Latest

စပါးကို နိုင်ခဲ့ပေမယ့် အိမ်ကွင်း ပရိသတ်တွေနဲ့ စီးတီးအသင်းသားတွေ အပေါ် စိတ်ပျက်ကြောင်း ပက် ထုတ်ပြောလာ

မနေ့ညက စပါးကို အိမ်ကွင်းမှာ ၄-၂ ဖြင့် အနိုင်ရတဲ့ ပွဲအပြီးမှာ မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာက သူ့ ကစားသမားတွေကိုကော ပရိသတ်တွေကိုပါ သတိပေးစကား ပြောကြားသွားပါတယ်။ မန်စီးတီးဟာ အဲဗာရက်စ်၊ ဟာလန်း၊ မာရက်ဇ်တို့ရဲ့ သွင်းဂိုးတွေဖြင့် အနိုင်ရခဲ့ပေမယ့် အားလုံးက ပေါ့ပျက်ပျက် နိုင်လွန်းခဲ့တာကြောင့် ဂွာဒီယိုလာကတော့ ဘယ်သူ့ကိုမှ အထင်မကြီးနိုင်
Read More

ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အမှတ်ပြည့်ယူနိုင်ခဲ့တဲ့ မန်စီးတီး ၄-၂ စပါး အံ့ဖွယ် Comeback နိုင်ပွဲမှ ပြောစရာ အချက် ၅ ချက်

မနေ့ညက ကစားခဲ့တဲ့ မန်စီးတီး-စပါး ပွဲစဉ်မှာတော့ စပါးအသင်းဟာ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပေမယ့် မန်စီးတီး အသင်းရဲ့ ဒုတိယပိုင်း ချေပဂိုးတွေကြောင့် နောက်ဆုံးမှာ မန်စီးတီးအသင်းကသာ ၄-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ နှစ်သင်းစလုံး ဖိအားအောက် ရောက်ရှိနေတာကြောင့် အနိုင်ရရှိဖို့ အသေအချာပြင်ဆင်လာခဲ့ကြပြီး ပထမပိုင်းမှာ တည်းက အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပေမယ့် စပါးက
Read More

စပါးနဲ့ ပွဲမတိုင်ခင် လေ့ကျင့်ရေးမှာ လူမစုံသေးတဲ့ မန်ချက်စတာ စီးတီးအသင်း အခြေအနေ

ကြားရက် ကြာသပတေးညမှာ ယှဉ်ပြိုင်ရမယ့် တော့တင်ဟမ် စပါးအသင်းနဲ့ ပွဲ မတိုင်ခင် မန်စီးတီးရဲ့ ပွဲကြို အသင်းလိုက် လေ့ကျင့်ရေးမှာ လူစုံတတ်စုံ မပါဝင်နိုင်ခဲ့ပါဘူး။ မန်ချက်စတာ ဒါဘီမှာ ယူနိုက်တက်ကို ၂-၁ ဖြင့် အရေးနိမ့်ခဲ့တာကြောင့် ထိပ်ဆုံးက အာဆင်နယ်နဲ့ ၈ မှတ်ပြတ် သွားတဲ့ မန်စီးတီးဟာ ဒီအပတ်မှာလည်း ပွဲကောင်းအဖြစ် စပါးကို
Read More

ဟာလန်း ဒီတလောမှာ ဘာလို့ ဂိုးပေါက်ပျောက် ခြေစွမ်းကျသွားရသလဲ ဖာဒီနန် သုံးသပ် ထောက်ပြ

ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲမှာ တိုက်စစ်မှူး အာလင်းဟာလန်းတစ်ယောက် ပုံမှန်ခြေစွမ်းပျောက်ပြီး ဂိုးသွင်းအား ကျသွားတာဟာ ကစားသမားရဲ့ စွမ်းဆောင်ရည် ညံ့နေလို့ မဟုတ်ဘဲ မန်စီးတီးရဲ့ ပံ့ပိုးပေးနိုင်မှု အားနည်းခဲ့တာ ကြောင့် ဖြစ်ခဲ့ရတာလို့ မန်ယူနောက်ခံလူဟောင်း ရီယိုဖာဒီနန်က ဆိုလိုက်ပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ ဒီရာသီမှာ မန်ချက်စတာစီးတီး အတွက် ပြိုင်ပွဲစုံ ၂၇ ဂိုး သွင်းပေးထားပြီး ဖန်တီးမှု
Read More

ဟာလန်း ကို ဘယ်လို ဖြစ်စေချင်ကြောင်း မနေသာဘဲ ထုတ်ပြောလာရပြီ ဖြစ်တဲ့ ပက် ဂွါဒီယိုလာ

မန်စီးတီး နည်းပြ ပက်ဂွါဒီယိုလာက တိုက်စစ်မှူးဟာလန်းအနေနဲ့ အသင်းရဲ့ ကစားကွက်မှာ ပိုမို ပါဝင်ပတ်သက် လာစေဖို့ လိုလားေဦကာငျး ထုတ်ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့စနေနေ့၊ မန်ချက်စတာဒါဘီရှုံးပွဲမှာ နော်ဝေလက်ရွေးစင် တိုက်စစ်မှူးက ဘောလုံးထိချက် ၁၉ ကြိမ်နဲ့ အတူ ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးအနည်းငယ်သာ ရရှိခဲ့ပါတယ်။ မန်စီးတီးရဲ့ ရာသီအစပွဲစဉ် ၂၁ ပွဲမှာ ၂၇ ဂိုးအထိ
Read More

