Category: Sports

ချန်ပီယံလိဂ်မှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူနိုင်မယ့် တစ်သင်းတည်းသော အသင်းကို အန်ဆယ်လော့တီ ထုတ်ပြော

အန်ဆယ်လော့တီက ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူနိုင်တဲ့ အသင်း တစ်သင်းရှိမယ်ဆိုရင် အဆိုပါ အသင်းကတော့ လက်ရှိချန်ပီယံ မန်စီးတီးဖြစ်ကြောင်း ဖွင့်ဟလာပါတယ်။ ချန်ပီယံလိဂ်ဖလားအား ၁၄ ကြိမ်တိုင်တိုင် စံချိန်တင်ဆွတ်ခူးထားတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဂွါဒီယိုလာရဲ့ မန်စီးတီးကို ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရပါတယ်။ မန်စီတီးကတော့ ကလပ်သမိုင်းတွင် ပထမဆုံးချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
Read More

အမှတ်ပေး ဇယားထိပ်နဲ့ အမှတ်တွေ ကွာနေပေမယ့် ပရိသတ်တွေ စိုးရိမ်ဖို့ မလိုပါကြောင်း ရှင်းပြမှု

လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းဟာ ၄ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်နေမှုအား လူတန်တောင်း အသင်းကို အနိုင်ယူခြင်းနဲ့အတူ ရပ်တန့်နိုင်ခဲ့ပါပြီ။ စီးတီးဟာ နောက်ဆုံး ၄ပွဲဆက် ချဲလ်ဆီး ၊ လီဗာပူး ၊ တော့တင်ဟမ် ၊ အက်စတွန် ဗီလာတို့နဲ့ ပွဲကြပ် ဆင်နွှဲခဲ့ရကာ ၊ ရှေ့၃ပွဲကို သရေကျပြီး
Read More

မန်စီးတီး အပယ်ခံ ကစားသမားကို ဇန်နဝါရီမှာ ခေါ်ယူဖို့ ပရီးမီးယားလိဂ် ကလပ် ၂ သင်း စုံစမ်းလာ

မန်ချက်စတာ မြို့ခံပြိုင်ဘက် မန်ယူအသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်အတွင်း စီးတီးမှာ နေရာရဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ကယ်ဗင် ဖီးလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာနေပါတယ်။ အသက် ၂၈နှစ် အရွယ် ကယ်ဗင် ဖီးလစ်က လိဒ်ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ပြီးနောက် ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။
Read More

အနိုင်ယူနိုင်စွမ်း ကင်းမဲ့နေတဲ့ မန်စီးတီး အသင်းသားတွေ အသိပြန်ဝင်လာအောင် ဂွာဒီယိုလာ ပြောဆိုခဲ့တဲ့ စကား

မကြာသေးမီက ၄ ပွဲဆက်နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့ စီးတီးဟာ လူတန်တောင်းကို နောက်ကနေ ပြန်လိုက်ကစားကာ နိုင်ပွဲပြန်လည်ရှာတွေ့ခဲ့ပြီး လီဗာပူးနဲ့ ၄ မှတ်အကွာကို ပြန်ရောက်လာခဲ့ပါတယ်။ တန်းတက်အသင်းကို ရင်ဆိုင်ရာမှာ မန်စီးတီးဟာ ပထမပိုင်းအတွင်း ဘောလုံးကိုင်ကာ အသာစီးကနေ ကစားနိုင်ခဲ့ပေမယ့် ဂိုးပေါက်ခြိမ်းခြောက်မှုတွေကိုတော့ များများစားစားပြုလုပ်နိုင်ခဲ့ခြင်းမရှိပါဘူး။ မန်စီတီးရဲ့ကစားပုံဟာ ပထမပိုင်းမှာ စိတ်ပျက်စရာကောင်းနေခဲ့ပြီး လူတန်တောင်းရဲ့ ဦးဆောင်ဂိုးကိုပါ ခွင့်ပြုခဲ့ရပါတယ်။
Read More

နည်းပြဂွာဒီယိုလာကို အာတီတာတုန်းကလို အရေးယူလေလို့ အာဆင်နယ်ပရိသတ်တွေ တောင်းဆို

လူတန်တောင်း နိုင်ပွဲမှာ ဂွာဒီယိုလာက စတုတ္ထဒိုင်နဲ့ စကားများနေခဲ့တာကြောင့် ဒိုင်တွေကို စောဒကတက်နေတဲ့ စီးတီးနည်းပြကိုလည်း အရေးယူသင့်တယ်လို့ အာဆင်နယ်ပရိသတ်တွေက တောင်းဆိုနေကြပါတယ်။ ဂွာဒီယိုလာဟာ ဒီတလောမှာ ဒိုင်တွေနဲ့ စကားများမှု ပြန်ဖြစ်လာနေပြီး စပါးပွဲမှာ ဂရီလစ်ချ်ကို ဘောလုံးဆက်ကစားခွင့် ပိတ်ပင်ခဲ့ရာက ဒေါသပေါက်ကွဲခဲ့တာပါ။ အဲ့တုန်းက ဒိုင်တွေအပေါ် ထင်မြင်ချက်ပေးဖို့ တောင်းဆိုခံရချိန်မှာ ဂွာဒီယိုလာက “ ကျွန်တော်
Read More

လူတန်တောင်းပွဲမှာ ဒဏ်ရာကြောင့် မပါနိုင်တဲ့ ဟာလန်း ဘောလုံးပြန်ကစားနိုင်မယ့် အချိန်

