Latest
အမေရိကန်မှာ ဒီနှစ်နွေရာသီကာလအတွင်း ခရီးသွားများက safety ပိုင်းအားနည်းတဲ့အကြောင်းပြချက်နဲ့ Boeing လေယာဉ်တွေကို ရှောင်လာကြတယ်လို့သိရပါတယ်။ လေယာဉ်လက်မှတ်မဝယ်ခင် လေယာဉ်အမျိုးအစားကို အရင်ရှာပြီးမှ ဝယ်ကြတဲ့သူတွေများပြားလာပါတယ်။ ကယ်လီဖိုးနီးယားအခြေစိုက် ခရီးသွားကုမ္ပဏီတည်ထောင်သူ Aaron Sutherland ရဲ့ပြောကြားချက်အရ နောက်ပိုင်းလတွေအတွင်းမှာ ခရီးသွား ၅၀ ရာခိုင်နှုန်းလောက်က ပြည်တွင်းနှင့်ပြည်ပခရီးစဉ်နှစ်မျိုးလုံးအတွက် Boeing လေယာဉ်တွေကိုရှောင်ဖို့တောင်းဆိုလာကြပါတယ်။ အထူးသဖြင့် Boeing 737 Max
Read More
စက်တင်ဘာ ၁ ရက်ကစပြီး ပြင်ဆင်လိုက်တဲ့ အတိုးနှုန်းတွေကို မြန်မာ့စီးပွားရေးဘဏ်က ကြေညာလိုက်ပြီဖြစ်ပါတယ်။ ငွေစုဘဏ်အပ်ငွေအတွက် အတိုးနှုန်း ၉ ရာခိုင်နှုန်း၊ ငွေစုလက်မှတ်အပ်ငွေအတွက် ၁၀ ရာခိုင်နှုန်းနဲ့ စာရင်းသေအပ်ငွေအတွက် တနှစ်အပ်ငွေအတိုးနှုန်း ၁၁ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးထားပါတယ်။ ဩဂုတ် ၁၄ ရက်မှာ ဗဟိုဘဏ်က အတိုးနှုန်းကို ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့
Read More
ထိုင်းနိုင်ငံ အိမ်ရာဈေးကွက်မှာ မြန်မာနိုင်ငံသားတွေ ကွန်ဒိုဝယ်ယူတဲ့ ၂၀၂၄ ပထမနှစ်ဝက်စာ တန်ဖိုးက ၂၀၂၃ ခုနှစ်တုန်းက ဝယ်ယူမှုထက် ကျော်လွန်ပြီး စံချိန်တင်ပမာဏဖြစ်နေပြီလို့ ထိုင်း အိမ်ခြံမြေသတင်းဌာန (REIC) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၂၄ ခုနှစ်၊ ပထမ ၆ လအတွင်းမှာပဲ ထိုင်းဘတ်ငွေ ၃ ဒသမ ၂၄ ဘီလျံတန်ဖိုးရှိတဲ့
Read More
ထိုင်းလူမျိုးတွေရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ဆိုပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ ထိုင်းအမျိုးချစ်အဖွဲ့တချို့ က ဒီနေ့ မွန်းလွဲပိုင်းမှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ အဲဒီမတိုင်ခင်တုန်းကတော့ လုံခြုံရေးအတွက် မစိုးရိမ်ဘဲ ဆန္ဒဖော်ထုတ်ပွဲကိုလာရောက်ဝန်းရံကြဖို့ အဲဒီပွဲ ဦးဆောင်သူ ထိုင်းအမျိုးသားတစ်ဦးက သူ့ရဲ့ လူမှုကွန်ရက် TikTok မှာ ဆော်သြခဲ့ပါတယ်။ ထိုင်းနိုင်ငံထဲမှာ ထိုင်းရောက် မြန်မာတွေကြောင့်ဖြစ်တဲ့ပြဿနာတွေကို ဖြေရှင်းပေးဖို့နဲ့ အမျိုးသားလုံခြုံရေးအတွက် မြန်မာသံအမတ်သိအောင်
Read More
တရုတ်မီဒီယာကုမ္ပဏီတစ်ခုဖြစ်တဲ့ Mediastorm ဟာ ရုံးမှာ ရှိသမျှ ဝန်ထမ်းတွေအကုန်ကို နောက်ဆုံးပေါ် iPhone 16 Pro တစ်လုံးစီ ဝယ်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။ Mediastorm မှာ အမြဲတမ်းနဲ့ အလုပ်သင်ဝန်ထမ်း စုစုပေါင်း ၁၀၀ ကျော်ရှိတယ်လို့ သိထားရပြီး အဆိုပါ ဝန်ထမ်းအားလုံးကို အမေရိကန်ဒေါ်လာ ၁၀၀၀ ကျော် တန်ကြေးရှိတဲ့ iPhone
Read More
