Category: Sports

မန်စီးတီး ကစားသမားတွေရဲ့ အားနည်းချက်ကို ဖော်ထုတ် ပြောဆိုသွားတဲ့ လိုက်ပ်ဇစ် ကွင်းလယ်လူ

ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်စီးတီး အသင်းရဲ့ကစားသမားတွေဟာ ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်း အားနည်းလွန်းပြီး ရုပ်ပိုင်းဆိုင်းရာ စိန်ခေါ်မှုတွေအပေါ် ကြိုက်နှစ်သက်ဟန်မရှိဘူးလို့ လိုက်ပ်ဇစ်ကွင်းလယ်လူ ရှလာဂါက ပြောဆိုလိုက်ပါတယ်။ လိုက်ပ်ဇစ်နဲ့ မန်စီတီးတို့ဟာ မနေ့ညပိုင်း၊ ဂျာမန်မြေမှာ ချန်ပီယံလိဂ်ရှုံးထွက်(ပထမအကျော့)ပွဲစဉ်ကို ယှဉ်ပြိုင်ခဲ့ပြီး တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ဒီနှစ်သင်းဟာ လာမယ့်မတ်လလယ်၊ အယ်တီဟတ်ကွင်းမှာ ဒုတိယအကျော့ အဆုံးအဖြတ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရဖို့ ရှိပါတယ်။ ဒီပွဲစဉ်အပြီး လိုက်ပ်ဇစ်ကွင်းလယ်လူ
Read More

ဂျာမန်ကလပ်တွေ မြန်လွန်းကြောင်း ဝန်ခံပြီး နောက်ပွဲ တိုက်စစ် ၉ ယောက်လောက် ထည့်ပစ်မယ်လို့ ပက် ကြုံးဝါး

မန်ချက်စတာစီးတီး အသင်းဟာ မနေ့ညက ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ ဂျာမန်မြေမှာ RB လိုက်ပ်ဇစ်အသင်းကို သရေသာ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒါက အင်္ဂလန်အသင်းတွေထဲမှာ အကောင်းဆုံး ရလဒ် ဖြစ်နေခဲ့ပြီး ချဲလ်ဆီး၊ လီဗာပူးလ်နဲ့ စပါး တို့ အသီးသီး ရှုံးနိမ့်ထားခဲ့ချိန်မှာ ဂွါဒီယိုလာရဲ့ လူတွေလည်း နိုင်ပွဲ
Read More

ဘာလုပ်လုပ် ဝေဖန်သူတွေက အမြဲ ပြောစရာ ရှိနေမှာပဲလို့ နည်းပြ ဂွာဒီယိုလာ စိတ်ပျက်စွာ ပြောဆို

မန်စီးတီးနည်းပြ ပက် ဂွာဒီယိုလာ ဟာ သူ့ရဲ့ ဝေဖန်မှုတွေကို ပြန်တုံ့ပြန်ခဲ့ပြီး အသင်းက ဘယ်လောက်ပဲ အောင်မြင်မှု ရပါစေ၊ ဝေဖန်သူတွေရဲ့ ကျေနပ်မှုကို သူ ရမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ ” ကျွန်တော့် နည်းပြဘဝ မနက်ဖြန် အဆုံးသတ်မယ်ဆိုရင် ဘာစီလိုနာ၊ ဘိုင်ယန်၊ စီးတီးတို့နဲ့အတူ ကျွန်တော် လုပ်နိုင်ခဲ့တာတွေ အတွက်
Read More

ဟာလန်း က ဂိုးတွေ လွယ်လွယ် ရနေတာ မဟုတ်ဘူးလို့ ဆိုလိုက်ပြီး အသင်းဖော်ကို ချီးကျူးတဲ့ အီဒါဆန်

နော်ဝေ လက်ရွေးစင် တိုက်စစ်မှုး အာလင်း ဟာလန်း ဟာ မန်ချက်စတာစီးတီးအသင်း အမှန်တကယ်ကို အလိုရှိနေတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး သူ့ သွင်းဂိုးတွေကလည်း လွယ်လွယ် ရနေတာ မဟုတ်ဘူးလို့ မန်စီးတီး ဂိုးသမားဖြစ်သူ အီဒါဆန်က ပြောကြားသွားခဲ့ပါတယ်။ ဟာလန်းဟာ ဒီရာသီရဲ့ နွေဈေးကွက်အတွင်းမှာပဲ ဒေါ့မွန်အသင်းကနေ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး
Read More

အားနည်းတဲ့ ခြေကို မသုံးဘဲ ခြေစွမ်းပြနိုင်ကြတဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေထဲ စီးတီးအသင်းသား ၂ ဦး ပါဝင်တဲ့

ကစားသမားအများစုဟာ ခြေထောက် ၂ ဖက်စလုံးကို မျှမျှတတ လေ့ကျင့်လေ့ရှိကြပေမယ့်လည်း အချို့ကတော့ သာမန်အားဖြင့် တစ်ဖက်ကို ပိုပြီး အားသန်ကြတာ ဖြစ်ပါတယ်။ ထိပ်တန်း ကစားသမားတွေကတော့ အားနည်းတဲ့ ခြေ ရှိရင်တောင် အစွမ်းအစ လျော့မသွားဘဲ သေချာ လုပ်ပြနိုင်ကြပါတယ်။ အားနည်းတဲ့ခြေထောက်ကို သုံးတာမျိုး ရှားပါးတဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေထဲမှာ မာရာဒိုနာ လို
Read More

