Latest

ဒီလထဲ စတင် ကျောင်းအပ်တော့မယ့် ပညာသင်နှစ်အသစ်အတွက် သတိပေးချက် ထုတ်ပြန်

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၄ ခုနှစ် မေလ (၂၃) ရက် မှ ဇွန်လ (၂) ရက်အထိ သတ်မှတ်ထားကြောင်း ပညာရေး ဝန်ကြီးဌာနမှ ဆိုပါတယ်။ (၅) နှစ်အရွယ်ကလေးများကို KGတန်းနှင့် ‌(၆)နှစ် အရွယ် ကလေးများကို Grade-1 အတန်းသို့ အပ်နှံရမယ်လို့ သိရတယ်။ ကျောင်းအပ်နှံရာတွင် အဆင်ပြေစေရန်
Read More

ဒီညနေ ဖူလ်ဟမ်နဲ့ ပွဲ အတွက် သူ စိုးရိမ်တဲ့ တစ်ချက်ကို ထုတ်ဖော် ပြောဆိုလိုက်တဲ့ ပက် ဂွာဒီယိုလာ

နည်းပြ ပက် ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုကို အသားပေး ကစားတတ်တဲ့ အသင်းဖြစ်တာကြောင့် အီတီဟတ်ကွင်းမှာ ဆိုရင် ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာတော့ ကွင်းအခြေအနေကြောင့် ပြိုင်ဘက်က အခွင့်အရေးကောင်းတွေကို လွဲချော်ခဲ့ပြီး အဲ့ဒီအခြေအနေကို အခွင့်ကောင်းယူခဲ့ကြောင်း ဂွါဒီယိုလာက ဖွင့်ဟခဲ့ပါတယ်။ ဝေဖန်သူအများစုကတော့ ဂွါဒီယိုလာဟာ ဖောရက်စ်ရဲ့ကွင်းအခြေအနေအပေါ် အပြစ်တင် သွားတယ်လို့ ယူဆကြပြီး
Read More

ဒီည ကန်မယ့် ဖူလ်ဟမ် – မန်စီးတီး ပွဲအတွက် ဘီဘီစီ ဆရာကြီးကတော့ သုံးသပ် ခန့်မှန်းချက် ထုတ်လာပါပြီ

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က ဒီည လန်ဒန်မှာ ကန်မယ့် ဖူလ်ဟမ် – မန်စီးတီး ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။ ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက် ဖူလ်ဟမ်က ဘောလုံးရာသီကောင်း တစ်ခု ပိုင်ဆိုင်ထားတာပါ။ ဒါပေမယ့် ဒီတလော သီတင်းပတ်တွေ အတွင်း
Read More

ထီဂဏန်းပေးတာ မပေါက်လို့ အလှူငွေပြန်တောင်း တရားစွဲတဲ့ ထိုင်းအမျိုးသမီး

ထိုင်းအမျိုးသမီးတစ်ဦးဟာ ဘုန်းကြီးတစ်ပါးပေးတဲ့ နံပါတ်တွေအတိုင်း ထီထိုးကြည့်ပြီး မပေါက်တဲ့အခါ သူလှူထားတဲ့ငွေ ပြန်တောင်းမိတဲ့အတွက် အဲဒီဘုန်းကြီးက “အရှက်သိက္ခာမရှိဘူး”ဆိုပြီး ပုတ်ခတ်ပြောဆိုတာခံခဲ့ရတာကြောင့် မကျေမနပ်နဲ့ တရားစွဲဆိုထားတယ်လို့ ထိုင်းပြည်တွင်းမီဒီယာတစ်ခုက ရေးသားဖော်ပြပါတယ်။ ဘယ်သူဘယ်ဝါလို့ ထုတ်ဖော်ရေးသားခြင်းမရှိတဲ့ အဆိုပါထိုင်းဘုန်းကြီးဟာ ချွန်ပိုး (Chompoo) လို့ အတိုကောက်ခေါ်တဲ့အမျိုးသမီးရဲ့ တရားစွဲဆိုခံရပြီး ဘုန်းကြီးချပေးတဲ့ ဂဏန်းတွေအတိုင်း မပေါက်တာကြောင့် လိမ်လည်လှည့်ဖြားမှုနဲ့ စွဲချက်အတင်ခံရမယ့်အခြေအနေရှိနေပါတယ်။ ထိုင်းချန်နယ်
Read More

ယနေ့ မေလ ၁၀ ရက်နေ့မှာ ရန်ကုန် စက်သုံးဆီးစျေးနှုန်းများ ကျဆင်း

ယနေ့ မေလ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့တွင်း စက်သုံးဆီစျေးနှုန်းများ ကျဆင်းလာပြီး ၉၂ တစ်လီတာလျှင် ကျပ် ၁၅၀ ကျော် ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီရဲ့ စျေးနှုန်းစာရင်းအရ သိရပါတယ်။ ယနေ့ စက်သုံးဆီစျေးနှုန်းတွေမှာတော့ ၉၂ တစ်လီတာလျှင် ကျပ် ၂၆၆၀၊ ၉၅ တစ်လီတာလျှင် ကျပ် ၂၇၆၅၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ်
Read More

