Category: Sports
လာလီဂါ ကလပ် ဘာစီလိုနာ အသင်းက ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဂျွာအိုကန်ဆယ်လိုကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပေမယ့် မန်စီးတီးက အပြောင်းအရွှေ့ကိုတားဆီးခဲ့တာဖြစ်တယ်လို့ နည်းပြ ဇာဗီက ဖွင့်ဟခဲ့ပါတယ်။ ကန်ဆယ်လိုဟာ ဇန်နဝါရီမှာ ဘိုင်ယန်မြူးနစ်ထံ အငှားနဲ့ထွက်သွားခဲ့ပေမယ့် သူ့အနေနဲ့ ဘာစီလိုနာထံ ရောက်သွားနိုင်ခြေ ရှိခဲ့တာပါ။ ကတ်တလန်ဘီလူးတွေဟာ ပေါ်တူဂီသားအတွက် အပြောင်းအရွှေ့သဘောတူညီမှု ရခဲ့ပေမယ့် စီးတီးဟာ
Read More
ပက် ဂွါဒီယိုလာ ဟာ မန်စီးတီးကို ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်အောင် ဦးဆောင်ထားနိုင်တဲ့အပြင် ဖလား ၃ လုံးလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးထားနိုင်ပြီးနောက် လိဂ်မန်နေဂျာအဖွဲ့ချုပ်က ချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံးမန်နေဂျာဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ စပိန်လူမျိုးနည်းပြဟာ ပရီးမီးယားလိဂ်နည်းပြများရဲ့ မဲအဆုံးအဖြတ်ဖြင့် ရွေးချယ်ချီးမြှင့်တဲ့ Sir Alex Ferguson Trophy ကို တတိယအကြိမ်မြောက် ဆွတ်ခူးလာတာလည်း ဖြစ်ပါတယ်။ အသက်
Read More
ပြင်သစ် နာမည်ကျော် သတင်းဌာနတခုဖြစ်တဲ့ L’Eqiupe က မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာဟာ ပီအက်စ်ဂျီ ကြယ်ပွင့် နေမာကို ပထမဆုံး ဆက်သွယ်မှုတွေ လုပ်ခဲ့တယ်လို့ ဖော်ပြလိုက်ပါတယ်။ ပီအက်စ်ဂျီပရိသတ်တွေရဲ့ နှင်ထုတ်ခြင်းကို ခံခဲ့ရတဲ့ နေမာဟာ ရာသီကုန်မှာ အသင်းပြောင်းရွှေ့ဖွယ်ရှိနေပြီး သူ့ကို ပရီးမီးယားလိဂ်ကလပ်တွေက စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ အခုအခါမှာ
Read More
ပီအက်စ်ဂျီ အသင်းရဲ့ ဒီရာသီ ချန်ပီယံလိဂ်မှာ စိတ်ပျက်စရာ ကြုံခဲ့ရတာနဲ့ ပတ်သတ်ပြီး ဂိုးသမား ဒွမ်နာရာမာ က ရင်ဖွင့်လာခဲ့ပါတယ်။ ပြင်သစ်အင်အားကြီးကလပ်ဟာ ၁၆ သင်း ရှုံးထွက် အဆင့်မှာ ဘိုင်ယန်မြူးနစ်ကို ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။ ဘိုင်ယန်ကတော့ ဗိုလ်လုပွဲအထိ တက်လှမ်းသွားပြီ ဖြစ်ပြီး မန်စီးတီးနဲ့ ဖလား လုရတော့မှာပါ။ ပီအက်စ်ဂျီအသင်း
Read More
မန်ယူ တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီကတော့ ယခုတစ်ခေါက် မန်စီးတီးနဲ့ ကစားမယ့် အက်ဖ်အေ ဖလား ဗိုလ်လုပွဲမှာ တန်ဟတ် အနေနဲ့ မော်ရင်ဟိုရဲ့ နည်းစနစ်အတိုင်း အတုယူကစားသင့်ကြောင်း တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ မန်စီးတီးအသင်းရဲ့ လက်ရှိ အနေအထားကို သူတင်ကိုယ်တင် ကစားနိုင်ဖို့ မဖြစ်နိုင်မှန်း မန်ယူအသင်း ပရိသတ်တွေ ကိုယ်တိုင် ကြိုတင် တွက်ဆထားသလို ယခုတစ်ခေါက်မှာလည်း မော်ရင်ဟို
