောက်ဆိုင်တွေ အများအပြား ဘန်ကောက်ကို ရွှေ့ကြတာက မကြုံစဖူးအခြေအနေအထိတောင် များပြားလာပါတယ်။ မြန်မာနိုင်ငံမှာ နာမည်ရတဲ့ စားသောက်ဆိုင်ကြီးတွေ ထိုင်းနိုင်ငံဘက်မှာ ဆိုင်လာဖွင့်ကြတာဟာ အလုပ်လုပ်လိုတဲ့ လူတန်းစားတွေ ထိုင်းနိုင်ငံဘက်ကို အုံနဲ့ကျင်းနဲ့ ရွှေ့ပြောင်းနေကြတယ်ဆိုတာကို ထင်ထင်ရှားရှားမြင်ရတဲ့ အကောင်းဆုံး ပြယုဂ် ဖြစ်ပါတယ်။ ၂၀၂၁
Read More

ရှာမေးလ်အာဒိုဂန်ကို ပြတ်ပြတ်သားသား အရှုံးပေးလိုက်ရတဲ့ အောင်လအန်ဆန် (ပွဲရုပ်သံပါဝင်)

မြန်မာ့စပါးအုံး အောင်လအန်ဆန်နဲ့ တူရကီနိုင်ငံသား ရှာမေးလ်အာဒိုဂန် တို့ ရဲ့ အမေရိကန် ၊ ဒန်ဗာမြို့က ONE 168 ပွဲစဉ်မှာ အောင်လ က ရှာမေးလ်ကို ဒုတိယအချီမှာပဲ ဒိုင်ပွဲရပ်နဲ့ ရှုံးခဲ့ပါတယ်။ ရှာမေးလ် က အောင်လကို ပထမအချီကတည်းက ချုပ်ကွက်နဲ့ အသာစီးရခဲ့ပြီး Stand ၊ Strike နဲ့
Read More

စက်သုံးဆီ စျေးပြန်တက်နေသလို ကားတစ်စီး ကျပ် ၅၀၀၀၀ ဖိုးသာ ဝယ်ယူခွင့်ပြု

စက်သုံးဆီရည်ညွှန်းဈေးဟာ စက်တင်ဘာ ၆ ရက် ဒီနေ့မှာ တလီတာ ကျပ် ၃,၂၀၀ ကျော်အထိ ဈေးထပ်တက်ပြီး ကားတစီးကို ကျပ် ၅၀,၀၀၀ ဖိုးသာ ရောင်းတော့တယ်လို့ ယာဉ်မောင်းတွေထံက သိရပါတယ်။ စက်တင်ဘာ ၅ ရက်မှာ စက်သုံးဆီရည်ညွှန်းဈေးဟာ 92 Ron တလီတာကို ကျပ် ၃,၁၀၀ ရှိခဲ့ပေမဲ့ ဒီနေ့မှာ
Read More

ဆီထုတ်ယူခွင့်စာအုပ်နဲ့ စားသုံးဆီ စရောင်း၊ စက်သုံးဆီကိုလည်း စမတ်ကတ်နဲ့ရောင်းဖို့ ပြင်ဆင်နေ

ရန်ကုန်တိုင်း မြို့နယ်တချို့မှာ စားသုံးဆီတွေကို ဆီထုတ်ယူခွင့်စာအုပ်စနစ်နဲ့ အခုအပတ်အတွင်း စတင် ရောင်းချနေပြီလို့ ကိုယ်တိုင်စာအုပ်နဲ့ ဝယ်ယူခဲ့ရသူတချို့ထံက သိရပါတယ်။ ဆီထုတ်ယူခွင့်စာအုပ်အတွက် သန်းခေါင်စာရင်း၊ ဧည့်စာရင်းရှိဖို့ လိုအပ်ပြီး တစ်အိမ်ထောင်ကို စာအုပ်တစ်အုပ် ထုတ်ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ ဆီကိုတော့ သက်ဆိုင်ရာမြို့နယ်ဆီကိုယ်စားလှယ် အရောင်းဆိုင်တွေမှာ ထုတ်ယူရတယ်လို့ မြို့ခံတွေကရှင်းပြပါတယ်။ တချို့ရပ်ကွက်တွေမှာလည်း နောက်ပိုင်း ဆီထုတ်ယူခွင့်စာအုပ်နဲ့သာ ဆီဝယ်ယူရမှာဖြစ်လို့ စက်တင်ဘာလထဲမှာ
Read More