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဟာလန်း ဘယ်အချိန်မှာ ပြန်ကစားနိုင်မယ်ဆိုတာကို မသိသေးပေမယ့် ကလပ်ကမ္ဘာ့ဖလားပွဲအမီ ကြံ့ခိုင်မှု ပြည့်ဝလာရန် မျှော်လင့်ရကြောင်း ပြောကြားလာပါတယ်။ ဟာလန်းဟာ ပြီးခဲ့တဲ့ ကြားရက်မှာ ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ပွဲမှာ အဆိုပါ ဒဏ်ရာကို ရရှိခဲ့ဟန်ရှိပြီး သူမပါဝင်နိုင်တဲ့ လူတန်တောင်းပွဲမှာ မန်စီးတီးအသင်းက အနိုင်ရရှိဖို့ ရုန်းကန်လိုက်ရပါတယ်။ ပထမပိုင်းမှာ ပြိုင်ဘက်ရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုလိုက်ရတာကြောင့်
Read More

မင်းတို့ဟာက မျှမျှတတလေးတော့ လုပ်ကြဟလို့ သတင်းစာရှင်းလင်းပွဲမှာ ဂွာဒီယိုလာ သတိပေး

မန်ချက်စတာ စီးတီး နည်းပြ ပက် ဂွာဒီယိုလာကတော့ စီးတီးကိုကျ နှစ်တိုင်း ပရီးမီးယားလိဂ် ဖလား ရရမယ် ဖိအားတွေ ပေးနေပြီး ပြိုင်ဘက်တွေကိုတော့ ဒုတိယရလည်း ဖြည့်တွေးပေးနေခြင်းကို လျော့ကျပါဦးလို့ သတိပေးစကား ပြောဆိုလာပါတယ်။ စီးတီးဟာ ပြီးခဲ့တဲ့နှစ်ကလည်း ချန်ပီယံ ဖြစ်ခဲ့ပေမယ့် အမှတ်ပေးဖလားကို အာဆင်နယ် အသင်းထံ လက်လွှတ်ရလု နီးပါး ဖြစ်ခဲ့တာပါ။
Read More

ရလဒ်တွေ အနည်းငယ် ကျဆင်းနေတဲ့ မန်စီးတီးအသင်း ပြိုလဲတော့ မယောင်ယောင် ဝေဖန်နေကြမှုတွေအား တုန့်ပြန်

လူတန်တောင်းကို နောက်ကနေ လိုက်ကစားပြီး ၂-၁ ဖြင့် အနိုင်ရကာ ပရီးမီးယားလိဂ် ၅ ပွဲအတွင်း ပထမဆုံး နိုင်ပွဲ ပြန်ယူပြနိုင်ခြင်းကို ဂရီလစ်ချ်က ကျေနပ်နေပါတယ်။ မန်စီးတီးဟာ စပါး၊ လီဗာပူး၊ ချယ်ဆီး၊ ဗီလာတို့လို အသင်းကောင်းတွေကို ဆက်တိုက် ရင်ဆိုင်ခဲ့ရကာ ရနိုင်တဲ့ ၁၂ မှတ်မှာ ၃ မှတ်ပဲ စုဆောင်းနိုင်ခဲ့တာပါ။
Read More

အသည်းအသန် ပွဲတစ်ပွဲ ကစားခဲ့ရပေမယ့် ၃ မိနစ်၂ ဂိုးနဲ့အတူ ဖလားပြေးလမ်းထဲ ပြန်ဝင်လာတဲ့ မန်စီးတီး

မန်စီးတီးဟာ အဝေးကွင်းမှာ လူတန်တောင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားပြီး မြန်ဆန်တဲ့ ဒုတိယပိုင်း သွင်းဂိုးတွေကြောင့်ပဲ ၂-၁ ရလဒ်ဖြင့် နိုင်ပွဲတစ်ပွဲကို ပြန်ပြီး ဖော်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လူတန်တောင်းအသင်းဟာ အိမ်ကွင်းပုံစံကောင်းသလို စီးတီးကို ရင်ဆိုင်ရာမှာလည်း ခြေစွမ်းကောင်းတွေ ဆက်လက်ပြသခဲ့ပြီး ပထမပိုင်းပြီးခါနီးမှ အဒီဘာယိုရဲ့ ဂိုးနဲ့အတူ ဦးဆောင်နိုင်ခဲ့ပါတယ်။ လူတန်က တန်းတက်အသင်းဆိုပေမယ့် အသင်းကြီးတွေကို ခံကစားနိုင်သလို
Read More

ရာသီဝက် မရောက်ခင် လက်လျော့ချင်နေကြသူတွေကို မနှစ်က အခြေအနေနဲ့ နှိုင်းယှဉ်ပြသွားတဲ့ ဂွာဒီယိုလာ

မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာက ဇယားထိပ်က အသင်းတွေနဲ့ အမှတ်ကွာဟချက် စတင် ပေါ်ထွက်လာနေပေမယ့် မစိုးရိမ်ကြဖို့ တိုက်တွန်းလာပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေဖြစ်တဲ့ ချယ်ဆီး၊ လီဗာပူး၊ စပါးနဲ့ ဗီလာတို့ကို ဆက်တိုက် ရင်ဆိုင်ရာမှာ ၃ မှတ်ပဲ ရခဲ့တာပါ။ သို့ပေမယ့် ပွဲကြပ် ကာလတွေ ကျော်လာခဲ့ပြီမို့ မကြာခင်မှာ ရလဒ်တွေ
Read More