ဖောရက်စ်နဲ့ ပွဲမှာ ၂မှတ် လျော့ခဲ့တာ အတွက် ဘယ်သူ့ကို အပြစ်တင်ရမလဲ ပက်ဂွါဒီယိုလာ ပြောပြီ

မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက နော်တင်ဟမ်ဖောရက်စ်နဲ့သရေကျပြီးနောက် ပရီးမီးယားလိဂ်လို အမှတ်ပေးပြိုင်ပွဲမှာ အရေးပါတဲ့ အမှတ်တွေ ဆုံးရှုံးခဲ့တာ မန်စီးတီးက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရမယ်လို့ပြောကြားလိုက်ပါတယ်။ မန်စီးတီးဟာ ပထမပိုင်းတွင် ဘာနာဒိုဆေးလ်ဗားရဲ့ အံ့အားသင့်ဖို့ကောင်းတဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့တာပါ။ ဒါပေမယ့် ဟာလန်း ရရှိခဲ့တဲ့အပိုင်အခွင့်အရေးတွေအပြင် အခြားအခွင့်အရေးများစွာ လွဲချော်ခဲ့ပြီး ၈၃ မိနစ်မှာ နော်တင်ဟမ်ဖောရက်စ် မှ ခရစ်ဝုဒ်က ချေပဂိုးသွင်းယူပြီး
Read More

ဖောရက်စ် ကို သရေကျတဲ့ ရလဒ် ကို လက်မခံနိုင် ဖြစ်နေပြီး လူငယ်တွေအား ကိုင်လီ ဝေါ်ကာ သတိပေး

နော်တင်ဟမ်ဖောရတ်နဲ့ မန်စီးတီးရဲ့ သရေပွဲက လက်မခံနိုင်စရာဖြစ်တယ်လို့ မနေ့ညက ပွဲအပြီးမှာ ကိုင်လီဝေါ်ကာက ပြောဆိုခဲ့ပြီး လူငယ်ကစားသမားတွေထံ အမှာစကားတစ်ခု ပေးပို့ခဲ့ပါတယ်။ လက်ရှိချန်ပီယံ မန်စီးတီး ဟာ ဖောရတ်နဲ့ တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် သူတို့ရဲ့ ဖလားမျှော်လင့်ချက်တွေက ထိခိုက်သွားခဲ့ရတာပါ။ ဘာနာဒိုဆေးဗားက ဧည့်သည်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် ခရစ်ဝုဒ်ရဲ့ဂိုးနဲ့ ဖောရတ်က ပြန်လာခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ် ထိပ်တန်းဂိုးသွင်းရှင်
Read More

စီးတီးနဲ့ တွေ့တိုင်း မှတ်တမ်းကောင်း ရှိတဲ့ ဖောရက်စ် ကို ဒီည ဘယ်လိုရင်ဆိုင်မလဲ ခရစ်ဆက်တန်ရဲ့ သုံးသပ် ခန့်မှန်းချက်

ဒီအပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ စီးတီးဟာ နော်တင်ဟမ်ဖောရက်နဲ့ တွေ့ဆုံနေပြီး အဝေးကွင်း မှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီနှစ်သင်း ကစားမယ့် ပွဲချိန် ကတော့ စနေနေ့ ည ၉ နာရီခွဲ ဖြစ်ပါတယ်။ ဘီဘီစီသတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က ဒီပွဲစဉ် အတွက် အခုလို သုံးသပ်
Read More

စီးတီး သြဇာ ပြရမယ့် ပွဲ ဆိုတဲ့ ပေါမာဆန်ရဲ့ နော်တင်ဟမ်ဖောရက် VS မန်စီးတီး ပွဲ သုံးသပ် ခန့်မှန်းချက်

မန်ချက်စတာ စီးတီးဟာ ဒီအပတ်မှာ နော်တင်ဟမ်ဖောရက်နဲ့ တွေ့ဆုံနေပြီး အဝေးကွင်း မှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီပွဲစဉ် အတွက် ဂန်းနားဟောင်းကြီး ပေါမာဆန် က အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။ ပေါမာဆန် က ” မန်စီးတီးက နောက်တစ်ပတ် ချန်ပီယံလိဂ်ရှိလို့ ဒီပွဲမှာ ကစားသမား အနည်းငယ်ကို အနား
Read More

ပရီးမီးယားလိဂ်က တွန်းအားပေးလို့ မန်စီးတီးက အာဆင်နယ်ကို နိုင်သွားတာ လို့ အွန်နရီ ယုံကြည်နေ

အာဆင်နယ် ဂန္တဝင် သီယာရီ အွန်နရီက မန်ချက်စတာစီးတီးအသင်းကို ပရီးမီးယားလိဂ်က ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်မှုတွေနဲ့ စွဲချက်တင်ထားမှုက ဗုဒ္ဓဟူးနေ့ညပွဲစဉ်မှာ အာဆင်နယ်ကို ၃-၁ နဲ့ အနိုင်ရအောင် တွန်းအား ပေးခဲ့တယ်လို့ ယုံကြည်နေပါတယ်။ မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့အပတ်က ဘဏ္ဍာရေးစည်းမျဉ်း ၁၁၅ ခုအထိ ၁၄ နှစ်တာ ကာလအတွင်း ချိုးဖောက် ခဲ့တယ်လို့
Read More