Latest

ယူနိုက်တက်အတွက် ကူညီပေးခဲ့သလို ဖြစ်လို့ Secret Agent လို့ တင်စားခံနေရတဲ့ အီဗန်

ယူနိုက်တက်အသင်း ပရိသတ်တွေဟာ လက်စတာကို ဝ-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲအလှည့်အပြောင်းဖြစ်စေခဲ့တဲ့ ပင်နယ်တီရရှိမှုအတွက် ပြစ်ဒဏ် ကျူးလွန်ခဲ့တဲ့ လက်စတာနောက်ခံလူ ဂျွန်နီအီဗန်ကို လျှို့ဝှက်အေးဂျင့် အဖြစ် ချီးကျူးဂုဏ်ပြုသွားပါတယ်။ ယူနိုက်တက်ဟာ လက်စတာကို ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် တတိယနေရာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားခဲ့ပြီး ဒုတိယပိုင်းမှာ ယူနိုက်တက်နောက်ခံလူဟောင်း အီဗန်က တိုက်စစ်မှူးမာရှယ်ကို ကြမ်းတမ်းစွာ ကစားခဲ့လို့ ယူနိုက်တက်အသင်း ပင်နယ်တီရရှိခဲ့ပါတယ်။ ဒါဟာ
Read More

ချယ်ဆီးနည်းပြ လမ်းပတ်က ယူနိုက်တက်မှ ဆိုးရှားထက် ပိုသာခဲ့တယ်လို့ သရဲနီဟောင်း ၀န်ခံ

ဖရန့် လမ်းပတ်ရဲ့ ချယ်ဆီးနည်းပြဘဝပထမဆုံးရာသီဟာ ဆိုးရှားရဲ့ ယူနိုက်တက်နည်းပြထက် ပိုမိုကောင်းမွန်ခဲ့တယ်လို့ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက ၀န်ခံ ပြောဆိုလိုက်ပါတယ်။ ဆိုးရှားနဲ့ လမ်းပတ်တို့ဟာ နောက်ဆုံးပွဲစဉ်မှာ ပြိုင်ဘက်တွေကို ကိုယ်စီအနိုင်ရရှိခဲ့ပြီးနောက် အဆင့် ၃၊ ၄ တွေရခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ရွိုင်ကိန်းက လမ်းပတ်ရဲ့ ပွဲဦးထွက်ရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ခြင်းမရှိခဲ့ဘဲ အသင်းရဲ့
Read More

ပွဲကစားခွင့် မရတဲ့ ယူနိုက်တက်မှာ ဆက်ရှိဖို့ အနာဂတ်ကို ပြန်စဉ်းစားနေတဲ့ ဂိုးသမား ရိုမဲရိုး

မန်ချက်စတာ ယူနိုက်တက်ရဲ့ အရန် ဂိုးသမား ရိုမဲရိုးဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက အိုးထရက်ဖိုဒ့်ကို ရောက်လာတဲ့ အသက် ၃၃ နှစ် အရွယ်ကစားသမားဟာ ဒီဂီယာရဲ့ နောက်မှာသာ ပွဲကစားခွင့်ရထားလို့ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၅၉ ပွဲ ပဲ ကစားထားရတာဖြစ်ပါတယ်။ အာဂျင်တီးနား
Read More

ပေါင် ၇၅ သန်း လောက် ဆုံးရှုံးရမယ့် အရေး ရှောင်လွှဲဖို့ နောက်ဆုံးပွဲ ယူနိုက်တက် အားကုန်ရုန်းရဖို့ ရှိ

ယူနိုက်တက်အသင်းအနေနဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ လက်စတာနဲ့ပွဲမှာ ရလဒ်မကောင်းခဲ့ဘဲ လာမယ့်ရာသီချန်ပီယံလိဂ် ကစားခွင့်နဲ့ လွဲချော်ခဲ့မယ်ဆိုရင် ပေါင်သန်း ၇၀ လောက် နစ်နာဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ လက်ကျန် ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ယူနိုက်တက်၊ ချဲလ်ဆီးနဲ့ လက်စတာတို့ အကြိတ်အနယ်ဖြစ်နေပြီး ချန်ပီယံလိဂ်ကစားခွင့် ဆုံးရှုံးတဲ့အသင်းကို ပေါင်သန်း ၅၀ နစ်နာမှာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ဟာ ဒီရာသီနောက်ဆုံးပွဲစဉ်တွေမှာ
Read More

ဆန်ချို မဟုတ်ဘဲ ယူနိုက်တက် ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ ဘွန်ဒစ်လီဂါ တောင်ပံတိုက်စစ်သမား

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂျာမန်ထိပ်တန်းကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ကင်းစလေကိုးလ်မန်းကို စိတ်ဝင်စားနေပြီး ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်ကြယ်ပွင့်လေး ဂျေဒန်ဆန်ချိုဟာ သရဲနီတို့ရဲ့ အဓိကပစ်မှတ်အဖြစ် ရှိနေဆဲဖြစ်ပေမဲ့ အင်္ဂလန်သားလေးတစ်ယောက်တည်းကိုပဲ ခေါ်ယူမယ်လို့ ကန့်သတ်မထားဘဲ ကိုးလ်မန်းလို ပစ်မှတ်တွေကိုပါ ထည့်သွင်းစဉ်းစားနေတာ ဖြစ်ပါတယ်။ ဆန်ချိုအတွက် ဒေါ့ထ်မန်အသင်းနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ရာမှာ လွယ်ကူမယ့်
Read More

