Latest

မန်စီးတီး V ဖူလ်ဟမ်တို့ရဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းချက်

ဒီအပတ်မှာတော့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အက်ဖ်အေဖလားပြိုင်ပွဲ စတုတ္ထအဆင့် ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားကြမှာပါ။ အဆိုပါ ပွဲစဉ်တွေထဲက မန်စီးတီးနဲ့ ဖူလ်ဟမ်တို့ ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်အတွက် ဘောလုံးပွဲ ခန့်မှန်းသူ လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းကို ဖော်ပြသွားမှာဖြစ်ပါတယ်။ Man City v Fulham ပရီးမီးယားလိဂ် ထိပ်ဆုံးအသင်းနဲ့ ချန်ပီယံရှစ်က ထိပ်ဆုံးအသင်းတို့ ပြိုင်ဆိုင်မှုပါ။
Read More

အလာဗက်ဇ်ကို ခေါ်ယူထားပေမယ့် တိုက်စစ်အတွက် ဟာလန်းကို ထပ်ခေါ်ဦးမယ့် မန်စီးတီး

မန်စီးတီးအသင်းဟာ ဒီနွေမှာ ဒေါ့မွန်အသင်းမှ တိုက်စစ်သမား ဟာလန်းကို ခေါ်ယူဖို့ ရည်ရွယ်ကြီးကြီးမားမား ထားရှိလာပြီဖြစ်ကြောင်း The Athletic က ဖော်ပြလာပါတယ်။ ရာသီကုန်မှာတော့ ဟာလန်းကို ပေါင် ၆၈ သန်းဖြင့် ခေါ်ယူနိုင်ခွင့် ပါဝင်တဲ့ စာချုပ်ပါ သဘောတူညီမှု စတင် အသက်ဝင်မှာဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ ဥရောပကလပ် များစွာက သဘောကျနေပြီး
Read More

အာဆင်နယ်ကနေ ရင်နာနာနဲ့ ထွက်ခဲ့ရပါပြီလို့ ဝမ်းနည်းစွာ နှုတ်ဆက်သွားတဲ့ အူဘာမီယန်း

ဇန်နဝါရီ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာပဲ အာဆင်နယ်အသင်းနဲ့ စာချုပ် ဖျက်သိမ်းကာ အသင်းကနေ ထွက်ခွာခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်းကတော့ သူ့အပေါ် ပြုမူခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ အပြုအမူကြောင့် နာကျင်မိတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး နှုတ်ဆက် စကား ဆိုခဲ့ပါတယ်။ သူ့အနေနဲ့ အာဆင်နယ်အသင်းအတွက် ရာနှုန်းပြည့် ပေးဆပ်ခဲ့ပေမယ့် ခုတော့ အရာအားလုံး ပြီးသွားခဲ့ပြီဖြစ်တယ်လို့ ဂါဘွန်သားက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
Read More

စတာလင် သက်တမ်း မတိုးရင် နွေအတွက် အစီအစဉ် တွေးထားပြီ ဖြစ်တဲ့ မန်စီးတီး

မန်စီးတီးအသင်းဟာ တိုက်စစ်သမား စတာလင်နဲ့ သက်တမ်းတိုး စာချုပ်သစ်အဆင်မပြေခဲ့ဘူးဆိုရင် နွေရာသီမှာ အင်္ဂလန်သား အတွက် ကမ်းလှမ်းမှုတွေကို နားစွင့်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အသက် ၂၇ နှစ် အရွယ် တိုက်စစ်သမား ဟာ လက်ရှိစာချုပ်သက်တမ်းကုန်ဆုံးဖို့ ၁၈ လသာ ကျန်တော့တာဖြစ်ကာ စီးတီး အတွင်းလူတွေရဲ့အဆိုအရ စာချုပ်သစ်အတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။ မန်စီးတီးကတော့ စတာလင်ကိုအသင်းမှာ
Read More

ဈေးကွက် ပိတ်ခါနီးမှ တိုက်စစ်မှုး သစ် ရဖို့ ကသောင်းကနင်း ရှာနေရတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ ပိတ်ခါနီး ရက်ပိုင်းအလိုမှာပဲ တိုက်စစ်မှုးသစ် တစ်ဦး အမှီ ခေါ်ယူချင်တာကြောင့် အသည်းအသန် လှုပ်ရှားနေရပြီ ဖြစ်ပါတယ်။ လက်ရှိမှာ နာပိုလီ တိုက်စစ်မှုး ဗစ်တာ အိုဆီမန်နဲ့ အက်စတွန်ဗီလာမှ အိုလီ ဝက်ကင်းစ်တို့ကို အာဆင်နယ်က ချိတ်ဆက်နေပါတယ်။ အာဆင်နယ် နည်းပြ မီခေးလ် အာတီတာက တိုက်စစ်မှုးသစ် လိုချင်တာကြောင့်
Read More

