Latest

လာမယ့်ရာသီမှာ မာရှယ် ဘယ်နှဂိုးသွင်းနိုင်မလဲ ခန့်မှန်းလိုက်တဲ့ ယူနိုက်တက် အသင်းဖော်

လာမယ့်ရာသီမှာ တိုက်စစ်မှူး အန်တိုနီ မာရှယ်တစ်ယောက် ယူနိုက်တက်အတွက် ဘယ်နှဂိုးလောက် သွင်းမလဲ ဆိုတာ အသင်းဖော် အန်ဒရက်စ် ပါရဲရားက ခန့်မှန်းသွားခဲ့ပါတယ်။ ပါရဲရားက မာရှယ် ၄၅ ဂိုး သွင်းမယ်လို့ ဟောကိန်း ထုတ်ခဲ့တာပါ။ ပြင်သစ်သားဟာ ယမန်နှစ်ရာသီက ၂၃ဂိုး သွင်းခဲ့ပြီး ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်တို့နဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ မာရှယ် သွင်းယူခဲ့တဲ့
Read More

အဖြူ အမည်း သေချာ သဲကွဲတော့မယ့် ဆန်ချိုနဲ့ ယူနိုက်တက် အပြောင်းအရွှေ့

ယူနိုက်တက်ကတော့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ဦးစားပေးပစ်မှတ်ဖြစ်တဲ့ ဆန်ချိုကို ခေါ်ယူဖို့အတွက် ပြန်လည် လုပ်ဆောင်နေပြီး နှစ်ရက်အတွင်းမှာ ဆန်ချိုအနေနဲ့ ယူနိုက်တက်ကို ရောက်၊ မရောက်ဆိုတာကို သိရတော့မှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ဆန်ချိုဟာ ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုတွေ ရရှိထားပေမယ့် ကလပ်အသင်းနှစ်သင်းကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းမှု အဆင်မပြေတာကြောင့် အပြောင်းအရွှေ့ မဖြစ်သေးတာ ဖြစ်ပါတယ်။ ဒေါ့မွန်က ဆန်ချိုရဲ့
Read More

နောက်ထပ် ပွဲကစားချိန် မိနစ် နှစ်ဆယ်၊ ပေါင် တစ်သန်း၊ ဂျိမ်းစ်နဲ့ ယူနိုက်တက် တို့ အခြေအနေ

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ဆွမ်ဆီးကနေ ယူနိုက်တက်ကို ပေါင် ၁၅ သန်းအပြင် အပိုဆုကြေးပေးဆောင်ရမယ့် သဘောတူညီချက်တွေနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဒန်နီရယ်ဂျိမ်းအနေနဲ့ အသင်းအတွက် နောက်ထပ်မိနစ် ၂၀ ထက်ပိုပြီး ကစားမယ်ဆိုရင် စာချုပ်ပါအချက်အလက်တွေအရ ယူနိုက်တက်အနေနဲ့ ဆွမ်ဆီးအသင်းကို ဒန်နီရယ်ဂျိမ်းအတွက် နောက် ထပ် ပေါင် ၁သန်းပေးရတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒန်နီရယ်ဂျိမ်းကို ခေါ်ယူခဲ့တုန်းက ချုပ်ဆိုခဲ့တဲ့စာချုပ်မှာ ယူနိုက်တက်အသင်းအတွက်
Read More

ချယ်ဆီး ငွေဘယ်လောက် သုံးသုံး ယူနိုက်တက်ကို မကျော်နိုင်လို့ ကာရေဂါ သုံးသပ်

လီဗာပူး ခံစစ်မှူးဟောင်းကြီး ဂျေမီကာရေဂါကတော့ ယခုနွေရာသီမှာ ချယ်ဆီးအသင်း ကြီးမားတဲ့ငွေကြေးပမာဏသုံးစွဲပြီး ကစားသမားသစ်တွေခေါ်ယူထားပေမယ့်လည်း ယခုရာသီမှာ မန်ချက်စတာ ယူနိုက်တက်အသင်းက ချယ်ဆီးအသင်းရဲ့အထက်မှာပဲ ရာသီပြီးဆုံးလိမ့်မယ်လို့ ယုံကြည်နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရာသီပြီးဆုံးခဲ့တဲ့ ချယ်ဆီးအသင်းဟာ မန်ချက်စတာယူနိုက်တက်နဲ့ ဂိုးကွာခြားချက်အရ တစ်ဆင့်နိမ့်ကျခဲ့တာဖြစ်ပြီး ယခုနွေရာသီမှာ ပေါင်သန်း ၂၀၀ ကျော်သုံးစွဲပြီး
Read More

ရာသီသစ် ယူနိုက်တက် လူစာရင်းမှာ ပါဝင်ခွင့်ရအောင် နှစ်ဆတိုး ကြိုးစားနေတဲ့ အသင်းသား

ယူနိုက်တက် aနာက်ခံလူ မားကို့စ်ရိုဂျိုကတော့ လာမယ့် ရာသီသစ် ယူနိုက်လူစာရင်းမှာ ပါဝင်နိုင်ဖို့ နှစ်ဆတိုးကာ ကြိုးစားနေပြီး ထရိန်နင်မှာ နေ့တိုင်း လေ့ကျင့်ခန်း ၂ ကြိမ်ဆက်တိုက်ဆင်းနေတယ်လို့ သိရပါတယ်။ ရိုဂျိုဟာ ပြီးခဲ့တဲ့ရာသီတွေတုန်းက စွမ်းဆောင်ရည်ကောင်း တစ်ချို့ ပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ခြေစွမ်း ပျောက်ဆုံးခဲ့တာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက အာဂျင်တီးနား ကလပ် အက်စ်တူဒီရန်တီ
Read More