မိုးကြိုး၊ လျှပ်စီး၊ မိုးသီး၊ လေပြင်း အန္တရာယ် ရှိနိုင်ကြောင်း မိုးလေဝသ သတိပေးချက်

ခုရက်ပိုင်း မိုးရွာသွန်းမှုနဲ့အတူ မိုးကြိုးပစ် ၊မိုးသီးကြွေ၊ လေပြင်းတိုက်တာတွေ ဖြစ်နိုင်လို့ အန္တရာယ်တွေသတိပြုဖို့လို ခုရက်ပိုင်းအတွင်း မိုးရွာမှုနဲ့အတူ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊လေပြင်းတိုက်ခြင်း၊ လျှပ်စီးလက်ခြင်းတွေပါ ဖြစ်ပေါ် နိုင်တာကြောင့် သတိထားဖို့လိုအပ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနဲ့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။ အရှေ့ဘက်မှရွေ့လျားလာတဲ့ လေပွေလှိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်းကိုရောက်ရှိလာတဲ့ဖြစ်စဥ်ကြောင့် နဲ့ အပူချိန်မြင့်တက်ပြီး မိုးရွာသွန်းနိုင်တာဖြစ်လို့ မိုးကြိုး အန္တရာယ်ကို သတိပြုဖို့လိုအပ်တာဖြစ်တယ်လို့ ဆိုပါတယ်။
Read More

စနေ ညနေခင်း လန်ဒန်မှာ ကန်မယ့် ဖူလ်ဟမ် – မန်စီးတီး ပွဲ ဘယ်လို ရလဒ် ထွက်ပေါ်လာမလဲ

ပက်ရဲ့ မန်စီးတီးအသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဖူလ်ဟမ်နဲ့ အဝေးကွင်းပွဲ သွားရောက် ရင်ဆိုင်ရမှာပါ။ ဒီပွဲက ပွဲစဉ် ၃၇ ဖြစ်ပြီး စီးတီးရဲ့ ပွဲကျန် စပါးနဲ့ ပွဲကတော့ လာမယ့် ကြားရက်မှ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့်ကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဖူလ်ဟမ် –
Read More

စီးတီးပွဲကြို ဖူလ်ဟမ်အသင်း ထရိန်နင်က လုပ်ရပ် အပေါ် အာဆင်နယ် ပရိသတ်တွေ မခံမရပ်နိုင် ဖြစ်နေကြပါတယ်

အာဆင်နယ်အသင်းဟာ ၂၀၂၄ ထဲမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပေမယ့် ပရီးမီးယားလိဂ်ချန်ပီယံဆုက သူတို့လက်ထဲမှာ မရှိဘဲ မန်စီးတီး ခြေအချော်ကို စောင့်မျှော်နေရတာ ဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့အသင်းဟာ စနေနေ့မှာ ဖူလ်ဟမ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ၇ ပွဲဆက်အနိုင်ရဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ မန်စီးတီးကို ဖူလ်ဟမ် ၊ တော့တင်ဟမ် ၊ ဝက်စ်ဟမ်းတို့ထဲက တစ်သင်းသင်းက တားဆီးနိုင်ဖို့ ဂန်းနားတွေက မျှော်လင့်နေပြီး အာဆင်နယ်ကတော့
Read More

သန်လျင်တံတား ပြီးစီးတော့မှာကြောင့် ရိုက်ခတ်လာတဲ့ သန်လျင်အိမ်ခြံမြေ စျေးကွက်

သန်လျင်တံတား အမှတ် (၃) ပြီးစီးတော့မယ့် သတင်းတွေကြောင့် သန်လျင်မြို့နယ်ထဲက အိမ်ခြံမြေဈေးတွေ နှစ်ဆကျော် မြင့်တက်နေတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ဆိုပါတယ်။ ရန်ကုန်မြို့တွင်း သာကေတမြို့နယ်နဲ့ သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) စီမံကိန်းဟာ လက်ရှိမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ပါတယ်။ ဒီတလော သန်လျင်အိမ်ခြံမြေဈေးနှုန်းဟာလည်း သိသိသာသာ စျေးမြင့်တက်လာတာ
Read More

ရန်ကုန်မှာ လေမိုး ပြင်းထန်ခဲ့ပြီး ဖြစ်တောင့်ဖြစ်ခဲ မိုးသီးကြွေကျ

ရန်ကုန်မြို့မှာ မေလ ၉ ရက် ဒီနေ့ နေ့လယ်က မိုးသက်လေပြင်းတွေကျပြီး မိုးသီးတွေပါ ကြွေကျတယ်လို့ ဒေသခံ ပြည်သူတွေထံက သိရပါတယ်။ ဒီနေ့ နေ့လယ် ၃ နာရီမထိုးခင်မှာ ရန်ကုန်မြို့ရဲ့ နေရာတော်တော်များများမှာ မိုးသက်လေပြင်း ကျရောက်တာ၊ မိုးခြိမ်းတာတွေဖြစ်ခဲ့ပြီး အင်းစိန်မြို့နယ်၊ လှိုင်သာယာမြို့နယ်‌တွေမှာတော့ ကျောက်စလစ်ခဲအရွယ် မိုးသီးတွေ ကြွေကျခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
Read More