ဒီည အာဆင်နယ်နဲ့ ဘန်လေ တို့ ပွဲစဉ် အတွက် မိုက်ကယ်အိုဝင်၊ လော်ရိုးနဲ့ ပေါမာဆန် တို့ သုံးသပ်ချက်များ

အာဆင်နယ် အသင်းဟာ ဒီည ပရီးမီးယားလိဂ်မှာ ဘန်လေ အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်းမှာ ဧည့်ခံ ကစားရတော့မှာပါ။ ဒီနှစ်သင်းဟာ ဇန်နဝါရီ ၂၃ ရက်၊ တနင်္ဂနွေနေ့ ည ၈း၃ဝ နာရီ၊ အမ်းမရိတ်ကွင်းမှာ ဖြစ်ပါတယ်။ အာဆင်နယ်နဲ့ ဘန်လေအသင်း တို့ ပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်၊
Read More

သူ့လက်ထက် အာဆင်နယ် အနီကတ် ၁၄ ကတ် ထိ ရထားတာအတွက် ဆင်ခြေမရှိဘူး ဆိုတဲ့ အာတီတာ

အာဆင်နယ် ကွင်းလယ်လူ သောမတ်စ်ပါတေးဟာ လီဗာပူးကို ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ၂ဝါ၊ ၁နီနဲ့ ထုတ်ပယ် ခံခဲ့ရပြန်ရာ နည်းပြ အာတီတာက အသင်းရဲ့ စည်းကမ်းပိုင်းဆိုင်ရာ ဆိုးရွားနေမှုကို ပို မီးမောင်းထိုးပြရာ ရောက်ခဲ့ပါတယ်။ ပါတေးဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ဂါနာအသင်းအတွက် ပါဝင်ကစားပေးအပြီး ၄၈ နာရီအကြာမှာပဲ လီဗာပူးနဲ့ပွဲအတွက် အရန်စာရင်းမှာ ပါဝင်လာပြီး
Read More

ဒီည အာဆင်နယ်နဲ့ လီဗာပူးတို့ရဲ့ ကာရာဘောင်း ဆီမီးဖိုင်နယ် ပွဲစဉ်အတွက် မိုက်ကယ်အိုဝင် ဟောကိန်း

ဒီနေ့ညမှာတော့ အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့ရဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပွဲစဉ်ကို ဒုတိယ အကျော့ အဖြစ် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အန်းဖီးမှာ ကန်ခဲ့တဲ့ ပထမအကျော့ ပွဲစဉ်ကတော့ ဂိုးမရှိ သရေနဲ့ ပြီးဆုံးထားခဲ့တာပါ။ နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က ဒီပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်း
Read More

အာဆင်နယ်နဲ့ ပွဲထက် ချဲလ်ဆီးကို နိုင်တဲ့ပွဲက ပိုမြိန်တယ် ပြောလာတဲ့ ပက် ဂွာဒီယိုလာ

မန်စီးတီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးအသင်းကို အိမ်ကွင်းအီတီဟတ်မှာ ဧည့်ခံ ကစားရာ တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား ပထမနေရာကို လွတ်လွတ်ကျွတ်ကျွတ် ဆက်လက် ထိန်းထားနိုင်ခဲ့ပါတယ်။ မန်စီးတီး နည်းပြပက်ကတော့ ချဲလ်ဆီးကိုနိုင်ပြီး ရခဲ့တဲ့ အမှတ် သုံးမှတ်က အာဆင်နယ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲထက် ပိုချိုမြိန်တယ် လို့ ပြောကြားလိုက်ပါတယ်။ နှစ်သစ်အဖွင့်ပွဲစဉ်အဖြစ်
Read More

အာဆင်နယ် အံ့အားသင့်ဖွယ် ပစ်မှတ်ထားလာတဲ့ ချဲလ်ဆီး တိုက်စစ်မှုးဟောင်း ကော်စတာ

အာဆင်နယ်အသင်းဟာ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဒီယေဂိုကော်စတာကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် ချိတ်ဆက်လာတယ် လို့ သိရပါတယ်။ Goal သတင်းဌာနရဲ့အဆိုအရ အာဆင်နယ်ဟာ အသက် ၃၃ နှစ် အရွယ် တိုက်စစ်မှုး ကို လိုချင်နေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး အက်သလက်တီကိုမင်နဲရိုးအသင်းနဲ့ စာချုပ်ဖျက်သိမ်းဖို့ နီးစပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ် အသင်းဘက်က
Read More