ဈေးကွက် မပိတ်ခင် နောက်ထပ် ကစားသမား ၃ဦး လောက် ခေါ်ယူဖို့ မန်ယူနိုက်တက် လှုပ်ရှားနေ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဟာ အပြောင်းအရွှေ့ ဈေးကွက် မပိတ်သိမ်းခင် ကစားသမားအသစ် (၃) ယောက်လောက် ခေါ်ယူချင်နေပြီး ဆက်လက် လှုပ်ရှားနေ တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ယူနိုက်တက်အသင်းဟာ ကာလရှည်စိတ်ဝင်စားနေတဲ့ ဒေါ့မွန်ကြယ်ပွင့် ဂျာဒွန် ဆန်ချိုကို အဓိက ပစ်မှတ်ထားနေဆဲ ဖြစ်ပါတယ်။ မန်ချက်စတာ အခြေစိုက် သတင်းဌာန ဖော်ပြချက်အရ အသင်းဟာ
Read More

ဆန်ချိုနဲ့ ပတ်သတ်ပြီး ဝေ့နေတဲ့ ၀ုဒ်ဝက်ကို တည့်တောင်းဆိုမှု လုပ်ထားတဲ့ ဆိုးလ်ရှား

ယူနိုက်တက် နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားဟာ လက်ရှိ နွေရာသီမှာ အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူပေးဖို့ အသင်းရဲ့ ဒုတိယ ဥက္ကဌ အက်ဝုဒ်ဝက်အား တည့်တိုး သေချာ တောင်းဆိုထားတယ် လို့ သိထားရပါတယ်။ မန်ယူနိုက်တက်
Read More

ဒီဘရိုင်းလို စွမ်းဆောင်ရည်မျိုး မျှော်လင့်လို့ ရနိုင်မယ့် ယူနိုက်တက် ကစားသမား

ဗန်ဒါဘိခ်ဟာ နေရာစုံမှာ ကစားနိုင်ပေမယ့် ယူနိုက်တက် မန်နေဂျာဆိုးရှားက ကွင်းလယ်လူကို ဧရိယာထဲ တိုးဝင်ကစားစေတဲ့ တိုက်စစ်အားသန်အဖြစ် အသုံးပြုမယ်လို့ ယူဆမှုတွေ များပြားလာခဲ့ပြီဖြစ်ပါတယ်။ ပေါ့ဘာ၊ ဖာနန်ဒက်စ်တို့ ရှိနေတဲ့ ယူနိုက်တက်ကွင်းလယ်ဟာ ဗန်ဒါဘိခ် ရောက်လာတာကြောင့် တိုက်စစ် ပံပိုးမှုတွေကို ပိုမို ပြုလုပ်နိုင်မယ်လို့လည်း သုံးသပ်ခံလာရတယ်။ နောက်ခံလူဟောင်း ဖာဒီနန်က ယူနိုက်တက်ကို ရောက်လာတဲ့ ဗန်ဒါဘိခ်
Read More

ဂရင်းဝုဒ်ရဲ့ အဆုံးသတ်ကောင်းမှုကို ချီးကျူးလိုက်တဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်း

အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းက လက်ရွေးစင် အသင်းဖော် ဂရင်းဝုဒ်ရဲ့ အဆုံးသတ်ပိုင်း စွမ်းရည်တွေကို ချီးကျူးပြောဆိုမှု လုပ်သွားပါတယ်။ မနှစ်ကရာသီမှာ ယူနိုက်တက်အတွက် တောက်ပတဲ့ ခြေစွမ်းတွေ ပြသနိုင်ခဲ့တဲ့ လူငယ်လေးဟာ စီနီယာအဆင့်အတွက် ခေါ်ယူခြင်း ခံခဲ့ရတယ်။ သူဟာ ပွဲထွက် ကစားသမား တစ်နေရာအတွက် ကိန်း၊ ဆန်ချို၊ စတာလင်၊ အင့်လို ကစားသမားတွေနဲ့ ယှဉ်ပြိုင်ရမယ့်သူ
Read More

ဗန်ဒယ်ဘိခ်ကို ခေါ်ယူလိုက်ခြင်းက အခြားသော ကွင်းလယ်လူ တစ်ဦးရဲ့ အနာဂတ်ကို ထိခိုက်စေမလား

ဗန်ဒယ်ဘိခ်ကို ခေါ်ယူလိုက်ခြင်းက အခြားသော ကွင်းလယ်လူ တစ်ဦးရဲ့ အနာဂတ်ကို ထိခိုက်စေမလား? ဒါက မေးခွန်းတစ်ခုပါ။ ယူနိုက်တက်က ဗန်ဒယ်ဘိခ်ကို ခေါ်ယူလိုက်ခြင်းက ပြင်သစ်သား ကွင်းလယ်လူ ပေါ့ဘာကို ရောင်းထုတ်ဖို့နဲ့ သက်ဆိုင်ခြင်း မရှိပါဘူးလို့ မန်ချက်စတာ ယူနိုက်တက် လက်ထောက်နည်းပြဟောင်း မူလန်စတင်းက ပြောဆိုပါတယ်။ ယူနိုက်တက်ဟာ နယ်သာလန် လက်ရွေးစင်ကို ပေါင် ၄၀
Read More