Category: Sports

မန်ယူကိုငြင်း စီးတီး လာချင်တဲ့ ဒီဂျောင်၊ လီဗာပူးနဲ့ အပြိုင်ချိတ်နေတဲ့ ပစ်မှတ်နဲ့ မန်စီးတီး အပြောင်းအရွှေ့ သတ်ငးများ

မန်စီးတီးနဲ့ လီဗာပူးအသင်းတို့ဟာ ဒေါ့မွန် ကြယ်ပွင့် ဘယ်လင်ဟမ်ရဲ့ ညီဖြစ်သူကို ခေါ်ယူဖို့ အပြိုင် ကြိုးစားပေမယ့် ယာဂင်ကလော့ပ်ရဲ့ အသင်းက အသာစီး ရနေပါတယ်။ အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့ ကွင်းလယ်လူဟာ ပရော်ဖက်ရှင်နယ် စာချုပ်ကို အင်္ဂလန်ကလပ် တစ်သင်းထံ ကူးပြောင်းခြင်းနဲ့အတူ စာချုပ်ချုပ်ဆိုနိုင်ပါတယ်။ မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ဟာလန်းကို ခေါ်ယူထားပေမယ့်
Read More

ဝက်စ်ဟမ်းနဲ့ ပွဲမှာ မန်စီးတီးက ပထမပိုင်းမှာတည်းက ပင်နယ်တီ ရခဲ့သင့်တာလို့ ဆိုခဲ့တဲ့ မီကာရစ်ချက်နဲ့ နဗီးလ်

ဘောလုံးပွဲ အစီအစဉ်တင်ဆက်သူ ကစားသမားဟောင်းကြီး ၂ဦးဖြစ်တဲ့ မန်စီးတီးနောက်ခံလူဟောင်း မီကာရစ်ချက်နဲ့ မန်ယူ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်တို့ကတော့ မန်စီးတီးအသင်းဟာ ဝက်စ်ဟမ်းနဲ့ ပွဲမှာ ပထမပိုင်းမှာကတည်းက ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့သင့်တယ်လို့ ပြောဆိုသွားခဲ့ကြပါတယ်။ ပင်နယ်တီ ရခဲ့သင့်တဲ့ အဖြစ်အပျက် ကတော့ မန်စီးတီးတိုက်စစ်မှူး ဂါဘရီရယ် ဂျေးဆပ်စ်အပေါ် ဝက်စ်ဟမ်းနောက်ခံလူ ဇူးမားရဲ့ဟန့်တားမှုက ပြစ်ဒဏ်ဘော ဖြစ်တယ်လို့
Read More

ဗီလာနဲ့ နောက်ဆုံးပွဲမှာ မန်စီးတီးက သေသေကြေကြေ အစွမ်းကုန် ကြိုးစားမယ် ဆိုတဲ့ ပက်ရဲ့ ကတိ

မန်စီးတီးအသင်းဟာ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သရေကျခဲ့အပြီး ပရီးမီးယားလိဂ် အမှတ်ပေးဖလား အတွက် နောက်ဆုံးပွဲစဉ် အက်စတွန်ဗီလာနဲ့ ပွဲမှာ အဆုံးအဖြတ် ကစားရဖို့ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ မန်ချက်စတာ စီးတီး နည်းပြ ဂွာဒီယိုလာ ကတော့ အက်စတွန်ဗီလာနဲ့ ပွဲမှာ သေသေကြေကြေ အသည်းပေါက်မတတ် ကစားသွားမယ်လို့ ကတိပေးလိုက်ပါတယ်။ မန်စီးတီးဟာ ဝက်စ်ဟမ်းကို မထင်မှတ်ဘဲ
Read More

ဆောက်သမ်တန်နဲ့ မန်စီးတီး ပရိသတ်တွေကို သတင်းစကား ပြောလာတဲ့ ဂွာဒီယိုလာ

မနေ့ကပွဲမှာ ဝက်စ်ဟမ်းဟာ မန်စီးတီး ကို ဦးဆောင်ဂိုးတွေ သွင်းနိုင်ခဲ့ပေမယ့် ပွဲအပြီးမှာ သရေ ရလာဒ် ထွက်ပေါ်ခဲ့တာမို့ ပရီးမီးယားလိ ချန်ပီယံဆု အဆုံးအဖြတ်ဟာ ရာသီအပိတ် ပွဲစဉ်ရောက်မှပဲ အဖြေပေါ်လာဖွယ် ရှိနေပါတယ်။ မနက်ဖြန်ညမှာ လီဗာပူး ဟာ ဆောက်သမ်တန် နဲ့ ကစားရမှာ ဖြစ်သလို အဲ့ပွဲရလဒ်က ပရီးမီးယားလိဂ် ချန်ပီယံ ထွက်ပေါ်ရေး
Read More

အာဆင်နယ် အပြင် ဥရောပ ထိပ်သီးကလပ် ၄ သင်းကပါ ချိတ်ဆက်ခံနေရတဲ့ မန်စီးတီး တိုက်စစ်မှုး

မန်စီးတီး တိုက်စစ်မှုး ဂါဘရီရယ် ဂျေးဆု ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေတဲ့ထဲမှာ နည်းပြ အာတီတာရဲ့ အာဆင်နယ် အသင်း အပြင် ဥရောပ ထိပ်သီးကလပ်တွေကလည်း စိတ်ဝင်စား လှုပ်ရှားလာနေတယ် လို့ သိရပါတယ်။ နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရ လာလီဂါ အသင်းကြီးတွေ ဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ အက်သလက်တီကို မက်ဒရစ်
Read More