Read More
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက် ကတော့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ မန်ချက်စတာစီးတီးကို အနိုင် ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဖူလ်ဟမ်ကို အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၈ အိမ်ကွင်းနောက်ဆုံးပွဲအပြီးမှာ တန်ဟက်ဂျ်က သူ့ရဲ့ ကစားသမားတွေဟာ မန်စီးတီးကို အနိုင်ရဖို့ ဘာမဆိုပေးဆပ်ကြလိမ့်မယ်လို့ ပရိသတ်တွေကို ကွင်းအတွင်းကနေ ပြောဆိုသွားခဲ့တာပါ။ လာမယ့် စနေနေ့မှာ အက်ဖ်အေဖလားဗိုလ်လုပွဲအဖြစ်
Read More
မန်စီးတီးကနေ ဘိုင်ယန်မြူးနစ်ကို အငှားနဲ့ သွားရောက်ကစားနေခဲ့တဲ့ ကန်ဆယ်လိုဟာ မနေ့ညက ဘွန်ဒက်စ်လီဂါ ရာသီပိတ်ပွဲအပြီးမှာ ဘိုင်ယန်မြူးနစ်နဲ့အတူ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ကမှ မြူးနစ်ကို (၆) လ အငှားစာချုပ်နဲ့ ရောက်လာခဲ့တာပါ။ ကန်ဆယ်လိုအနေနဲ့ မန်စီးတီးမှာ ပုံမှန် ပွဲထွက်ခွင့် မရရှိတာကြောင့် နည်းပြဂွါဒီယိုလာနဲ့ စကားများခဲ့တယ်လို့ သိရှိရပါတယ်။
Read More
မန်ချက်စတာစီးတီးအသင်းဟာ ယခုရာသီမှာ ဆုဖလား ၃ လုံးတပြိုင်နက်တည်း ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် စုစုပေါင်း ပေါင် သန်း ၃၀၀ နီးပါး ရရှိမှာဖြစ်ပါတယ်။ မန်ချက်စတာစီးတီးဟာ ပရီးမီးယားလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ပေါင်သန်း ၁၈၀ ရရှိခဲ့တာဖြစ်ပြီး မြို့ခံပြိုင်ဘက် မန်ယူနိုက်တက်ကို အက်ဖ်အေဖလားဗိုလ်လုပွဲမှာ အနိုင်ရမယ်ဆိုရင် နောက်ထပ် ပေါင် ၈ သန်း
Read More
မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် တိုက်စစ်မှူး ဖြစ်သလို လက်ရှိမှာ မေဂျာလိဂ်ကလပ် ဒီစီ ယူနိုက်တက်ရဲ့ နည်းပြ ဖြစ်တဲ့ ဝိန်းရွန်းနီက အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ သူ့အသင်းဟောင်း မန်ယူက အသာရနိုင်တယ် လို့ ပြောဆိုလိုက်ပါတယ်။ လာမယ့် ဇွန်လ ၃ရက်နေ့ ည ၈နာရီခွဲ အချိန်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ
Read More
ဒီရာသီမှာ မန်စီးတီးတို့ ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့ပြီးနောက် အာတီတာဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း ပက်ဂွာဒီယိုလာဆီ ဖုန်းဆက်ပြီး ဂုဏ်ပြုစကား ဆိုခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အာဆင်နယ်ဟာ ဖောရက်ကို ၁-၀ နဲ့ ရှုံးနိမ့်ကာ စိတ်လှုပ်ရှားဖွယ်ရာ ဖလားပြိုင်ပွဲကို အဆုံးသတ်စေခဲ့တဲ့နောက် မန်စီးတီးဟာ ၃နှစ်ဆက် ဖလားကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ ဖြစ်မလာခင် မန်စီးတီးမှာ
Read More