ယူနိုက်တက်မှာဆို ပေါ့ဘာကိုပဲ ၀ိုင်း ဝေဖန်နေကြတဲ့ အပေါ် သတိပေးခဲ့တဲ့ အီဗရာ

ယူနိုက်တက်နောက်ခံလူဟောင်း အီဗရာက ဗုဒ္ဓဟူးနေ့ညက ၀က်စ်ဟမ်း အသင်းနဲ့ ယူနိုက်တက် (၁-၁) သရေကျခဲ့တဲ့ပွဲတုန်းက ရပ်ရှ်ဖိုဒ့်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဝေဖန်သွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ (၂) မှတ် ဆုံးရှုံးခဲ့သော်လည်း တနင်္ဂနွေနေ့ကစားမယ့် ပရီးမီးယားလိဂ် နောက်ဆုံးပွဲမတိုင်မီ အဆင့် (၃) နေရာမှာ ရပ်တည်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ ပေါ့ဘာရဲ့ အံ့အားသင့်စရာ
Read More

ယူနိုက်တက်နဲ့ ချယ်ဆီးတို့ မျက်စိကျနေတဲ့ အော့ဘလက်ကို စာချုပ်ပါအတိုင်း လျော်ကြေးရရင် တီကို ရောင်းဖို့ ပြင်

အက်သလက်တီကိုဟာ အသင်းရဲ့အဓိကဂိုးသမားဖြစ်တဲ့ အော့ဘလက် ကို စာချုပ်ပါလျော်ကြေး ပေါင်း ၁၀၉ သန်းနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် လက်ခံဖို့ရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် ဂိုးသမားနေရာအတွက် အခက်အခဲရှိနေတဲ့ ချယ်ဆီး နဲ့ ယူနိုက်တက်အသင်းတို့ အပြိုင်ခေါ်ရဖွယ်ရှိနေပါတယ်။ ချယ်ဆီးက ကီပါရဲ့နေရာ၊ ယူနိုက်တက်က ဒီဂီယာတို့ရဲ့နေရာမှာ အစားထိုးဖို့ ဒီနှစ်နွေရာသီမှာ ဂိုးသမားရှာဖွေနေကြတာဖြစ်ပြီး နှစ်သင်းစလုံးက အော့ဘလက်ခ်ကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံးဂိုးသမား
Read More

အိုးထရက်ဖို့ဒ်မှာ ၀က်စ်ဟမ်းကို သရေကျတဲ့ပွဲက ယူနိုက်တက် သတိပြုစရာ ၅ ချက်

ယူနိုက်တက်ဟာ ညက အိုးထရက်ဖို့ဒ်မှာ ၀က်စ်ဟမ်းကို ဧည့်ခံ ကစားခဲ့ရာ နိုင်ပွဲ မယူနိုင်ခဲ့ဘဲ တစ်ဂိုး စီ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ ဒီပွဲမှာ ပရိသတ်တွေ သတိမထားမိနိုင်တဲ့ စိတ်ဝင်စားစရာ အချက် ၅ ချက် အကြောင်း ဒေးလီးစတားက အခုလို ဖော်ပြခဲ့ပါတယ်။ ၁။ ပွဲကြည့်စင်ပေါ်က ဖာဂူဆန် ပရီးမီးယားလိဂ် ပွဲတွေမှာ
Read More

ယူနိုက်တက်မှာ ဒီဂီယာ လိုအပ်နေတာကို မျှမျှတတ သုံးသပ်သွားတဲ့ ဘာဘာတော့ဗ်

ယူနိုက်တက် တိုက်စစ်မှူးဟောင်းကြီး ဒီမီတာဘာဘာတော့ဗ်ကတော့ မန်ယူနိုက်တက်အသင်းအနေနဲ့ ဂိုးသမား ဒေးဗစ် ဒီဂီယာ ရဲ့ ပြိုင်ဘက်အဖြစ် လာမဲ့ရာသီမှာ လူငယ်ဂိုးသမားလေး ဒင်းဟန်ဒါဆန်ကို ထားရှိထားသင့်ကြောင်း သုံးသပ်လာခဲ့ပါတယ်။ ဒီဂီယာ ဟာ မန်ယူနိုက်တက်အသင်းရဲ့ နံပါတ် ၁ ဂိုးသမားနေရာကို ပြီးခဲ့တဲ့ ၉နှစ်လုံးလုံး သိမ်းပိုက်ထားနိုင်ခဲ့သူဖြစ်ပြီး ဒီရာသီမှာတော့ တစ်ဦးချင်း အမှားတွေနဲ့အတူ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
Read More

ဦးခေါင်းဒဏ်ရာ ရပြီး ဆေးရုံရောက်ခဲ့တဲ့ အဲရစ်ဘိုင်လီ ရဲ့ အခြေအနေ

မန်ချက်စတာယူနိုက်တက် နောက်ခံလူ အဲရစ်ဘိုင်လီတစ်ယောက် လန်ဒန်ဆေးရုံမှာ တစ်ရက်တာ တက်ရောက်ခဲ့ပြီးနောက် ဆေးရုံက ပြန်ဆင်းခွင့်ရခဲ့ပြီလို့ သိရပါတယ်။ တနင်္ဂနွေနေ့က ချဲလ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ ဦးခေါင်းဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပေခဲ့ နောက်တစ်နေ့မှာတော့ သက်သာသွားပြီဖြစ်လို့ မန်ချက်စတာကို ပြန်ခွင့် ရခဲ့ပါတယ်။ အိုင်ဗရီကို့စ် လက်ရွေးစင်ဟာ ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်
Read More