မန်စီးတီးနဲ့ ဟာလန်းကြား စာချုပ်မှာ ၂၀၂၄ ခုနှစ် ထွက်ခွာခွင့်အတွက် သဘောတူညီမှု ပါဝင်ထားတယ်

မန်စီးတီးအသင်းဟာ ဟာလန်းကို ခေါ်ယူနိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့ပေမယ့် စာချုပ်မှာတော့ တိုက်စစ်သမားက ထွက်ခွာလိုရင် ခွင့်ပြုပေးဖို့ဆိုတဲ့ အရေးပါတဲ့ အချက်တစ်ခုကို သဘောတူညီထားကြောင်း ဒေးလီးမေလ်းက ဖော်ပြပါတယ်။ နော်ဝေသားဟာ ဒေါ့မွန်နဲ့ နှစ်နှစ်ကျော် ကာလအပြီး ပေါင် ၅၁ သန်းတန် စာချုပ်နဲ့ နွေရာသီမှာ အီသီဟဒ်ကို ရောက်လာတော့မှာပါ။ တိုက်စစ်ကစားသမားဟာ ၂၀၂၀ မှာ ဘွန်ဒက်စ်လီဂါကလပ်
Read More

မန်စီးတီး ငွေသုံးလို့ အောင်မြင်တာပါ၊ အထင်မကြီးဘူးဆိုတဲ့ သဘောထားတွေကို တုန့်ပြန်လိုက်တဲ့ ဂွာဒီယိုလာ

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ မန်ချက်စတာ စီးတီးက ငွေသုံးလို့ အောင်မြင်တာပါ၊ အထင်မကြီးဘူးဆိုတဲ့ သဘောထားတွေကို ချက်ကျလက်ကျပဲ တုန့်ပြန် ပြောဆိုခဲ့ပါတယ်။ ဂွာဒီယိုလာက ” မန်စီးတီးက ငွေသုံးလို့ အောင်မြင်မှုရတာပါ။ အထင်ကြီးစရာ မရှိပါဘူး .. ဆိုပြီး ကျွန်တော်တို့နဲ့ ပတ်သက်လာရင် လူတွေက ဒီလိုပြောကြတယ်။ ဘယ်တတ်နိုင်မလဲဗျာ။ သူတို့
Read More

ဆရာကြီး အထာနဲ့ ဝေဖန်ပြနေတဲ့ အရှုံးသမား အီဗရာကို မင်းတို့တုန်းက ဘာတုန့်ပြန်နိုင်ခဲ့လဲ ဂွာဒီယိုလာ မေးခွန်းထုတ်

မန်စီးတီးအသင်း ချန်ပီယံလိဂ်မှာ မအောင်မြင်တာဟာ ဂွာဒီယိုလာရဲ့ အသင်းမှာ ကိုယ်ရည်ကိုယ်သွေးတွေ မရှိတာကြောင့်လို့ ဝေဖန်ခဲ့တဲ့ အီဗရာဟာ စီးတီးနည်းပြထံက တုန့်ပြန်မှု ရခဲ့ပြီဖြစ်ပါတယ်။ မန်စီးတီးဟာ ဥရောပရဲ့ ထိပ်တန်းအဆင့်ကို တက်ရောက်လာခဲ့ပေမယ့် ပြည်တွင်းမှာပဲ အောင်မြင်ပြီး ချန်ပီယံလိဂ်လို ဥရောပအဆင့် ပြိင်ပွဲမှာတော့ အခုချိန်ထိ ဘာအောင်မြင်မှုမှ မရှိခြင်းဟာ သမိုင်းမရှိဘဲ ငွေကြေးပဲရှိတဲ့ ကလပ်တွေရဲ့ အခြေအနေပဲဖြစ်ကြောင်း
Read More

ဝက်ဟမ်းနဲ့ မန်စီးတီး ပွဲစဉ်အတွက် ဝါရင့် သုံးသပ်သူ လော်ရိုးရဲ့ ပွဲကြို ရလဒ်ခန့်မှန်းချက်

ဒီသီတင်းပတ်မှာ ချယ်ဆီးနဲ့ လီဗာပူးတို့က အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားကြမှာ ဖြစ်တာကြောင့် ပွဲစဉ် ၃၇ ကို မန်စီးတီးက အရင်ဆုံး ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲကို ဂိုးပြတ်နိုင်ရင် မန်စီးတီးက ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ပါပြီ။ နိုင်တယ်ဆိုရင်တောင် ချန်ပီယံဖြစ်ဖို့ သေချာနေပြီဖြစ်တဲ့ ပွဲစဉ်အတွက် ဘီဘီစီမှ ဘောလုံးခန့်မှန်းသူဖြစ်တဲ့ ဂုရုကြီး
Read More

အပြောင်းအရွှေ့မှာ မန်စီးတီးက ပေါင် သန်း ၁၀၀ ဈေးသက်သာခဲ့ခြင်းကို မီဂါရစ်ချက် ချီးကျူး

ဟာလန်းကို မန်စီးတီး ခေါ်ယူလိုက်တာနဲ့ ပတ်သက်ပြီး မီကာရစ်ချတ်ဟာ သူ့ရဲ့ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ဖြစ်နေသလို စီးတီးအနေနဲ့ ကလပ်ရဲ့ အပြောင်းအရွှေ့ လုပ်ငန်းစဉ်တွေကို ဘယ်လို ကောင်းကောင်းလုပ်နေလဲ ဆိုတာ ဟာလန်းက သက်သေပဲလို့ ပြောဆိုခဲ့ပါတယ်။ ဝုဗ်ကို ၅-၁ နဲ့ အနိုင်ရခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ၃ မှတ်အသာနဲ့ ပြန်လည် ဦးဆောင်ခဲ့တဲ့
Read More