အာဆင်နယ် ၈ မှတ် ဖြတ်ထားလည်း မန်စီးတီး ဖလားပဲ လို့ အခိုင်အမာ ပြောဆိုနေတဲ့ ဂယ်ရီနဗီးလ်

အာဆင်နယ်အသင်းက လက်ရှိမှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်အထိ ဖြတ်ပြီး ဦးဆောင်ထားပေမယ့်လည်း ထိပ်ဆုံး ၂ နေရာအပြင်ဘက်မှာပဲ ရာသီပြီးဆုံးလိမ့်မယ်လို့ သရဲနီဟောင်း ဂယ်ရီ နဗီးက အခိုင်အမာ သုံးသပ်ခဲ့ပါတယ်။ မနေ့ညက ကစားသွားတဲ့ မြောက်လန်ဒန် ဒါဘီပွဲမှာ အာဆင်နယ်က စပါးကို ၂-ဝနဲ့ အနိုင်ရခဲ့ပြီးနောက် စီးတီးကို အမှတ် ပိုဖြတ်နိုင်သွားတာပါ။ ဒါပေမယ့်လည်း
Read More

လူကျွံ မကျွံ မသိဘူး၊ သူ့ဂိုးကတော့ ပေးရမှာ ဇွတ်ပြောနေတဲ့ မန်ယူ ကွင်းလယ် ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီးတို့ အိုးထရက်ဖို့ဒ်မှာ ထိပ်တိုက်တေ့ွခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲကတော့ အကြိတ်အနယ် ရှိခဲ့ပြီး အိမ်ရှင် ယူနိုက်တက်က ၂-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ မန်စီးတီးဟာ မိနစ် ၆ဝမှာ သွင်းတဲ့ ဂရေးလစ်ချ် ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး ၁၀ မိနစ်နီးပါး အလိုမှာတော့ ၄ မိနစ် အတွင်းမှာပဲ
Read More

အိုးထရက်ဖို့ဒ်မှာ လူကျွံဂိုးနဲ့ စိတ်အားတက်သွားတဲ့ အိမ်ရှင် မန်ယူအသင်းကို မန်စီးတီး အရှုံးပေးခဲ့ရ

ယနေ့ည ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က ၂-၁ နဲ့ အနိုင် ရရှိ သွားခဲ့ပါတယ်။ ဧည့်သည် မန်ချက်စတာစီးတီးအသင်းက ဒီပွဲမှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဝေါ်လ်ကာ၊ အာကန်ဂျီ၊ အာကေနဲ့ ဂျာအို ကန်ဆယ်လိုတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗားနဲ့
Read More

မန်ချက်စတာ ဒါဘီပွဲမှာ ဘယ်အသင်း အနိုင်ရသွားမလဲ ခန့်မှန်းလိုက်တဲ့ အီဗရာ

ဒီကနေ့မှာတော့ မန်ချက်စတာ ဒါဘီပွဲစဉ် အဖြစ် မန်ယူနိုက်တက်နဲ့ မန်စီးတီးတို့ဟာ အိုးထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ကစားကြမှာပါ။ ယူနိုက်တက်ဟာ ဒီရာသီ အိမ်ကွင်း မာကျောမှုကို ပြသနေပြီး ရာသီစက ဘရိုက်တန်ကို အရေးနိမ့်တဲ့ပွဲအပြီး လုံးဝ ရှုံးပွဲ မရှိသေးပါဘူး။ မန်စီးတီးကလည်း ခြေစွမ်းကောင်းပေမယ့် အခြားသော ဘောလုံးရာသီတွေတုန်းကလို မဟုတ်ဘဲ ဒီပွဲမှာ အင်အားတောင့်တင်းတဲ့ ယူနိုက်တက်ကို ယှဉ်ပြိုင်ရမှာ
Read More

ပို ပိုပြီး ကောင်းလာတဲ့ မန်ယူကို မန်စီးတီး မနိုင်ဘူး ဆိုတဲ့ ပေါမာဆန်ရဲ့ ဟောကိန်းထုတ်မှု

ဒီအပတ် မန်ချက်စတာ ယူနိုက်တက် နဲ့ မန်စီးတီး တို့ ပရီးမီးယားလိဂ်မှာ ထိပ်တိုက်တွေ့တဲ့ မန်ချက်စတာ ဒါဘီပွဲ အတွက် ဂန်းနားဟောင်းကြီး ပေါမာဆန် က အခုလို သုံးသပ်ခန့်မှန်းထားပါတယ်။ ” ဒီပွဲကတော့ ပွဲကောင်းပါ။ မန်ချက်စတာ စီးတီးက ပွဲကြပ်နေတယ်။ သူတို့ စနေနေ့မှာ ကစားဖို့ သောကြာနေ့မှာ လေ့ကျင့်ရဦးမှာပါ။ ယူနိုက်တက်ကလည်း
Read More