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အိုင်ဖုန်း အသစ် သယ်ဆောင်လာသူတွေအား အခွန်အဖြစ် ငွေကျပ် ၉၀၀,၀၀၀ နှင့်အထက် ပစ္စည်း တန်ဖိုးအလိုက် အခွန်ငွေကောက်ခံနေသည်။ ယင်းသို့ ပိုက်ဆံတောင်းခံခြင်းကို လဝက သို့မဟုတ် အခွန်ဌာန စသည်ဖြင့် မည်သည့်ဌာနက လုပ်ဆောင်သည်ကိုမူ အတိအကျမသိရသေးပေ။ အကောက်ခွန်ဦးစီးဌာန၏ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ရောက်ရှိလာသည့် ခရီးသည်များအပေါ် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ
Read More
စက်သုံးဆီအရောင်းဆိုင်အချို့မှာ ဆီတန်းစီတဲ့ ယာဉ်တန်းတွေ ပြန်လည်တွေ့မြင်လာရပြီးနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေထံ အမေရိကန်ဒေါ်လာ သန်း ၃၀ ကို ရောင်းချပေးမယ်လို့ ဒီကနေ့မှာပဲ ကြေညာလာပါတယ်။ ဗဟိုဘဏ်အပါအဝင် AD လိုင်စင်ရဘဏ်တွေ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) ကနေ ရောင်းချပေးမှာဖြစ်ပြီး သတ်မှတ်ငွေလဲနှုန်းပမာဏကိုတော့ သီးခြားဖော်ပြမထားတာကို ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More
ဗီယက်နမ်ကမ်းခြေကို ထပ်မံ ဝင်ရောက်လာမယ့် လေဖိအားနည်းရပ်ဝန်းဟာ အပူပိုင်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်ပေမဲ့ တိုင်ဖွန်းမုန်တိုင်း ဖြစ်လာဖွယ် မရှိတော့ပါဘူး။ ဒါပေမယ့် ထိုက်သင့်သလောက် မိုးများဦးမှာဖြစ်ကာ စက်တင်ဘာလ ၂၀ ရက်ကနေ ၂၃ ရက်ထိ ၃ ရက်တာ မိုးရွာမယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ဖော်ပြလာပါတယ်။ မြန်မာပြည်ကို လေပွေလှိုင်းဖြတ်သန်းစဉ် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ
Read More
တိုင်ဖွန်းမုန်တိုင်း ရာဂိ (Yagi) နောက်ဆက်တွဲအခြေအနေကြောင့် မြန်မာမှာဖြစ်ပွားတဲ့ ရေကြီးမှုတွေနဲ့ နိုင်ငံတဝန်းက ပျက်စီးမှုတွေကို အကူအညီပေးနိုင်ဖို့ ရန်ပုံငွေ ရရှိမှု လျော့နည်းနေတယ်လို့ ကုလသမဂ္ဂက စက်တင်ဘာလ ၁၆ ရက်မှာ ပြောဆိုထားပါတယ်။ ဒီကနေ့မှာတော့ မုန်တိုင်းနောက်ဆက်တွဲဒဏ်ကိုခံခဲ့ရတဲ့ မြန်မာက ရေကြီးမှုအတွက် တောင်ကိုရီးယားနဲ့ အိန္ဒိယ က ငွေကြေးနဲ့ ပြန်လည်ထူထောင်ရေးသုံးပစ္စည်းတွေ ထောက်ပံ့ပေးမယ့်အကြောင်း သက်ဆိုင်ရာသံရုံးတွေနဲ့
Read More
ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်ဆေးရုံကြီး၌ မွေးကင်းစ ထိုင်းကလေးငယ်နှင့် မြန်မာကလေးငယ်တို့အား ဆေးရုံမှမှားယွင်းပေးအပ်မှုဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ပြီးခဲ့သည့် ဩဂုတ်လတွင် မဟာချိုင်မြို့ Krathumbaen ဆေးရုံရှိ အရေးပေါ်ခန်း (ICU) ၌ တက်ရောက်ကုသနေသော ထိုင်းကလေးငယ်၌ မျက်ခုံး မွှေးပါမလာသည်ကို ဖခင်က သတိထားမိရာမှ ကလေးမှားနေသည်ဟု သိရှိခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ကလေးမှားယွင်းစွာအပ်နှံခဲ့မှုနှင့်ပတ်သက်၍ စက်တင်ဘာ
Read More