Latest

မန်ချက်စတာ ယူနိုက်တက်နဲ့ ရေစက် အပြီးပြတ်ဦးမှာ မဟုတ်တဲ့ ပေါ်တူဂီသား

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ပြီးခဲ့တဲ့နွေဈေးကွက်အတွင်း အီတလီစီးရီးအေကလပ် အေစီမီလန်အသင်းဆီ တစ်ရာသီအငှားချထားခဲ့တဲ့ သူတို့ရဲ့ ပေါ်တူဂီညာနောက်ခံကစားသမားလေး ဒီယိုဂိုဒါလော့ကို အသင်းကနေ အပြီးသတ် ရောင်းထုတ်သွားဖို့ ဆန္ဒမရှိပဲ မီလန်နဲ့ အငှားစာချုပ်ပြည့်မြောက်ချိန်မှာ မီလန်ဆီကိုပဲ နောက်ထပ်တစ်ရာသီခန့် ထပ်မံအငှားချနိုင်ဖွယ်သလို အသင်းဆီကိုလည်း ပြန်ခေါ်ယူနိုင်ဖွယ်တယ်လို့ ESPN သတင်းမီဒီယာကနေ ဖော်ပြသွားခဲ့ပါတယ်။ အသက်(၂၁)နှစ်အရွယ်ရှိ ပေါ်တူဂီနောက်ခံအစွန်လူ ဒါလော့ဟာ ၂၀၁၈ခုနှစ်ကမှ ပေါ်တူဂီထိပ်သီးကလပ်
Read More

အကယ်ဒမီထွက် ပရိသတ် အချစ်တော် ကစားသမားဟောင်းကို ပြန်ခေါ်ရန် ကြံရွယ်နေတဲ့ ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦးဖြစ်တဲ့ ဘယ်လ်ဂျီယံ တောင်ပံ ကစားသမား ယာနူဇက်ကို အသင်းထံ ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေကြောင်း ဥရောပ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၅နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့
Read More

တိုက်စစ်သမား နှစ်ဦး ဒဏ်ရာ ကိုယ်စီ ရှိနေလို့ ၀က်စ်ဘရွန်းနဲ့ပွဲ ကာဗာနီ ပွဲထွက်ခွင့် ရဖွယ် ရှိနေ

မာရှယ် ဟာ နောက်ကျောဒဏ်ရာကြောင့် အစုအဖွဲ့နဲ့ လေ့ကျင့်နေတဲ့ ပြင်သစ်အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ် ကနေထွက်ခွာခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက် အသင်းက ကစားသမားရဲ့ကြံခိုင်ရေးအခြေအနေကို စိတ်ပူနေတယ်လို့ မီထရို သတင်းက ဖော်ပြပါတယ်။ မာရှယ် ဟာ ပေါ်တူဂီ အသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှာ အခွင့်အရေးအများအပြား ကို လွဲချော်ခဲ့ပေမယ့် နည်းပြ ဒက်ချမ့်ပ်စ် ကတော့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုးရဲ့စွမ်းဆောင်ရည်ကို
Read More

ပေါစခိုးလ်နဲ့ နှိုင်းယှဉ်မှုတွေကို တုန့်ပြန်ရင်း သူ့အမြင် သုံးသပ်ခဲ့တဲ့ ဖာနန်ဒက်စ်

ယူနိုက်တက်အသင်းကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဖာနန်ဒက်စ်က အသင်းရဲ့ကွင်းလယ်လူဟောင်းတစ်ဦးဖြစ်တဲ့ ပေါစခိုးလ် က ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်ပြီး အသင်းမှာ သူလိုမျိုးခြေစွမ်းပြနိုင်ဖို့အတွက် ကြိုးစားသွားမယ် လို့ ပြောခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့တုန်းက စပို့တင်းလစ္စဘွန်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာပြီးနောက် အသင်းရဲ့ကွင်းလယ်မှာ ခြေစွမ်းပြနေသူလည်း ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားလို့ ဆိုရမယ့် ပေါစခိုးလ်က အသင်းအတွက် ပွဲပေါင်း ၇၀၀ ကျော်ကစားခဲ့ကာ
Read More

ယူနိုက်တက်ဟာ ဆုဖလားတွေ ယူဖို့ စိတ်ဓာတ်ခိုင်မာတဲ့ အသင်းလို့ ဘရူနို ကြွေးကြော်

ယူနိုက်တက် ကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခိုင်မာကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်တယ်လို့ ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက် ဟာ ၂၀၁၇ ခုနှစ်မှာ နည်းပြဂျိုဆေး‌မော်ရင်ညိုလက်ထက် ယူရိုပါလိဂ်ဖလားနဲ့ လိဂ်ဖလားတွေ ဆွတ်ခူးရရှိခဲ့ပြီးနောက်ပိုင်း ဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာနေခဲ့တာဟာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်ဇန်နဝါရီလမှာ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာခဲ့တဲ့
Read More

ဥရုဂွေးအတွက် ဂိုးသွင်းပြီး ဆိုးရှားကို သတိပေးနေတဲ့ တိုက်စစ်မှူးကြီး ကာဗာနီ

မန်ချက်စတာယူနိုက်တက်အသင်း တိုက်စစ်မှုး ကာဗာနီ ကတော့ ဒီနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ဥရုဂွေး အသင်းက ကိုလံဘီယာ အသင်းကို အနိုင်ရတဲ့ ပွဲမှာ ဥရုဂွေး အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။(၂၀၂၂) ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ဥရုဂွေး အသင်းက ကာဗာနီ၊ ဆွာရက်စ်၊ နူနက်စ် တို့ရဲ့သွင်းဂိုးတွေနဲ့ ကိုလံဘီယာ အသင်းကို
Read More

ထရိန်နင်မှာ အသင်းဖော်ရဲ့ ဘောလုံးပေး အဆင်မပြေလို့ ပေါက်ကွဲခဲ့တဲ့ ဖာနန်ဒက်စ်

ယူနိုက်တက်ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာ အသင်းဖော်ဂရင်းဝုဒ်ရဲ့ လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်ခဲ့တဲ့ အပြုအမူတွေအပေါ်မှာ တော်တော်လေးစိတ်ပျက်နေတယ်လို့ သိရပါတယ်။ အဲဗာတန်နဲ့ ကစားခဲ့တဲ့ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အင်္ဂလန်လူငယ်ကစားသမားအပေါ် ဖာနန်ဒက်စ်က စိတ်တိုင်းမကျ ဖြစ်နေခဲ့တယ်လို့ The Times က ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့တပတ် သောကြာနေ့က ကာရင်တန်မှာ လေ့ကျင့်ခန်းဆင်းနေခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ်က ဘောလုံးပေးပို့ချိန်မှာ ဂရင်းဝုဒ်က အားထုတ်ပြေးလွှားခြင်းမရှိခဲ့တဲ့အပေါ်
Read More

ပေါ့ဘာက လက်ရှိကလပ်အသင်းမှာ မပျော်တော့ဘူးလို့ ပြင်သစ်နည်းပြ ဒက်ချမ့် ဖော်ထုတ်

ပြင်သစ် လက်ရွေးစင် အသင်း နည်းပြ ဒက်ချမ့်က သူရဲ့ကစားသမားဖြစ်တဲ့ ကွင်းလယ်လူပေါ့ဘာအနေနဲ့ လက်ရှိကလပ်ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်မှာ မပျော်မရွှင် ဖြစ်နေကြောင်း ထုတ်ဖော် ပြောခဲ့ပါတယ်။ ပေါ့ဘာကို ရီးရဲလ်မက်ဒရစ် အသင်းက ခေါ်ယူဖို့စောင့်ကြည့်နေသလို ကစားသမား ကိုယ်တိုင်က လည်း ရီးရဲလ်မှာ ကစားချင်တယ်လို့ ဝန်ခံထားတာကြောင့် ယူနိုက်တက် အသင်း တာဝန်ရှိသူတွေနဲ့ ပေါ့ဘာတို့
Read More

ဂွတ်ဒီဆင်ပါ့ခ်မှာ သုံးဂိုးသွင်း အမှတ်ပြည့်ယူပြီး အောင်ပွဲခံခဲ့တဲ့ သရဲနီများ (သို့) အဲဗာတန် ၁-၃ ယူနိုက်တက်

နည်းပြရာထူး အတွက်ပါ ရိုက်ခတ်မှုတေါ ရှိနေပြီး မဖြစ်မနေ အနိုင်ယူရမဲ့ပွဲဖြစ်နေတာကြောင့် ဆိုးရှားဟာ ဒီနေ့ပွဲမှာ သူ့အတွက် အကောင်းဆုံးဖြစ်နိုင်တဲ့ လူစာရင်းမျိုးကို ခင်းကျင်းလာခဲ့ပါတယ်။ ပေါ့ဂ်ဘာနဲ့ ဗန်ဒဘိတ်တို့ကို အရန်ခုံမှာပဲ ထိုင်ခိုင်းထားဆဲဖြစ်ပြီး ဖရက်ဒ်၊ တွန်မနေး၊ ဖာနန်ဒက်စ်တို့ ကွင်းလယ်အတွဲနဲ့ ပွဲထွက်လာခဲ့တယ်။ ဘယ်ညာတောင်ပံနှစ်ဖက်မှာတော့ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ မာတာတို့ ကစားခဲ့ပြီး အထောင်တိုက်စစ်ကို မာစီယဲလ်က တာဝန်ယူခဲ့တယ်။
Read More

ဆိုးရှား နေရာအတွက် လိုက်ပ်ဇစ် နည်းပြ နာဂယ်လ်စမန်းကို ခေါ်သင့်ကြောင်း ထောက်ပြမှုတွေ ရှိနေ

မန်ချက်စတာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားနေရာမှာ အစားထိုးရန်အတွက် လိုက်ပ်ဇစ် နည်းပြ ဂျူလီယန် နာဂယ်လ်စမန်းကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ အင်္ဂလန် သတင်းများက ဖော်ပြနေပါတယ်။ အသက် ၃၃ နှစ်အရွယ် လိုက်ပ်ဇစ်နည်းပြရဲ့ ဂုဏ်သတင်းဟာ ကျော်ကြားနေသော်လည်း ပြီးခဲ့တဲ့လက ယူနိုက်တက်နဲ့ ချန်ပီယံလိဂ်ပွဲမှာ (၅-၀) နဲ့ ရှုံးခဲ့ရတာဖြစ်ပါတယ်။ အစ္စတန်ဘူလ်ကို ရှုံးခဲ့သော်လည်း ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို
Read More